အာရပ်စော်ဘွားများပြည်ထောင်စုရှိကမ္ဘာ့ပထမဆုံးနေစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာသုံးမည့် မက်စ်ဒါမြို့ သစ်ကြီး - Property News in Myanmar from iMyanmarHouse.com
1011 Views

အာရပ်စော်ဘွားများပြည်ထောင်စုရှိကမ္ဘာ့ပထမဆုံးနေစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာသုံးမည့် မက်စ်ဒါမြို့ သစ်ကြီး

လူပန်းအိမ် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် နေစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာသုံးမည့် မက်စ်ဒါဟုအမည်ပေးထားသည့် မြို့ သစ်ကြီးတစ်ခုတည်ဆောက်လျက်ရှိသည်။

မက်စ်ဒါမြို့ သစ်ကြီးတည်ထောင်ရန် ၂၀၀၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး အကျယ်အ၀န်း ၆ စတုရန်းကီလိုမီတာ ( ၂ ဒသမ ၃ စတုရန်းမိုင်) မြေနေရာပေါ်တွင် တည်ဆောက်လျက်ရှိကာစုစုပေါင်းကုန်ကျစရိတ် ကန်ဒေါ်လာ ၁၈ ဘီလီယံမှ ၂၂ ဘီလီယံအကြားကုန်ကျဖွယ်ရာရှိကြောင်းခန့်မှန်းထားသည်။
စတင်တည်ဆောက်စဉ်ကယင်းစီမံကိန်းကြီးမှာ ၈ နှစ်ကြာအချိန်ယူဆောက်လုပ်ရဖွယ်ရှိကြောင်းခန့်မှန်း
ထားပြီးပထမအဆင့်ကို ၂၀၀၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟုခန့်မှန်းခဲ့ကြသည်။

မက်စ်ဒါမြို့ တော်ဆောက်လုပ်ရေးလုပ်ငန်းများစတင်သည်မှာ ၂၀၀၈ ခုနှစ်တွင်ဖြစ်သည်။
၂၀၀၉ တွင်ပထမဆင့်ပြီးစီးမည်ဟုမျှော်မှန်းခဲ့သော်လည်း ၂၀၁၀ အောက်တိုဘာတွင်မက်စ်ဒါမြို့ သစ်ကြီးအတွက် အဆောက်အအုံခြောက်လုံးသာဆောက်လုပ်ပြီးစီးခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပထမဆင့် စတုရန်းမီတာတစ်သန်း (စတုရန်းမိုင် ၀ ဒသမ ၃၉ )ကို ၂၀၁၅ တွင် အပြီးသတ်နိုင်ရန် ပြောင်းလဲသတ်မှတ်ခဲ့ပြီးစီမံကိန်းတစ်ခုလုံးအပြီးသတ်ကာလကို ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အထိနောက်ဆုတ်လိုက်ရသည်။

သို့တိုင်အောင် ၂၀၁၆ ခုနှစ်ရောက်သည့်တိုင်အောင် ဆောက်လုပ်ပြီးစီးမှုမှာစတုရန်းမီတာ ၃ သိန်းမျှ ( ၀ ဒသမ ၁၂ စတုရန်းမိုင်) ပင်မရှိသေးခြင်းကြောင့် စီမံကိန်းတစ်ခုလုံးအပြီးသတ်ကာလကို ၂၀၃၀ ခုနှစ်အထိထပ်မံနောက်ဆုတ်လိုက်ရပြန်သည်။

အဆိုပါမြို့ သစ်ကြီးတွင် ကာဗွန်ထုတ်လွှတ်မှုကိုသုညအဆင့်အထိလျှော့ချနိုင်ရန် ရည်ရွယ်ကာနေစွမ်းအင်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကိုသာအသုံးပြုရန်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ (ကျောက်မီးသွေး၊ ရေနံထွက်ကုန်)တို့ကိုအသုံးမပြုရန် ရည်ရွယ်ထားသည်။

ယင်းမြို့ ကြီးပြီးစီးပါကလူပေါင်း ၄၅၀၀၀ မှ ၅၀၀၀၀ အကြားနေထိုင်နိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် ထုတ်ကုန်များကိုအဆိုပါမြို့ ကြီးတွင် ထုတ်လုပ်သွားမည်ဟုဆိုသည်။

မြို့ ကြီးအတွင်းသွားလာလှုပ်ရှားနေမည့် အလုပ်သမားပေါင်း ၆၀၀၀၀ ကျော်ရှိဖွယ်ရာရှိကြောင်းခန့်မှန်းထားသည်။
၂၀၁၆ ယခုအချိန်အထိမူမက်စ်ဒါမြို့ သစ်ကြီးတွင် လုပ်ကိုင်နေသည့် အလုပ်သမားပေါင်း ၂၀၀၀ အောက်သာရှိသေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service