လာမည့်နှစ်တွင် မွန်ဘိုင်းအိမ်ခြံမြေဈေးနှုန်း ၂ ဆတက်မည်ဟုခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
1082 Views

လာမည့်နှစ်တွင် မွန်ဘိုင်းအိမ်ခြံမြေဈေးနှုန်း ၂ ဆတက်မည်ဟုခန့်မှန်း

လာမည့် ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းရှိ နာမည်ကျော်ဘောလိဝုဒ်ရုပ်ရှင်လောကအခြေစိုက်ရာမွန်ဘိုင်း (ဘုံဘေ) မြို့ တွင် အိမ်ခြံမြေဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်လာဖွယ်ရာရှိရာအဓိကအားဖြင့် မွန်ဘိုင်းမြို့ အရှေ့ ပိုင်းရှိအိမ်ခြံမြေဈေးကွက်တွင်ဖြစ်ကြောင်းအိန္ဒိယအိမ်ခြံမြေဈေးကွက်သုတေသီတို့ကခန့်မှန်းသည်ဟုဒူဘိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မွန်ဘိုင်းအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းမှာလုံခြုံကောင်းမွန်စိတ်ချရဆဲဖြစ်ပြီးလက်ရှိပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာစတုရန်း ၁ ပေလျှင် ရူပီး ၃၀၀၀ ဖြစ်ပြီးဈေးတက်နေမည့်လားရာရှိသည်ဟုဆိုသည်။

မွန်ဘိုင်းရှိနာဗီနှင့် ပန်ဗယ်အရပ်တို့တွင် ပေါ်ပေါက်နေသည့်အခြေအနေနှင့် လားရာများကိုအခြေခံတွက်ဆမည်ဆိုပါကလာမည့် ၂၀၁၇ ခုနှစ်တွင် စတုရန်းတစ်ပေလျှင် ရူပီး ၆၀၀၀ ခန့်အထိ ပျှမ်းမျှပေါက်ဈေးဖြစ်လာဖွယ်ရှိသည်။

ထို့အပြင် ၂၀၂၀ ခုနှစ်တွင် စတုရန်းတစ်ပေ ရူပီး ၈၀၀၀၊ ၂၀၂၅ တွင် စတုရန်းတစ်ပေ ရူပီး ၁၅၀၀၀ နှင့် ၂၀၃၀ ခုနှစ်တွင် စတုရန်းတစ်ပေ ရူပီး ၃၀၀၀၀ ခန့်အထိ မြင့်တက်လာဖွယ်ရှိပြီးရာခိုင်နှုန်း ၉၀၀ ခန့် မယုံကြည်နိုင်စရာဈေးနှုန်းမြင့်တက်မှုများပေါ်ပေါက်လာမည်ဟုသုံးသပ်သည်။

နောင်တွင် ဒေလီ-မွန်ဘိုင်းစက်မှုစင်္ကြံကိုတည်ဆောက်တော့မည်ဖြစ်သည်။
အဆိုပါစီမံကိန်းတွင် ပညာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံများ၊ ရထားလမ်းဆက်သွယ်ရေးများကို မြို့ ကြီးနှစ်မြို့ ထိကပ်သည်အထိအကောင်အထည်ဖော်မည်ဖြစ်ရာမွန်ဘိုင်းသည် ယခုထက်အဆပေါင်းများစွာဖွံ့ဖြိုးလာဦးမည်ဖြစ်သဖြင့် အိမ်ခြံမြေဈေးနှုန်းများမှာလည်းများစွာမြင့်တက်လာမည်သာ ဖြစ်သည်။

အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိပြီး နှစ်စဉ်နေအိမ်သစ်ပေါင်း ၅ သန်းကျော် လိုအပ်လျက်ရှိသော နိုင်ငံဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လာမည့်နှစ်တွင် မွန်ဘိုင်းအိမ်ခြံမြေဈေးနှုန်း ၂ ဆတက်မည်ဟုခန့်မှန်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service