ခိုင်မာမှုရှိတဲ့အိမ်ခြံမြေအပေါ် စတော့ခ်ဈေးကွက်က ထိခိုက်မှုမရှိနိုင် - Property News in Myanmar from iMyanmarHouse.com
1396 Views

ခိုင်မာမှုရှိတဲ့အိမ်ခြံမြေအပေါ် စတော့ခ်ဈေးကွက်က ထိခိုက်မှုမရှိနိုင်

စတော့ခ်ရှယ်ယာဈေးကွက်ကို သက်ရောက်မှုနည်းနိုင်ပြီး လိမ်လည်မှုတွေကြုံတွေ့ရနိုင်တဲ့ဈေးကွက်ဖြစ်လို့ ဈေးကွက်ထဲဝင်မယ့်သူတွေအနေနဲ့ သတိထားသင့်တယ်လို့ သိရပါတယ်။

အကျိုးဆောင်အများစုကတော့ စတောခ်ဈေးကွက်ကြောင့်အိမ်ခြံမြေကို ထိခိုက်မှုမရှိနိုင်ဘူး ၊ အိမ်ခြံမြေဈေးကွက်က ခိုင်မာမှုရှိပြီးအန္တရာယ်နည်းတာကြောင့်လို့ ပြောပါတယ်။

ငွေကို အရင်းအနှီးပြုပြီး အကျိုးအမြတ်လိုချင်တဲ့သူတွေကတော့ အကျိုးအမြတ်ရနိုင်တဲ့ ဈေးကွက်တွေနဲ့ချိတ်ဆက်ပြီး လုပ်နေကြတာပါ ။ မြန်မာနိုင်ငံရဲ့အခြေအနေအရ ကားဈေးကွက် ၊ အိမ်ခြံမြေ ၊ ရွှေ ၊ ဒေါ်လာစတဲ့ဈေးကွက်တွေမှာ ကောင်းရင်ကောင်းတဲ့ဈေးကွက်ကို ပြောင်းပြီးငွေကြေးကို ကစားတတ်ကြတဲ့သဘောရှိတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘စတော့ခ်ဈေးကွက်က အခုမှစတင်မှာဆိုတော့ သူ့ရဲ့ဈေးကွက်အခြေအနေက ဘယ်လိုရှိမယ် ၊ ခိုင်မာမှု ၊ ဒါတွေကို လေ့လာရမယ့် အဆင့်မှာပဲ ရှိနေပါသေးတယ် ၊ အိမ်ခြံမြေကတော့ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာခဲ့တဲ့ စီးပွားရေးတစ်ခုဖြစ်နေတယ် ၊ အရှုံးပေါ်တယ်ဆိုတာမျိုး မရှိသလောက်အမြတ်ရနေတဲ့ ဈေးကွက်ပါ’ လို့ နှိုင်းယှဉ်ပြီး ပြောပြပါတယ်။

စတော့ခ်ဈေးကွက်ထဲဝင်မယ်ဆို စတော့ခ်မားကက်ဖွင့်သူတွေရဲ့ အရည်အချင်း ၊ ရှယ်ယာတွေလိမ်လုပ်ချင်သူတွေ ဈေးကွက်ထဲဝင်လာမယ့် အန္တရာယ် ၊ ဒါတွေကို သိထားရမှာပါ။

စီးပွားရေးနဲ့ ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘စတော့ခ်ရဲ့ အန္တရယ်ကို အမြဲပြောဖူးပါတယ်လိမ်လည်မှုတွေနဲ့ ဝင်လာမှာကို မတားဆီးနိုင်ဘူးဆိုရင် ရှယ်ယာဝင်ကစားတဲ့သူတွေကို ဥပဒေအရ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကို သတိပြုရမှာပါ ၊ ပြည့်စုံတယ်ဆိုတဲ့ အမေရိကန်တို့လိုမှာတောင် စတော့ခ်ဈေးကွက်ရဲ့လိမ်လည်မှုတွေ ၊ တရုတ်မှာလဲ စီးပွားရေးအကျပ်အတည်းတွေရင်ဆိုင်နေရတာ ၊ မြန်မာမှာပိုပြီး သတိထားရမှာပါ’လို့ ပြောပါတယ်။

တချို့က ရင်းနှီးမြှုပ်နှံမှုစီးပွားရေးဈေးကွက် အသစ်တွေ့ရှိလာရင် အိမ်ခြံမြေကိုပဲပြုံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လျော့သွားနိုင်တယ်လို့ ထင်မြင်ကြတာပါ။ စတော့ခ်ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကွက်ကျနိုင်မယ်လို့ ပြောကြတာလည်းရှိပါတယ်။ စီးပွားရေးကျွမ်းကျင်သူအများစုကတော့ စတော့ခ်ဈေးကွက်ထဲကို လုပ်ငန်းပေါင်းစုံဝင်ရောက်လာပြီး ရွှေပါဝင်လာရင်တော့ စတော့ခ်ဈေးကွက်က ကောင်းလာနိုင်မှာပါလို့ သိရပါတယ်။

ွှCredit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service