ရှမ်းပြည်နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေဧက ခြောက်သောင်းကျော် ပြန်လည်စွန့်လွှတ်ပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
1007 Views

ရှမ်းပြည်နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေဧက ခြောက်သောင်းကျော် ပြန်လည်စွန့်လွှတ်ပြီးဟုဆို

ရှမ်းပြည်နယ်အတွင်း တပ်သိမ်းမြေများ အပါအ၀င် သိမ်းဆည်းခံ လယ်ယာမြေဧက စုစုပေါင်း ခြောက်သောင်းကျော် ပြန်လည်စွန့်လွှတ်
ပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီက စုံစမ်းစစ် ဆေးခဲ့သည့် မြေယာအမှုတွဲပေါင်း ၂,၃၃၃ မှုတွင် ၂,၁၉၉ မှုကို သက်ဆိုင်ရာအမှုတွဲအလိုက်
စိစစ်ဖြေ ရှင်းဆောင်ရွက်ပေးထားပြီး ဖြေရှင်းရန် ၁၃၄ မှုသာ ကျန်ရှိသည်ဟု ရှမ်းပြည်နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဦးက မတ်လ ၁၆ ရက်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

‘‘စွန့်လွှတ်ရန် ကျန်တဲ့မြေ တွေနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့် ဆင့်နဲ့ မြေအသုံးချမှုကော်မတီ
အဆင့်ဆင့်ကနေ လုပ်ထုံးလုပ်နည်း မူဝါဒနဲ့အညီ ဆက်လက်ဆောင် ရွက်ပေးနေပါတယ်’’ဟု ဦးသိန်း ဦးက ပြောသည်။

တိုင်ကြားစာတွင် မပါရှိဘဲ သီးခြားစွန့်လွှတ်မည့် မြေဧရိယာ များ၌ ကာကွယ်ရေးဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၌ သီးခြားပြန်လည်စွန့်လွှတ်မည့် မြေဧရိယာ လေးသောင်းကျော်လည်းအဆိုပါ ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာစာရင်း၌ ပါဝင်သည်ဟု ဦးသိန်းဦးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြေယာပြဿနာ အမှုတွဲများ တိုင်ကြားခဲ့သည့် အမှု ၁၂၃ မှုတွင် စွန့်လွှတ်ပြီး မြေ ၁၈,၆၅၃ ဒသမ ၄ ဧကရှိပြီး တိုင်ကြားစာ၌ မပါရှိဘဲ သီးခြား ပြန်လည်စွန့်လွှတ်မည့် မြေအမှု ၁၂၁ မှုတွင် စွန့်လွှတ်မြေယာ ၄၅,၁၃၄ ဒသမ ၉၅ ဧကရှိကာ စုစုပေါင်း ခြောက်သောင်း လေးထောင့်တစ်ရာကျော် ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီက သတင်း ထုတ်ပြန်သည်။

သက်ဆိုင်ရာဌာနများအနေ ဖြင့် သိမ်းဆည်းပြီး ပြန်လည်စွန့် လွှတ်မည့်မြေများကို သက်ဆိုင် ရာ တောင်သူများထံ ပြန်လည် ရောက်ရှိရန် အမြန်ဆုံး ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဦးသိန်းဦးက ပြောသည်။

မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီသို့ တိုင်ကြားထားသည့် အဆိုပါ အမှုတွဲများတွင် အသုံးပြု ရန် လိုအပ်ချက်အရ ပြန်လည် မစွန့်လွှတ်သည့် အမှုတွဲပေါင်း ၆၉၁ မှု၊ တိုင်ကြားမှု ၉၂၈ မှုဖြင့် အများဆုံးဖြစ်ပြီး လျော်ကြေးပေး အမှု၊ သိမ်းဆည်းထားပြီး အသုံး မပြုသဖြင့် ပြန်လည်စွန့်လွှတ် သည့်အမှု၊ တရားစီရင်ရေးအရ ဖြေရှင်းရန် အမှု၊ မှားယွင်းတိုင် ကြားမှုတို့ ပါရှိသည်။

ရှမ်းပြည်နယ် တစ်ဝန်းလုံး တွင် သိမ်းဆည်းခံလယ်ယာမြေ ဧကစုစုပေါင်း နှစ်သိန်းခွဲကျော်ရှိ ပြီး တပ်သိမ်းမြေ၊ စီမံကိန်းသိမ်း မြေ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်း
သိမ်းမြေ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ သိမ်းမြေများဖြစ် သည်ဟု ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တောင်သူ လယ်သမားရေးရာကော်မတီ အ ဖွဲ့ဝင် ဦးဝင်းနိုင်စိုးက ပြောကြား သည်။

ရှမ်းပြည်နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီကို ၂၀၁၃ စက်တင်ဘာ ၁၆ ရက်တွင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၌ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန၊
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာအချို့တို့ ပါဝင်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service