ဟောင်အင်းဂရီလာစီမံကိန်း အပိုင်း (၂)ကို လာမည့်နှစ် အပြီးတည်ဆောက်နိုင်ရန် ခန့်မှန်းထား - Property News in Myanmar from iMyanmarHouse.com
1673 Views

ဟောင်အင်းဂရီလာစီမံကိန်း အပိုင်း (၂)ကို လာမည့်နှစ် အပြီးတည်ဆောက်နိုင်ရန် ခန့်မှန်းထား

ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ဗီယက်နမ်နိုင်ငံ၏ ရာနှုန်း ပြည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ် သော ဟောင်အင်းဂရီလာစင်တာ ၏ အပိုင်း (၂)ကို ယခုလအတွင်း စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

စီမံကိန်း အပိုင်း(၁)ပြီးစီးပြီ ဖြစ်၍ ယခုလ ၁၉ ရက်တွင် စီမံကိန်း အပိုင်း(၂)ကို စတင်မိတ်ဆက်ခဲ့သည်။

အပိုင်း(၁) သည် ၂၀၁၅ တွင် ပြီးစီးခဲ့ပြီး အပိုင်း (၂)သည် ၂၀၁၇ တွင် ပြီးစီးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

တည်ဆောက်မှု၏ ဒုတိယ အပိုင်းတွင် A အဆင့်ရှိ ရုံးခန်းအ ဖြစ်အသုံးပြုနိုင်မည့် တာဝါအဆောက်အအုံ နှစ်ခုနှင့် လူနေအိမ် အဆောက်အအုံငါးလုံးပါရှိမည် ဖြစ်ပြီး ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ နှင့် လူနေအိမ်ခန်းပေါင်း ၉၀၀ ကျော် ပါဝင်မည်ဟု ဆိုသည်။

ဟောင်အင်းဂရီလာ စီမံ ကိန်းသည် ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ယခင်စက်မှု(၁) ၀န်ကြီး ဌာနပိုင်မြေနေရာတွင် ကန်ဒေါ် လာ သန်း ၄၄၀ ရင်းနှီးမြှုပ်နှံထား သည့် အဆင့်မြင့်လူနေတိုက်ခန်း များ၊ ဈေးဝယ်စင်တာ၊ ဟိုတယ် နှင့် ရုံးခန်းများပါဝင်သည့်စီမံကိန်း ဖြစ်သည်။

စီမံကိန်းအကောင်အထည် ဖော်နေသည့် မြေနေရာကို စက်မှု ၀န်ကြီး ဌာနထံမှ ယင်းကုမ္ပဏီက ၂၀၁၂ တွင် လွှဲပြောင်းရယူခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၁၃ ၌ စတင်နိုင်ခဲ့သည်။

လုပ်ငန်းကာလကို ခြောက်နှစ်မှ ခုနစ် နှစ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး သတ်မှတ်ချိန်ထက်စော၍ ပြီးစီးနိုင်သည်ဟု ဆိုသည်။

အပိုင်း(၁)မှ စတင်ရောင်းချ နေသည့် လူနေတိုက်ခန်းများမှာ ကျပ်သိန်း ၃,၀၀၀ မှ သိန်း၆,၀၀၀ အတွင်းရှိပြီး အထပ်မြင့်လေ ဈေး နှုန်း
အနည်းငယ်မြင့်တက်လေဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ဟောင်အင်းဂရီ လာ မြန်မာစင်တာ၏ ပထမအ ပိုင်း၌ဟိုတယ်မီလီယာနှင့် ဈေးဝယ်စင်တာအဖြစ် မြန်မာပလာဇာတို့ စတင်ဖွင့်လှစ်နေပြီ ဖြစ် သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service