ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1511 Views

ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည်

ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ချက်စ်နောရစ်၏ နေအိမ်ရောင်းချမည်ဖြစ်ကြောင်း thechive.com တွင် ဖော်ပြသည်။
ချက်စ်နောရစ်သည် အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်တွင် မွေးဖွားသူတစ်ဦးဖြစ်ပြီး ငယ်စဉ်က အလွန်ရှက်တတ်သူ တစ်ဦး ဖြစ်သည်။

အမေရိကန်လေတပ်သို့ ၁၉၅၈ ခုနှစ်တွင် ၀င်ရောက်ခဲ့ပြီး တောင်ကိုရီးယားရှိ အိုဆန်လေတပ်အခြေစိုက်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ ရသည်။

တောင်ကိုရီးယားတွင် စစ်မှုထမ်းဘ၀ဖြင့်ရှိနေစဉ်အတွင်း တန်ဆုဒိုကိုယ်ခံပညာရပ်ကို စတင်လေ့ကျင့်ခဲ့ပြီး ခါးပတ်နက်အဆင့်အထိ ရရှိလာခဲ့သည်။
အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိသောအခါတွင် ချုံကွတ်ဒိုအမည်ရှိ ကိုယ်ခံပညာသင်တန်းဖွင့်လှစ်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင်The Wrecking Crew ဇာတ်ကားတွင် စတင်သရုပ်ဆောင်ကာ ရုပ်ရှင်လောကသို့ ၀င်ရောက်လာခဲ့သည်။
လောင်းဘိခ်ျတွင် ကျင်းပသော ကိုယ်ခံပညာစွမ်းရည်ပြပွဲတွင် ချက်စ်နောရစ်သည် နာမည်ကျော်ကိုယ်ခံပညာရှင် သရုပ်ဆောင် ဘရုစ်လီနှင့် တွေ့ဆုံခဲ့သည်။
၁၉၇၂ ခုနှစ်တွင် Way of the Dragon ဇာတ်ကား၌ ဘရုစ်လီနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကြသည်။

ချက်စ်နောရစ်၏ ရောင်းချမည့်နေအိမ်မှာ တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်မြို့ တွင်တည်ရှိသည်။
လက်ရှိပိုင်ဆိုင်သူမှာ ချက်စ်နောရစ်၏ ညီဖြစ်သူ အာရွန်နောရစ် ဖြစ်သည်။
တစ်ထပ်အဆောက်အဦဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

အကျယ်အ၀န်း ၇၃၆၂ စတုရန်းပေရှိပြီး အိပ်ခန်း ၄ခန်း ရေချိုးခန်း ၇ ခန်းပါဝင်သည်။
ရေကူးကန်၊ ကား ၃ စင်းဝင်ဆန့်သည့် ကားဂိုဒေါင်၊ အားကစားခန်းမ၊ ရုပ်ရှင်ရုံတစ်ခုတို့ပါဝင်သည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service