နေပြည်တော်မှာ ကျပ်သိန်း ၂၀ နဲ့ ပေ၂၀ ပတ်လည် ပျဉ်ထောင်အိမ်ဆောက်ပေးနေ - Property News in Myanmar from iMyanmarHouse.com
2469 Views

နေပြည်တော်မှာ ကျပ်သိန်း ၂၀ နဲ့ ပေ၂၀ ပတ်လည် ပျဉ်ထောင်အိမ်ဆောက်ပေးနေ

နေပြည်တော်မှာ အစိုးရ၀န်ထမ်းတွေတွက် ချပေးထားတဲ့ မြေနေရာမှာ မဖြစ်မနေ လူနေအိမ် ဆောက်လုပ်ရမယ်ဆိုပြီး အမိန့်ကြေညာချက်
ထုတ်ပြန်ထားတာကြောင့် နေပြည်တော်က ကန်ထရိုက်လုပ်ငန်းတွေ ပြန်တွင်ကျယ်လာတယ်လို့ သိရပါတယ်။

ပုဗ္ဗသီရိမြို့နယ်အတွင်းက ၀န်ထမ်းတွေကို ချပေးထားတဲ့ မြေကွက် တွေမှာ လူနေအိမ်တွေမဖြစ်မနေဆောက်လုပ်ရမှာ ဖြစ်ပါတယ်.
အိမ်ဆောက်ကန်ထရိုက် လုပ်ငန်းရှင် တွေဟာ အရင်ကတလကို တစ်အိမ်ခန့်သာ ဆောက်လုပ်ရပေမဲ့ အခုနောက်ပိုင်းမှာ တစ်လက
ို ၁၀ ကွက်ထက်မနည်း ဆောက်လုပ်နေရတယ်လို့ သိရပါတယ်။

နေပြည်တော်စည်ပင်သာယာက ချပေးထားတဲ့ မြေကွက် ၁၆၀၀ ကျော်မှာ အများစုဆောက်လုပ်ကြတဲ့ အိမ်ပုံစံက ပျဉ်ခင်း၊ပျဉ်ကာနဲ့ သွပ်မိုး ပေ ၂၀ ပတ်လည် အိမ်ဖြစ်ပါတယ်။ ပစ္စည်းရော လက်ခအပါအ၀င် ကျပ်သိန်း ၂၀နဲ့ ဆောက်လုပ်ပေးတာပါ။

အိမ်ဆောက်လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင် မနုက အခုမဖြစ်မနေ အိမ်ဆောက်ရမယ်ဆိုတော့ အစ်မတို့လဲ အလုပ်ဖြစ်တာပေါ့ ၊ အရင်ကဆိုတလလုံးမှ တစ်ကွက်လောက်ဖြစ်တာ အခုဆိုတလကို ၁၀ ကွက်ကျော်တယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေက သူတို့ပိုင်တဲ့ မြေကွက်ကို ပြရုံပြပြီး ကျန်တဲ့ဆောက်လုပ်ရေးအပိုင်းကို ကန်ထရိုက်ကပဲ တာဝန်ယူဆောက်လုပ်သွားတာလို့ သိရပါတယ်။
အိမ်ဆောက်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးက သူတို့ကဘာမှ ပေးစရာမလိုဘူး၊အစ်ကိုတို့က အသားရော လက်ခပါအပြီးလက်ခံတာ ၊အလုပ်အပ်ပြီးတပတ်
အတွင်းမှာ အပြီးဆောက်ပေးတယ်၊အများစုကပေ ၂၀ ပတ်လည်ပဲဆောက်ကြပါတယ်လို့ ပြောပါတယ်။

အဲသည်မြေကွက်တွေပေါ်မှာ လူနေအိမ်ဆောက်ရမယ်ဆိုပြီး ၂၀၁၅စက်တင်ဘာ၈ရက်နေ့က နေပြည်တော်စည်ပင်သာယာက အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

တချို့ အဆင်မပြေတဲ့ ၀န်ထမ်းတွေကြတော့လဲ အဆင်မပြေကြဘူး သိန်း ၂၀ မှာငါးသိန်း ကိုတော့ လကုန်မှ ယူပါတယ်ဆိုပြီး အကြွေးထားပေးရတာတွေလည်းရှိတယ် လို့ အိမ်ဆောက်လုပ်ငန်းလုပ်ဆောင်တဲ့ မနုကပြောပါတယ်။

ကန်ထရိုက်တွေ ဆောက်လုပ်ပေးတဲ့ အိမ်ပုံစံမှာ ပေ ၂၀ ပတ်လည် ဟောလ်ခန်းသာဖြစ်ပါတယ်။ရေနံချေး
သုတ်ပေးတဲ့ အဆင့်အထိ အပြီးအစီးကို ကျပ်သိန်း ၂၀ နဲ့ ဖြစ်ပါတယ်။

အိမ်ဆောက်လုပ်ငန်းရှင်တွေ ဆောက်လုပ်ပေးတဲ့ အိမ်အများစုမှာ အသုံးပြုပြီးသားအိမ်အဟောင်းကသစ်
တွေနဲ့ ပြန်လည်ဆောက်လုပ်ကြတယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service