Mitsubishi Estate မြန်မာနိုင်ငံရဲ့ မာရူနှုချီ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1599 Views

Mitsubishi Estate မြန်မာနိုင်ငံရဲ့ မာရူနှုချီ တည်ဆောက်မည်

ရန်ကုန်မြို့က ဘူတာကြီးအရှေ့ဘက်မှာရှိတဲ့ အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ ရုံးအဆောက်အအုံတွေ ၊ တိုက်ခန်းတွေနဲ့ ဟိုတယ်တွေကို အသစ်ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်သွားဖို့ ဂျပန်အခြေစိုက် အိမ်ရာလုပ်ငန်းကြီးဖြစ်တဲ့ Mitsubishi Estate ကုမ္ပဏီက စီစဉ်နေပါတယ်။ သည်စီမံကိန်းဟာ အကြမ်းအားဖြင့် ယန်းဘိလျံ ၅၀ လောက် ကုန်ကျမှာဖြစ်ပါတယ်လို့ မတ်လ ၇ရက်နေ့က the japan-news ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ထိုကျိုမြို့တော်က marunouchi ကို ကမ္ဘာ့အဆင့်မီ စီးပွားရေးအချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာအောင် တည်ဆောက်ပေးခဲ့သူတို့တွေရဲ့ အတွေ့အကြုံပေါ်မှာအခြေခံပြီး ရန်ကုန်မှာလည်း မြန်မာနိုင်ငံရဲ့အနေအထားနဲ့သင့်တော်တဲ့ Mitsubishi ကိုတည်ဆောက်သွားဖို့ Mitsubishi Estate ကုမ္ပဏီက စီစဉ်နေပါတယ်။ သည်ကုမ္ပဏီဟာ အရှေ့တောင်အာရှက အခြားနိုင်ငံတွေမှာလည်း အလားတူစီမံကိန်းတွေကို အကောင်အထည်ဖော်သွားဖို့ စီစဉ်နေပါတယ်။

Mitsubishi Estate ကုမ္ပဏီဟာ ရန်ကုန်ရဲ့ဝင်ပေါက်တစ်ခုဖြစ်တဲ့ ရန်ကုန်ဘူတာကြီးရဲ့ မျက်နှာချင်းဆိုင်က ၄၀.၀၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိတဲ့နေရာကို ကြည့်ရှု့စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဲသည်နေရာမှာ အခုလက်ရှိအိုမင်းနေပြီဖြစ်တဲ့ ရုံးခန်းတွေနဲ့ အခြားအဆောက်အအုံတွေရှိနေပါတယ်။

ရုံးခန်းတွေ ၊စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေ ၊ လူနေတိုက်ခန်းတွေနဲ့ ဟိုတယ်အဆောက်အအုံတွေ ပါဝင်မှာဖြစ်တဲ့ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်သွားမယ့် သည်စီမံကိန်းအတွက် Mitsubishi Estate ကုမ္ပဏီက Mitsubishi Corp ၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ အိမ်ခြံမြေလုပ်ငန်းတစ်ခုတို့နဲ့အတူ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သည်စီမံကိန်းဟာ ယန်း၂၅၀ လောက်ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။

စီးပွားရေးလျင်လျင်မြန်မြန် တိုးတက်မှုကြောင့် ရုံးခန်းနေရာရှားပါးပြတ်လတ်တာအပါအဝင် မြန်မာနိုင်ငံဟာ အိမ်ရာအဆောက်အအုံဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ ထိုကျိုဘူတာရုံရှေ့မှာရှိတဲ့ မာရူနူချီစီးပွားရေး အချက်အချာနေရာဟာ မေဂျီခေတ် (၁၈၆၈-၁၉၁၂ ခုနှစ်) ကနေလျင်လျင်မြန်မြန် တိုးတက်စည်ကားလာခဲ့တာပါ။ သည်နေရာကို ရန်ကုန်မြို့တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကောင်းမွန်တဲ့စံနမှုနာ တစ်ရပ်အနေနဲ့ကိုးကားလို့ရပါတယ်။

မာရူနူချီ(Marunouchi)ဟာ ထိပ်တန်းကုမ္ပဏီတွေ ၊ စတိုးဆိုင်တွေ ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေရဲ့အခြေစိုက်နေရာတစ်ရပ် ဖြစ်လာခဲ့သလို ဂျပန်နိုင်ငံရဲ့ တံခါးပေါက်အနေနဲ့ ခရီးသွားများစွာကို ဆွဲဆောင်တဲ့မြို့တစ်မြို့ အဖြစ်ရောက်ရှိခဲ့ပါတယ်။

‘ကျွန်တော်တို့ရဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစနစ်ကို အခြားနိုင်ငံတွေကိုလည်းချပြသွားမှာပါ’လို့ Mitsubishi Estate ကုမ္ပဏီ ဥက္ကဌ ဟီရိုတာကာ ဂီယာမက ယိုမီအူရီရှင်ဘွန်း ကို ပြောပြခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုလျင်လျင် မြန်မြန် တိုးတက်လာ
၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ အစိုးရစနစ်ကို ပြောင်းလဲလိုက်ချိန်ကစလို့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ(ယန်း ၉၄၀ ဘီလျံခန့်) ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ကထက် နှစ်ဆလောက် ဖြစ်လာခဲ့တယ်လို့ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ စာရင်းအရသိရပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးချဲ့မှုကာလအတွင်း မြန်မာနိုင်ငံထဲကို ဂျပန်စီးပွားရေးလုပ်ငန်းတွေတစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့ပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံမှာ ဂျပန်ကုန်သည်ကြီးများအသင်းက ကုမ္ပဏီ ၂၈၀ ကျော်ရှိနေပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service