ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြင်တွေ့ရတော့မည့် တန်ဖိုးနည်းအိမ်ရာ မျှော်လင့်ချက် - Property News in Myanmar from iMyanmarHouse.com
1991 Views

ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြင်တွေ့ရတော့မည့် တန်ဖိုးနည်းအိမ်ရာ မျှော်လင့်ချက်

လူတိုင်းလူတိုင်း သင့်တင့်သည့် ဈေးနှုန်းဖြင့် သွားလာရေးလွယ်ကူသည့် နေရာတစ်ခုတွင် ကိုယ်ပိုင်အိမ်ရာတိုက်ခန်း ဖြင့် နေထိုင်ချင်ကြသည်မှာ အမှန်ဖြစ်သည်။ ယင်းသို့ အခြေခံပြည်သူများ အမှန်တကယ် တိုက်ခန်းနှင့် နေနိုင်ရန်အတွက် တန်ဖိုး နည်းအိမ်ရာဆောက်လုပ်ပေးဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကလည်း ဆန်္ဒရှိကြသည်။ သို့သော် ယင်းမြေနေရာ များကို တစ်ဆင့်ဝယ်ပြီး ဆောက်လုပ်မည် ဆိုပါက မြေတန်ဖိုးက ဈေးကြီးလွန်းသဖြင့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးဖို့ ဆိုသည်မှာ မလွယ်ကူသေးကြောင်း မြန်မာ နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (MCEA)၏ ဒုတိယဥက်္ကဋ္ဌ ဦးကျော် ပိုင်ထံမှ သိရသည်။

စက်ရုံလုပ်သားအိမ်ရာများ ဆောက် လုပ်နေသည့် ရွှေပြည်သာ/လှိုင်သာယာ/ ရွှေလင်ပန်း
တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည် ထောင်စု အစိုးရက နေရာချထားပေးမှသာ လျှင် ဖြစ်နိုင်ပါသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင် သာယာ စက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ရွှေပြည် သာ စက်မှုဇုန်တို့ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာနပိုင် မြေနေရာပေါ်၌စက်ရုံ လုပ်သားအိမ်ရာများ ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

ထိုအိမ်ရာတိုက်ခန်းများ ပြီးစီးသွားပါ က ထိုက်သင့်သည့် ငွေကြေးဖြင့် စက်ရုံ အလုပ်ရုံပိုင်ရှင်များထံ အပ်နှံပြီး စက်ရုံ လုပ်သားများ၏ လစာဝင်ငွေအပေါ် မူတည်၍ ငှားရမ်းခြင်းနှင့် အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်ကော်မတီရုံးမှ သိရ သည်။

ခေါင်းရွက်/ဗျပ်ထိုးဈေးသည်တို့နှင့် ကုမ္ပဏီဝန်ထမ်းအားလုံး အိမ်ငှားနေကြရ
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး၌ အနယ်နယ် အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်ကြ သော စက်ရုံ၊ အလုပ်ရုံလုပ်သားများ ကုမ်္ပဏီဝန်ထမ်းများနှင့် ဈေးရောင်းဈေးဝယ် ပျံကျဈေးသည်များမှာ မြို့ပေါ်နှင့် မြို့သစ် ဆင်ခြေဖုံးရပ်ကွက်များတွင် တစ်လလျှင် ငါးသောင်းမှ ကျပ်တစ်သိန်းကျော်အထိ ပေးကာငှားရမ်းနေထိုင်လုပ်ကိုင်လျက်ရှိ ကြောင်းလည်း သိရသည်။

ကျူးကျော်သူများပေါများလှသည့် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များ
ရန်ကုန်မြို့တွင် ကြုံရာကျပန်းအလုပ် လုပ်နေသူများနှင့် အခြားအခြေခံလုပ်ငန်း များဖြင့် နေ့စဉ်မိသားစုဘ၀ ရပ်တည်ရေး အတွက် ရုန်းကန်နေကြသော မိသားစုများ မှာလည်း စက်မှုဇုန်လမ်းမကြီး၏ ဘေးဝဲ/ယာ နှင့် ဆင်ခြေဖုံးမြို့နယ်များရှိ လမ်းမကြီး များ၏ ဘေးဝဲ/ယာတို့တွင် ကျူးကျော် နေထိုင်ကြရသဖြင့် ရန်ကုန်မြို့၌ ကျူးကျော် နေထိုင်သူဦးရေ သိန်းဂဏန်းရှိကြောင်း သိရသည်။

အဆိုပါကျူးကျော်နေထိုင်သူများမှာ လျော့နည်းသွားခြင်းမရှိဘဲ ယခုအခါများ သထက်များလာပြီး ကြုံရာနေရာ လမ်း ဘေးတွင် တဲထိုးနေထိုင်ကြသည်ကို တွေ့ရ သည်။ လှိုင်သာယာမြို့နယ်တွင် ပန်းလှိုင် မြစ်ကြီး တိမ်ကောလာစဉ်က မြေနုကျွန်း ပေါ်လာပြီဟုဆိုကာ ကျူးကျော်နေထိုင်မှု များလာခဲ့သည်။ သို့သော် မြစ်ကြောင်း ပြန်လည်တူးဖော်လာခဲ့ရာတွင် ဖယ်ရှားခဲ့ရ မှုများရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်တစ်ဖက်တွင် မီးထိန်ထိန် မြင်ရတော့မည့် တန်ဖိုးနည်းအိမ်ရာမျှော် လင့်ချက်
ယခုအခါ အဆိုပါ ကျူးကျော်နေထိုင် နေရသူများအနေဖြင့် ဘ၀အမောပြေစေ ရန် သွားလာရေးလွယ်ကူသည့်နေရာတစ်ခု ဖြစ်သည့် ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက် ကမ်းတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခု ဆောက်လုပ်ရန် မျှော် မှန်းထားကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရထံတွင်လည်း မြေနေရာတင်ပြထား ကြောင်း (၈-၁၂-၂၀၁၅) မြန်မာ့အလင်း သတင်းစာတွင် ဖတ်လိုက်ရသည်။

ယင်းသို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဆောက် လုပ်မည်ဆိုပါက ၀န်ထမ်းများအတွက် သွားလာရေးအဆင်ပြေပြီး တံတားထိုးပေး ပါက ရန်ကုန်မြို့လယ် ဆူးလေဘုရားသို့ မိနစ် ၂၀ အတွင်း ရောက်နိုင်ကြောင်းလည်း သိရသည်။
ထို့ပြင် အင်းစိန်၊ လှိုင်သာယာမြို့နယ် များသို့ သွားလာလျှင်လည်း လွယ်ကူပြီး အိမ်ရာစီမံကိန်းနှင့် အနီးဆုံးဖြစ်ကြောင်း သိရသည်။

ပွဲစားမပါ တိုက်ခန်းရောင်းလို/ ၀ယ်လို လျှင်
တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ပြီးစီး ပါက ရောင်းသူဝယ်သူကြားတွင် ပွဲစားများ ပေါ်လာမှာသေချာသည်။ ယင်းကဲသို့ မဖြစ်စေရန် ကြိုတင်စီစဉ်ထားဖို့လည်း လိုအပ်ပါသည်။ ဥပမာ အထည်ချုပ်လုပ် ငန်းများအတွက် ရောင်းချမည်ဆိုပါက ကန်ထရိုက်တာနှင့် လုပ်ငန်းရှင်တို့ တိုက် ရိုက်ဆက်သွယ်ညှိနှိုင်းသင့်ပါသည်။ အထည်ချုပ်လုပ်ငန်းတွင် ၀န်ထမ်းဦးရေ မည်မျှ ရှိသနည်း။ တစ်ဦးလျှင် တစ်လ၀င်ငွေ မည်မျှရသနည်း။ လစာနှစ်သိန်းရသူဆိုပါ က တစ်လလျှင် အရစ်ကျတစ်သိန်းပေး သွင်းနိုင်ပြီး တိုက်ခန်းကို ရောင်းချပေး သင့်ပါသည်။
လစာနည်းဝန်ထမ်းဖြစ်ခဲ့လျှင် အထည် ချုပ်ပိုင်ရှင်သူဌေးမှ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းကို ကြိုတင်ဝယ်ယူထားပြီး ၀န်ထမ်းလစာထဲမှ အရစ်ကျဖြတ်ယူသွား ပြီး တိုက်ခန်းများ ၀ယ်ပေးသင့်သည်။ ယင်းသို့ဆိုလျှင် အခြေခံလူတန်းစားများမှာ အိုးပိုင်အိမ်ပိုင် တိုက်ခန်းပိုင်သူများဖြစ်လာ နိုင်ပါသည်။ အိမ်ရာများ ဖော်ထုတ်လျှင် စက်ရုံအလုပ်ရုံဝန်ထမ်းအများစုဖြစ်သည့် အတွက် စက်မှုဇုန်များ အနီးတစ်ဝိုက်တွင် တန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင် ပေးသင့်ပါသည်။

မြို့ပြစီမံကိန်းအကောင်အထည်ဖော် သူများအတွက် အကြံပြုချက်
မြို့ပြတစ်ခုအတွက် မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လူအများ အဆင်ပြေစွာ စုပေါင်းနေထိုင်နိုင်ရုံမက နိုင်ငံတွင်းပြည်သူများ၏ စည်းလုံးညီညွှတ် ရေး၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ယဉ် ကျေးမှု စသည့်နယ်ပယ်များနှင့်လည်း အကျယ်တ၀င့် သက်ဆိုင်နေပါသည်။ မြို့ပြစီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ယင်းနယ်ပယ်များ၏ ရေရှည် အကျိုးစီးပွားအတွက်ပါ ထည့်သွင်းလုပ် ဆောင်ရမည်ဖြစ်သည်။ ယင်းနယ်ပယ်ဖွံ့ဖြိုး မှုအတွက် အကြားအလပ်မရှိ နယ်ပယ် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှု (Multi Sectoral Development ) ကို အလေးထား လုပ်ဆောင် ရပါမည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများမှ မြို့ပြများ၏ ကြုံတွေ့ဖြတ်သန်း ခဲ့ရသည့် မြို့ပြဆိုင်ရာ အတွေ့အကြုံများ ကို သင်ခန်းစာ ယူရမည်။ အထူးသဖြင့် လူဦးရေ (၁၀) သန်းနှင့်အထက်၊ နေထိုင် နိုင်သော မြို့ကြီး (Mega city) များမှ အတွေ့အကြုံကောင်းများကို လေ့လာသုံး သပ်၍ ဆောင်ရွက်သွားသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။ ၊

ယုံကြည်မှ စွန့်စား၊ စွန့်စားမှအောင်မြင်၊ အောင်မြင် မှလောကကောင်းကျိုးကို အစွမ်းကုန်ဆောင် ရွက်နိုင်မည်ဆိုသည့် ““ကျော်သူ””၏ ““သုညမှ ဘုံဘ၀သို့”” စာအုပ်မှ အဆိုအမိန့်ကို လိုက်နာနိုင်ပါစေ ...။

မှီငြမ်း ။ ။ စိုးဝင်း (SP)၏ ၈-၁၂-၂၀၁၅ မြန်မာ့အလင်းသတင်းစာပါ အခြေခံ ပြည်သူများ တန်ဖိုးနည်းအိမ်ရာရရှိရေးတွင် မြေနေရာအခက်အခဲကြောင့် အကောင်အထည် မဖော်နိုင်ဖြစ်နေဆောင်းပါး။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service