ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် လျှောက်ထားမှု ပြန်များလာ - Property News in Myanmar from iMyanmarHouse.com
1193 Views

ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် လျှောက်ထားမှု ပြန်များလာ

ကန်ထရိုက်တိုက်နှင့် ၁၂ ထပ်အောက် အထပ်မြင့်တိုက်ဆောက်လုပ်ခွင့် လျှောက်ထားသူအရေအတွက်မှာ ယခုလအတွင်း ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်(၆) ဦးဌေးအောင်က ပြောသည်။

အစိုးရ အပြောင်းအလဲနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနှုန်းမြင့်တက်နိုင်သည့် အခြေအနေကြောင့် လုပ်ငန်းရှင်အချို့ ကြိုတင်ပြင်ဆင်လာကြသည့်အတွက် ကန်ထရိုက် အဆောက်အအုံဆောက်လုပ်မှု အရေအတွက် ပြန်တက်လာခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည့် ဦးဌေးအောင်က ဆိုသည်။

‘‘အထပ်မြင့် အဆောက်အအုံဆောက်လုပ်ခွင့်က ကျွန်တော်တို့ကော်မတီအီးစီအစည်းအဝေးမှာလည်း စိစစ်ဖို့ တင်လာတာ တော်တော်တက်လာတယ်။ သတိထားမိသလောက်ဆို ၄၀ ရာခိုင် နှုန်းလောက် တက်လာတာ။ အခု နောက်ပိုင်း မရမ်းကုန်းဘက်ကို ပိုပြီး ဆောက်လုပ်ရေးအပိုင်းတွေ ပိုစိတ်ဝင်စားလာကြတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှုနှင့်ပတ်သက်၍ ၁၂ ထပ်ခွဲအထိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိစစ်ခွင့်ပြုပေးနေခြင်းဖြစ်ပြီး ယင်းအထပ်အရေအတွက်အထက် ဆောက်လုပ်ခွင့်ကို အစိုးရအဖွဲ့က စိစစ်ခွင့်ပြု ခြင်းဖြစ်သည်။

ထို့ကြောင့် အစိုးရအဖွဲ့က ဆုံးဖြတ်သည့် ၁၂ ထပ်ခွဲအထက် အဆောက်အအုံဆောက်လုပ်ခွင့် ကို လုပ်ငန်းရှင်အများစုက ၎င်း တို့အားကျော်လွန်၍ အစိုးရအဖွဲ့သို့ တိုက်ရိုက်တင်နေကြခြင်းကြောင့် ယင်း၏တိုးတက်မှုကို အတိအကျ သိရှိရန်မလွယ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများမှ ကန်ထရိုက် အဆောက်အအုံ ဆောက်လုပ်မှုမှာ ၂၀၁၅ သင်္ကြန်အပြီး ကာလမှစ၍ ကျဆင်းခဲ့ပြီး မိုးတွင်းကာလနှင့် ရွေးကောက်ပွဲရှိနေခြင်းကြောင့် ယင်းလုပ်ငန်းမှာ ကြာမြင့်စွာ ဆက်လက်ကျဆင်းခဲ့သည်။

ဆောက်လုပ်ရေး လုပ်ငန်းများမှာ လက်ရှိတွင် ကောင်းမွန်သည့် အခြေအနေရောက်ရှိရန် တာစူဆဲအဆင့်သာ ရှိနေသေးပြီး သိသာသည့်တိုးတက်မှု ရောက်ရှိစေရေး အချိန်ယူရန် လိုအပ်နေသေးသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဉာဏ်သစ်လှိုင်က သုံးသပ်သည်။

‘‘ရှေ့ဆက်တော့ ကောင်းလာဖို့ ရှိပါတယ်။ အခုကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် စည်ပင်ရဲ့အထပ်အမြင့်ကန့်သတ်တဲ့ကိစ္စတွေကြောင့် တွင်ကျယ်သင့်သလောက် မတွင်ကျယ်တဲ့ အခြေအနေတွေတော့ ရှိနေသေးတယ်’’ ဟု ၎င်းက ဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service