ငြင်းခုန်မှု များကြားက မြို့သစ်စီမံကိန်းကြီး တကယ် အလုပ်ဖြစ်နိုင်ပါ့မလား - Property News in Myanmar from iMyanmarHouse.com
1993 Views

ငြင်းခုန်မှု များကြားက မြို့သစ်စီမံကိန်းကြီး တကယ် အလုပ်ဖြစ်နိုင်ပါ့မလား

ရန်ကုန်မြို့သစ်စီမံကိန်း လို့ဘဲပြောပြော အနောက်တောင် မြို့သစ် စီမံကိန်းလို့ ဘဲ ခေါ်ခေါ် ရန်ကုန် မြစ်တစ်ဖက်ကမ်းက စီမံကိန်းကြီးကတော့ ငြင်းခုန်မှုတွေ ဝေဖန်မှုတွေ ရှိနေတဲ့ကြားကဘဲဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးက နေ အကောင်အထည်ဖော်ဖို့ တ၇ားဝင် အတည်ပြုလိုက်ကြပြီဖြစ်ပါတယ်။ ဘယ်အချိန်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားခဲ့တဲ့ ကုမ္မဏီတွေက လူထုကို အသေးစိတ် အချက်အလက်တွေ ချပြဖို့ ၊ တည်ဆောက်ရေးလုပ်ငန်းတွေ စနိုင်ဖို့ ဆိုတာကလည်း မသေချာမရေရာသေးတဲ့ ခန့်မှန်းချက် အဆင့်သာ ဖြစ်လို့နေဆဲ ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ်ရာ ဇတ်လမ်းဇတ်ကွက်သစ်တွေ နဲ့ အစပျိုးခဲ့ကြပြီး သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်းမှာ ၂၀၀၈ဖွဲ့စည်ပုံ အခြေခံဥပဒေပါ ဇယား ၂ အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစီအစဉ်နဲ့ လုပ်မယ့် အကြီးကျယ် ဆုံးသော မြို့သစ်စီမံကိန်း ကြီးဖြစ်သလို မြန်မာစီးပွားရေး နဲ့ အိမ်ခြံမြေ လောက မှာလည်း အလှုပ်ခတ်ခဲ့ဆုံးသော စီမံကိန်းကြီး တစ်ခု အဖြစ်သမိုင်း မှတ်တမ်းဝင်သွားခဲ့ပါပြီ
တင်ဒါ ၀င်ပြိုင်ခဲ့တဲ့ ကုမ္မဏီ ၅၄ ခု အနက်က နောက်ဆုံးစကားတင် ကုမ္မဏီ ၃ ခုသာ ကျန်တော့တဲ့ အချိန်မှာ ကုမ္မဏီ ၃ ခုလုံးကို လုပ်ဖို့ အတွက်ရန်ကုန်တိုင်းသေကြီးအစိုးရအဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့အညီ် ခွင့်ပြုပေးးလိုက်တာဖြစ်ပါတယ် ၊ တည်ဆောက်ရေး စီမံကိန်းကာလ ကို ၁၀ နှစ် သက်မှတ်ထားတဲ့ အတွက် အနည်းဆုံး အစိုးရ ၂ ဆက်စာ သက်တမ်း လုပ်ရမယ့် မဟာ စီမံကိန်းကြီးဖြစ်ပါတယ်။

စီမံကိန်းလုပ်ငန်းတွေကို လုပ်ခွင့်ရတဲ့ ကုမ္မဏီ သုံးခုကတော့ ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် ဆိုင်သောကုမ္ပဏီ၊Business Capital City Development Ltd နှင့် ရွှေပုပ္ပား အပြည်ပြည် ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ တို့ဖြစ်ကြပါတယ် ၊ ဒုတိယနေရာက ကုမ္မဏီ နဲ့ တတိယ နေရာကကုမ္မဏီကတော့ မြန်မာစီးပွားရေး လောကမှာာ ထင်ရှားတဲ့ ကုမ္မဏီကြီးတွေရဲ့ လက်ခွဲကုမ္မဏီ နှစ်ခုဖြစ်ပါတယ်။ အများ ဝေဖန်နေကြတဲ့ အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများနှင့်ဆိုင်သောကုမ္ပဏီကတော့ တင်ဒါတင်သွင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ဖြင့် မတည် ဆောင်ရွက်ပါမယ်ဆိုပြီး ပထဦးဆုံး အဆိုပြုခဲ့သလို လာရောက်လျှောက်ထားသည့် ကုမ္ပဏီတွေ မှာလည်း ရင်းနှီးမြှုပ်နှံပမာဏ အများဆုံး ကုမ္ပဏီဖြစ်လို့နေတာ တွေ့ရပါတယ်။

ဒီ ကုမ္ပဏီကို စီမံကိန်းတည်ရှိရာ ကျေးရွာတွေက ဒေသခံ အဖွဲ့ အစည်းတစ်ခုဖြစ်သော ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေသည့် ဒေသခံ ကုမ္ပဏီဖြစ်တယ်လို့ တရားဝင် ဖော်ပြထားပေမယ့်လည်း အင်မတန် အရင်းအနှးီ ကြီးမားတဲ့ ငွေကြေးအင်အားနဲ့ လုပ်ရမယ့် စီမံကိန်းကြီး ဖြစ်တဲ့ အတွက်ကြောင့် အမည်ဖော်ပြလိုခြင်း မရှိတဲ့ နောက်ကွယ်က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပါနိုင်တယ်လို့ မီဒီယာတွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။
အများကတော့ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် ရှောက်စန်း ၊ ရှောက်ပန်းတို့ ပါတဲ့ ကုမ္မဏီ ဖြစ်တယ်လို့ ဝေဖန်နေကြပေမယ့် ကုမ္မဏီက တာဝန်ရှိသူတွေကတော့ ဒီအချက်ကို ယတိပြတ်ငြင်းတာာကို တွေ့နေရဆဲဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း ဒီဇိုင်းကိုတော့ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ လို့ ခေါ်တဲ့ jica ရဲ့ စီမံကိန်းကို အခြေခံ ကာ စင်ကာပူနိုင်ငံက ပညာရှင်များ၏ အကူ အညီဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားတဲ့ အပြင် လွှတ်တော်ကို တင်ပြထားချက်အရလည် အနည်းဆုံး မြစ်ကူးတံတားကြီး ငါးစင်းကို တည်ဆောက်မယ်လို့ ဆိုထားတဲ့ အပြင် တန်ဖိုးနည်း တိုက်ခန်းပေါင်း တစ်သောင်းကိုလည်း အစိုးရအဖွဲ့ကို လှုဒါန်းမယ်လို့ စီမံကိန်း အဆိုပြုလွှာမှာ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

လှိုင်မြစ်ကူး ဗားကရာတံတားမှာ အဓိက ကူးသန်းရောင်းဝယ်ဆက်သွယ်ဖို့ အသုံးပြုကြမှာ ဖြစ်တဲ့ အပြင် အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နိုင်ငံ ခြားသင်္ဘောများ ဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်း၊ တန်ဖိုးနည်းတန်ဖိုးသင့်နှင့် အငှားအိမ်ရာများ၊ စက်မှုဇုန်များ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် အခြား မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံများစွာ ပါဝင်မယ့် ဆယ်နှစ်စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။

အင်္ဂလိပ် - မြန်မာ ဒုတိယ အကြိမ် စစ်ပွဲ အအပြီးမှာတော့ အင်္ဂလိပ်အစိုးရ က ရန်ကုန်မြစ်ရဲ့ စီးဆင်းပုံအနေအထား အလိုက် ရန်ကုန်မြို့ကို တောင်မြောက် သွယ်တန်းတဲ့ စနစ်နဲ့ အကွက်ရိုက် ဖော်ထုတ်ခဲ့သလို လွတ်လပ်ရေး ရပြီး နောက်ပိုင်း တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်ကနေ ယနေ့အချိန်ထိလည်း ရန်ကုန်မြို့ကို အရှေ့ဘက် ၊ မြောက်ဘက် ၊ တောင်ဘက်တွေကို ချဲ့ထွင်ပြီး မြို့သစ်တွေကို ဖော်ထုတ်ခဲ့ပါတယ်၊ အနောက်ဘက်ကိုတော့ မြို့သစ်တွေ ဖော်ထုတ်ခဲ့တာ မတွေ့ရတဲ့ အတွက် ဒေသ ဖွံ့ဖြိုးရေး အတွက်ယခု အစိုးရ လက်ထက်မှာ ရန်ကုန်မြို့ကို အနောက်ဘက်အခြမ်းဒေသ တွေ အထိတိုးချဲ့ဖို့ကြိုးစားလာတာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့တစ်ခုနဲ့ တစ်ခုအကြား အလွှဲအပြောင်း စပ်ကူးမတ်ကူး ကာလလေးမှာ ဒီလိုကြီးကျယ်တဲ့ စီမံကိန်းကြီးကို အမြန် တက်သုတ်ရိုက် ချပေးလိုက်တယ်လို့ ဝေဖန်မှု တွေ မြင့်တက်လာတဲ့ အပြင် နောက်လာမည့် အစိုးရ သစ် အသိုင်းအ၀န်းက တာဝန်ရှိသူတွေကလည်း အရင်အစိုးရလက်ထက် လုပ်ခဲ့တဲ့ စီမံကိန်းတွေ ဥပဒေနဲ့ ညီမညီ ၊ တကယ်လိုအပ်မလိုအပ် ၊ အဂတိ လိုက်စားမှု ရှိမရှိ ဆိုတာကို ပြန်ပြီးစီစစ်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွတ်လာတဲ့ အတွက် လက်ရှိ အစိုးရက ခွင့်ပြုထားတဲ့ စီမံကိန်းဖြစ်ပေမယ့်လည်း နောက်အစိုးရရဲ့ရပ်တည်ချက်သဘောထားကသာ အလုပ်ဖြစ်မဖြစ်ကို ဆုံးဖြတ်နိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

လက်ရှိတာဝန်ယူထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဖက်က တာဝန်ရှိသူတွေကတော့ ဒီစီမံကိန်းက ရန်ကုန်လူနေထူထပ်လို့ အမှန်တကယ် လိုအပ်တဲ့ စီမံကိန်းဖြစ်ပါတယ်လို့ မီဒီယာတွေကို တရားဝင် ပြောထားပေမယ့် ဒီစီမံကိန်း ကြီးကို အကောင်အထည်ဖော်မယ့် ကုမ္မဏီတွေ ရဲ့ ငွေကြေးဓန ပိုင်ဆိုင်မှု ၊ ဘဏ္ဍာရေး နောက်ခံအင်အား နဲ့ စီမံကိန်း အသေးစိတ် အချက်အလက်တွေကို အစိုးရ အဖွဲ့က ခွင့်ပြုပေးထားပြီးဖြစ်သည့် တိုင်အောင် လူထုကို ယနေ့ထက်တိုင် ချပြခြင်း မရှိသေးတာကလည်း အင်မတန်မေးခွန်းထုတ်စရာ ကောင်းလှပါတယ်၊

တစ်ဖက်မှာလည်း ရန်ကုန်မြစ်ရဲ့ အရှေ့ဘက်အခြမ်းက ကြည့်မြင်တိုင် ၊ အလုံ ၊ အင်းစိန် မြို့နယ်တွေမှာ ခေတ်မီ တိုက်တာကြီးတွေ ၊ ဖွံ့ဖြိုးတိုးတက်မှု ပြယုတ်တွေဖြစ် တဲ့ ဆေးရုံ ၊ အလုပ်ရုံ ၊ ကျောင်းတွေ ၊ ဈေးတွေ နှဲ့နှစ်ပေါင်းများစွာ အောင်မြင်တဲ့ မြို့တော်တစ်ခု ဖြစ်နေပေမယ့်လည်း မြစ်တစ်ခုသာ ခြားတဲ့ တစ်ဖက်ကမ်းက ကျေးရွာတွေမှာတော့ နွေအခါ သောက်သုံးရေ တောင်မရလို့ ဒီဘက်ကမ်းက စေတနာရှင်တွေ သွားလှုနေရတဲ့ ဖြစ်စဉ်တွေ ၊ လျှပ်စစ်မီးအခုချိန်ထိ မရသေးတဲ့ရွာတွေ ကျန်ရှိနေသေးသလို လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲမှုတွေ ရှိနေဆဲဖြစ်လို့ ဒေသခံ ပြည်သူတွေက တစ်ဖက်ကမ်း ရန်ကုန်မြို့ဟောင်းကို ကြည့်ပြီး သူတို့နေတဲ့ မြစ်တစ်ခုသာခြားတဲ့ ဒေသကလေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ကတော့မလွှဲမသေ ရှိကြမှာသေချာပါတယ်။

စီမံကိန်းကြီးကို အမှန်တကယ် ရေရှည်စီမံချက်တွေ နဲ့ အကောင်အထည်ဖော်ပြီး ဒေသခံ ပြည်သူလူထုရဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးဖို့ အပြင် ရန်ကုန်ရဲ့ လူနေထူထပ်မှုကိုလည်း အကြီးအကျယ်ဖြေရှင်းပေးနိုင်တဲ့ မဟာ ပရောဂျက်ကြီးကို ပွဲပြီးမီးသေ ပုံစံမျိုး မဟုတ်ဘဲ စနစ်တကျ အကောင်အထည်ဖော်ပြီး လုပ်စေချင်ကြတဲ့ စိတ်နဲ့ ဘဲ အားလုံးက ဆွေးနွေးငြင်းခုန်နေ ကြတာ ဖြစ်ပါတယ်။ ပြည်ပက အတွေ့အကြုံရှိတဲ့ ကုမ္မဏီကြီးတွေနဲ့ စီမံကိန်း လုပ်ခွင့်ရတဲ့ ကုမ္မဏီတွေ အကြား ပူးပေါင်းဆောင်ရွက်ဖို့ ပညာရှင်တွေက အကြံပြုထားပေမယ့်လည်း အနာဂတ် ရန်ကုန်မြို့သစ် စီမံကိန်းကြီးကတော့ဘယ်လို ပုံစံနဲ့ ပွဲထွတ်လာမယ် ဆိုတာ ခန့်မှန်းရခက်တဲ့ အနေအထား ဖြစ်နေတဲ့ အခြေအနေ ကိုစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှ လွှတ်တော်ကို မြို့တော်ဝန် တင်ပြခဲ့တဲ့ ဒီစီမံကိန်းကြီးကို ပြင်ပက ငွေကြေးချမ်းသာတဲ့ လူတွေက တစ်နှစ်လောက်ကြိုသိပြီး လယ်သမားတွေဆီက မြေတွေကို အောက်ဈေးတွေနဲ့ ကြိုနှိုက် ၀ယ်ထားကြတဲ့ အပြင် အကောင်အထည်ဖော်မယ့် ကုမ္မဏီနဲ့ ပက်သက်ပြီး ပြည်တွင်းပြည်ပ က သတင်းမီဒီယာ လောကမှာ ကောာ အိမ်ခြံမြေ လောက အသိုင်းအ၀ိုင်းမှာပါ ပွဲဆူခဲ့တဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ စီးပွားရေး သမားတွေရဲ့ ကစားကွင်း မဖြစ်ဖို့ ထိန်းကျောင်းရမှာဖြစ်သလို ပြည်သူတွေရဲ့ မြေတွေကို ပြည်သူ့အတွက် အမှန်တကယ် အကျိုးရှိရှိ အသုံးချဖို့ကလည်း အရေးကြီးပါတယ်။

ဒလ ၊ တွံ့တေး ၊ ကြည့်မြင်တိုင် ဘက်က လယ်မြေဧက ၃၀၀၀၀ ကျော်မှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ စီမံကိန်း ၊ တစ်ဖက်ကမ်း မြို့တော်ဟောင်း ရန်ကုန်နဲ့ တံတားကလည်း ငါးစင်းတောင် ထိုးပြီး လုပ်မယ့် စီမံကိန်းရဲ့ကြီးကျယ်ခမ်းနားမှု ကိုမှန်းဆပြီး ခါတော်မီ အလုပ်လုပ်ခဲ့တဲ့ လူတစ်ချို့ကတော့ အခုချိန်မှာ ချမ်းသာကြွယ်ဝ ငွေထုတ်ပိုက်ပြီး နှပ်နေပါပြီ ၊ အခုချိန်ထိလည်း ဒီစီမံကိန်းဧရိယာ အတွင်းမှာ မြေ၀ယ်ထားတဲ့ သူမှန်သမျှကလည်း စီမံကိန်း သတင်းကိုရင်တစ်ထိတ်ထိတ်နဲ့ နားစွင့်နေဆဲဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service