အစိုးရသစ်ရဲ့ ပထမဆုံးအိမ်ရာ စီမံကိန်း မင်းရဲကျော်စွာ - Property News in Myanmar from iMyanmarHouse.com
568 Views

အစိုးရသစ်ရဲ့ ပထမဆုံးအိမ်ရာ စီမံကိန်း မင်းရဲကျော်စွာ

အစိုးရသစ်လက်ထက်ဖြစ်တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မင်းရဲကျော်စွာ အိမ်ရာစီမံကိန်းကို စတင်တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။

မင်းရဲကျော်စွာအိမ်ရာစီမံကိန်းက သည်နှစ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ စီမံကိန်းပြီးစီးမှာဖြစ်ပါတယ်။စီမံကိန်းကာလ လေးနှစ်သတ်မှတ်ထားပါတယ်။

မင်းရဲကျော်စွာအိမ်ရာစီမံကိန်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၊ ရာဇာဓိရာဇ်လမ်းမှာ တည်ရှိပါတယ်။ စီမံကိန်းက မြေ ၃၃.၈၈၅ ဧကကျယ်ပြီး အိပ်ခန်းပေါင်း ၂၅၀၀ ကျော်ပါဝင်တဲ့ စီမံကိန်းဖြစ်ပါတယ်။ အထပ်မြင့် ၁၁ထပ် အထိ တည်ဆောက်မှာဖြစ်ပြီး ဈေးဝယ်စင်တာ ၊ ကစားကွင်း ၊ စာသင်ကျောင်း ၊ ရေကူးကန် ၊ ကားပါကင် ၊ ခန်းမကျယ်နဲ့ ဘတ်(စ်)ကားဂိတ်တွေတည်ဆောက်မှာဖြစ်ပါတယ်။

အိမ်ရာစီမံကိန်းအပြင် ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ မြောက်ဥက္ကလာပကို ဆက်သွယ်တဲ့ ငမိုးရိပ်မြစ်ကူးတံတားကိုပါ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ မြစ်ကူးတံတားက မြောက်ဒဂုံ မင်းရဲကျော်စွာလမ်းနဲ့ မြောက်ဥက္ကလာပက အုတ်ဖိုဆိပ်လမ်းကို ဆက်သွယ်တည်ဆောက်မှာဖြစ်ပြီး လေးလမ်းသွားကွန်ကရစ်တံတားဖြစ်ပါတယ်။သည်စီမံကိန်းကို 2000 Dream City Development ကုမ္ပဏီနဲ့ စည်ပင်သာယာတို့ အကျိုးတူပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

သည်စီမံကိန်းအတွက် ခြံစည်းရိုးကာရံတာတဲ့ နယ်နိမိတ်သတ်မှတ်တာနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေရှိနေပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက တာဝန်ရှိသူတစ်ဦးက ‘စီမံကိန်းကို ကန့်ကွက်နေတဲ့သူက မြေနေရာကို တစ်နှစ်တင်ဒါနဲ့ သဲကွင်းလုပ်တဲ့သူဖြစ်ပြီး မြေပိုင်တဲ့သူမဟုတ်ဘူး’ လို့ပြောပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service