အစိုးရ အပြောင်းအလဲကြောင့် ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် အလားအလာကောင်းနိုင် - Property News in Myanmar from iMyanmarHouse.com
2264 Views

အစိုးရ အပြောင်းအလဲကြောင့် ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် အလားအလာကောင်းနိုင်

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည်
လက်ရှိတွင် ဈေးကွက်အနည်း ငယ်အေးနေသော် လည်း အနာဂတ်တွင် ဈေးကွက်အလားအလာ ကောင်းနိုင်ပြီး အငှားနှင့်အရောင်းဈေးကွက်များ ကောင်းလာနိုင်ဖွယ်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာပါက အိမ်ခြံမြေဈေးကွက် ပိုပြီးတိုးတက် လာနိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှညို က ပြောသည်။

"အခုကတော့ အိမ်ခြံမြေဈေးကွက်က တအိအိနဲ့ ကျဆင်းနေတယ်။ အိမ်ခြံမြေဈေး ကွက်ထဲကို ရင်းနှီးမြှုပ်နှံသူတွေက စုပြုံပြီးဝင်လာတာတွေ များလာတာကြောင့်လည်း ပါတယ်။ လာမယ့် ခြောက်လကျော်ဝန်းကျင် လောက်မှာတော့ ပြန်ပြီးဦးမော့လာနိုင်တယ်" ဟု ၎င်းကပြောသည်။

"မြန်မာနိုင်ငံမှာအများအားဖြင့်လူအများစုရင်းနှီးမြှုပ်နှံတဲ့ ဈေးကွက်တွေဖြစ်တဲ့ ရွှေဈေးကွက်၊ မော်တော်ကားဈေးကွက်၊ ဒေါ်လာ၊အထည်ချုပ်၊ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေဈေးကွက်တွေမှာ အိမ်ခြံမြေဈေးကွက်က ခိုင်မာမှုရှိတဲ့အတွက် လူတွေကစုပြုံပြီး ၀င်ရောက် လာတဲ့အတွက် ဈေးကွက်က နည်းနည်း လေးငြိမ်သွားတာပါ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း မြေဈေးကြီးတာတွေ၊ လျှပ်စစ် မရရှိတာတွေနဲ့ နိုင်ငံရေး ကိုစောင့်ကြည့်နေတာတွေကြောင့် ပြန်လှည့်သွားကြတာများတယ်" ဟု ရွှေအိမ်ကမ္ဘာ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းပိုင်ရှင် လည်းဖြစ်သူ ဦးသိန်းလှညိုက ပြောသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် အမြဲဆက်စပ် နေခြင်းကြောင့် နိုင်ငံရေးအပေါ် မူတည်ကာ စီးပွားရေးလုပ်ငန်းများ တိုးတက်မှုကလည်း ပြောင်းလဲနေ၍ လာမည့်အစိုးရသစ်လက်ထက်တွင် အကောင်းဘက်သို့ ဦးတည်နေသည်ဖြစ် ရာ စီးပွားရေးလည်းကောင်းမွန်လာနိုင် သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများလည်း ၀င်ရောက်လာလိမ့်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ "အိမ်ခြံမြေဈေးကွက်မှာ အငှားဈေးကွက် ကတော့ အမြဲတမ်း အပေါ်မှာပဲ ရှိနေတယ်။ ဈေးတွေကျဆင်းသွားစရာတော့ အကြောင်းမရှိပါဘူး။ မြေဆိုတာ ထပ်တိုးပြီးချဲ့လို့ရတာ မဟုတ်ဘူး။ မြို့လယ်ကောင်က အိမ်ခြံမြေဈေး ကတော့ ဈေးနှုန်းကျဆင်းနိုင်စရာအကြောင်း မရှိပါဘူး" ဟု ဦးသိန်းလှညိုက ပြောသည်။

အိမ်ခြံမြေဈေးကွက် ကောင်းမွန်နိုင်သည့် အလားအလာရှိနေပြီး ယခုလက်ရှိတွင် မြေ အရောင်းအ၀ယ်များ အလုပ်ဖြစ်နေကာ အငှားဈေးကွက် ပုံမှန်သာရှိနေသည်ဟု ရွှေ ကံမြေအိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။ "အနာဂတ် မှာတော့ အိမ်ခြံမြေဈေးကွက် က ကောင်းလာမှာပါ။ နိုင်ငံရေးကလည်း အကောင်း ဘက်ကိုပဲ ဦးတည်နေတော့ အိမ်ခြံ မြေဈေးကွက်ကလည်း ကောင်းလာမှာပါ"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများက အစိုးရသစ်လက်ထက် ပြောင်းလဲမှုများကို စောင့်ဆိုင်းနေခြင်းကြောင့် အိမ်ခြံမြေဈေးကွက် ကျဆင်းနေကြောင်း တောင်ဥက္ကလာပမှ အိမ်ခြံမြေအကျိုးဆောင် ဦးဇာနည်က ပြောသည်။

"အစိုးရသစ်လက်ထက်မှာ ပြောင်းလဲမယ် လို့အားလုံးက ယုံကြည်ထားတော့ အလုပ်တွေကို အခုခဏရပ်ထားပြီးတော့ အခြေအနေ ကိုစောင့်ကြည့်နေကြတယ်။ တချို့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆိုရင် အိမ်ရှင်တွေကို စာချုပ်ပဲချုပ်ထားပေးပြီးတော့ တိုက်မဆောက်သေးဘဲ စောင့်ဆိုင်းနေတာမျိုးတွေ ရှိတယ်"ဟု ၎င်းက ပြောသည်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service