အခြေခံ ပြည်သူများလက်ထဲ မရောက်နိုင်သေးသည့် ရန်ကုန်က အိမ်ရာစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
1394 Views

အခြေခံ ပြည်သူများလက်ထဲ မရောက်နိုင်သေးသည့် ရန်ကုန်က အိမ်ရာစီမံကိန်းများ

ရန်ကုန်တွင် သူရဲကောင်းနာမည် ၊ တန်ဖိုးကြီး လက်ဝတ်ရတနာ နာမည်များပင် ပေးထားပြီး အခြေခံပြည်သူများ အတွက်ရည်ရွယ်ကာ တည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်းများမှာ ရုပ်လုံးပေါ်နေပြီး အချို့မှာလဲ ပြည်သူအချို့လက်ထဲသို့ပင် ရောက်ရှိ့ခဲ့ပြီး အသုံးတော်ခံနေပြီဖြစ်သည်။

ရန်ကုန်တွင် ဗန္ဒုလ ဗိုလ်ဗထူး ဗိုလ်မင်းရောင် ကျန်စစ်မင်း ရတနာ ဧရာဝဏ် ရွှေလင်ဗန်း အစရှိသည့် အိမ်ရာ
စီမံကိန်းအများစုတွင် အချို့မှာပြီးစီးနေပြီဖြစ်ပြီး အချို့မှာ ဆောက်လုပ်ဆဲဖြစ်သည်။
ရန်ကုန်မှ အိမ်ရာစီမံကိန်း အများစုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အခြားဝန်ကြီးဌာနအချိုံက တာဝန်ယူတည်ဆောက်နေပြီး
တိကျသည့် အိမ်ယာမူဝါဒ သတ်မှတ်ချက် အခန်းတန်ဖိုး အကျယ် အ၀န်း ရောင်းချသည့် စနစ်မရှိသောကြောင့်
ပြည်သူများ အနေဖြင့် ၄င်းအိမ်ယာစီမံကိန်းများအား ၀ယ်ယူရန် အခက်အခဲ နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ခန့်မှန်းချက်အရ ရန်ကုန်တွင် လူနေထိုင်ရန်အခန်းပေါင်း သုံးသိန်းကျော်
လိုအပ်နေကြောင်းခန့်မှန်းထားသည်။ ထို့ကြောင့် ယခု ဆောက်လုပ်နေသည့် အိမ်ယာစီမံကိန်းများမှ
အခန်းများ အားလုံးပေါင်းပါက တစ်သိန်းကျော်ကျော်သာ ရှိသေးမည်ဖြစ်သောကြောင့် လိုအပ်ချက်ကို
မဖြည့်ဆည်းနိုင်သေးပေ။နှစ်စဉ် ရွေ့ပြောင်း အခြေချသူများပြားလာသည့် စီးပွားရေး မြို့တော်ရန်ကုန်တွင် အိမ်ခြေမဲ့ ကျူးကျော်များနှင့် အိမ်ဌား အရေအတွက်မှာ အရေအတွက်နှစ်စဉ် တိုးပွား နေရာ ယင်း ပြသနာကို
ဦးသိန်းစိန်အစိုးရက ရာခိုင်နှုန်း အနည်းငယ်ပင် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိပေ။
အထူးသဖြင့် အစိုးရမှတည်ဆောက်သည့် အိမ်ယာစီမံကိန်းများမှာ အမျိုးအစား အလိုက် ပျံ့ကျဲနေပြီ
တိကျသည့် မူဝါဒများအောက် တွင် မရှိဘဲ အဆင်ပြေသလို တည်ဆောက်နေကြခြင်းဖြစ်သည်ဟု
မြို့ပြပညာရှင်များကသုံးသပ်ကြသည်။

ဥပမာအားဖြင့် အခန်းပေါင်းသိန်းချီ ထွက်ပေါ်လာနိုင်သည့် ရတနာ ဧရာဝဏ် အိမ်ယာစီမံကိန်းမှာ
အထပ်မြင့် ဓါတ်လှေကား များထည့်သွင်းထားခြင်း အခြား အဆင့်မြင့်နည်းပညာများ ထည့်သွင်းထားခြင်းကြောင့် မတည်ဆောက်မှီကပင် ဈေးကြီးနိုင်သည်ဟုမြို့ပြပညာရှင်များက ကြိုတင်ဝေဖန်ခဲ့ကြသည်။

မြို့ပြညာရှင်များဝေဖန်ခဲ့သည့် အတိုင်းပင် အဆိုပါ အိမ်ယာစီမံကိန်း၏ အခန်းတန်ဖိုးမှာ သိန်း ၆၀၀ဖြင့်
စတင် ရောင်းချမည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ထိုနည်းတူ အခြား အိမ်ယာစီမံကိန်းများမှလဲ ရောင်းချသည့် စနစ် မူဝါဒ အမှား အချို့ကြောင့်တန်ဖိုး
မှာမတက်သင့်ဘဲ မြင့်တက်နေပြီး အမှန်တကယ် လိုအပ်သူအခြေခံလူတန်းများလက်ထဲသို့ မရောက်ရှိတော့ပေ။
အိမ်ရာစီမံကိန်းများရောင်းချရာတွင် အစိုးရက ၀ယ်ယူနိုင်သူများ၏ ၀င်ငွေအုပ်စုခွဲခြားရောင်းချသင့်ပြီး
နှစ်ရှည် အရစ်ကျ ၀ယ်ယူနိုင်ရန် ဘဏ်အများစုမှ ထောက်ပံ့ကူညီပေးနိုင်မှုအားနည်းကြောင်း ဝေဖန်ကြသည်။

လက်ရှိ အရစ်ကျ ငွေချေးပေးနိုင်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေးဘဏ်က သာ ထုတ်ချေးပေးနိုင်သော်လဲ ထုတ်ချေးပေးနိုင်သည့် ငွေပမာဏမှ နည်ပါးသောကြောင့် အခြေခံလူတန်းစာများ လက်ထဲသို့ မရောက်ရှိတော့ပေ။

" တန်ဖိုးနည်းဆိုလဲ တန်ဖိုးနည်းကြီးပဲဆောက်လိုက် အဌား အိမ်ယာဆိုလဲ အဌား အိမ်ယာတွေပဲ
အရေအတွက်များများဆောက်ပေးလိုက် အခုဟာက တစ်စစီ ပျံ့ကျဲနေတယ်"ဟုအိမ်ယာစီမံကိန်းများနှင့်ပက်သတ်ပြီး
ဝေဖန်ရေးဆောင်းပါးများရေးသားနေသူ ဦးမြင့်မိုရ်ဆွေကထောက်ပြသည်။

ထို့ပြင် ၄င်း အိမ်ယာစီမံကိန်းများအား ရေရှည်တွင် တည်တံ့စွာ ထိန်းသိမ်းနိုင်ရေးအတွက်တိကျသည့် မူဝါဒ
များ ချမှတ်ပေးထားခြင်း မရှိကြောင်း ဦးမြင့်မိုရ်ဆွေကဆိုသည်။ဆောက်လုပ်သမျှ အိမ်ယာအများစုမှာ အခန်းအရေအတွက်အားဖြင့် ထောင်ဂဏန်းသာ တည်ဆောက်နိုင်ပြီး မြေဧက အနည်း ငယ်တွင်သာ လုပ်ကိုင်နိုင်သောကြောင့် ပြည်သူများ လိုအပ်နေသော အခန်းအရေအတွကိုဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။

တန်ဖိုးမျှ တ တန်ဖိုးနည်း အိမ်ယာစီမံကိန်း အများစုမှာ တစ်ခန်း လျှင် သိန်း ၁၀၀မှ သိန်း ၆၀၀ အထိ
အမြင့်ဆုံးဈေးများ သတ်မှတ်ထားသောကြောင့် နေ့စား ၀န်ထမ်း အခြေခံ ၀င်ငွေ နည်း ပြည်သူများ
အတွက် အိမ်မက်တစ်ခု သာ ရှိနေသေးသည်။ရောင်းချရာတွင်လည်း အစိုးရ အရာရှိများ အငြိမ်းစားဝန်ထမ်းများကို သာ အဓိ ကဦးစားပေးရောင်းချနေခြင်းကို လဲ အများစုကဝေဖန်လျှက်ရှိသည်။ လျှောက်လွှာများလျှောက်ထားရာတွင်လဲ နေအိမ် အပိုင်ရှိသည်အရာရှိ အမှုထမ်းများကပါထပ်မံ လျှောက်ထားနေသောကြောင်အမှန်တကယ် လိုအပ်သူများထံသို့ မရောက်ရှိတော့ပေ။

ရောင်းချသည့်အခန်းအရေအတွက်နှင့် လျှောက်ထားသူ အေ၇အတွက်မှာ ဆယ်ဆမက
ကွာခြားလွန်းသဖြင့် မဲနှုက်ရောင်းချသည့် စနစ်မှာ လဲ အပ်ကြောင်းထပ်နေပြီဖြစ်သည်။
အခန်းအရေအတွက် တစ်ထောင်လျှင်လျှောက်လွှာ အရေအတွက် သောင်းဂဏန်းနှင့် ၀င်ငွေ အုပ်စုခွဲခြားပေးနိုင်ပြီး ရောင်းချပေးရန် လိုအပ်နေသည့် ရန်ကုန်မှာ အိမ်ယာစီမံကိန်းများမှာ အခြေခံပြည်သူများ
အတွက် ရွေပြည်တော်မျှော်တိုင်းဝေး၍သာ ရှိနေပါတော့မည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service