အင်ဂျင်နီယာကတိဝန်ခံချက်နဲ့သာ အဆောက်အအုံ တည်ဆောက်ခွင့်ပြုမည်။ - Property News in Myanmar from iMyanmarHouse.com
1125 Views

အင်ဂျင်နီယာကတိဝန်ခံချက်နဲ့သာ အဆောက်အအုံ တည်ဆောက်ခွင့်ပြုမည်။

အဆောက်အအုံကြီးကြပ်ဆောက်လုပ်မယ့် အင်ဂျင်နီယာတွေကို ကိုယ်တိုင်ဝန်ခံကတိပြုစာချုပ် ၊ ကတိဝန်ခံချက် ၊ အဆောက်အအုံကြီးကြပ်ဆောက်လုပ်ကြောင်း ကြားစာတွေပါမှ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ် ။

အင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက “အခုဆိုရင် အင်ဂျင်နီယာလိုင်စင်မိထ္ထူပါ တောင်းတယ် ၊ အဲဒီမိထ္ထူက up date ဖြစ်ရမယ်လို့ ပြောပါတယ် ။

အင်ဂျင်နီယာတွေက အဆောက်အအုံတွေကို ကိုယ်တိုင်မကြီးကြပ်ပဲ အခကြေးငွေယူပြီး လက်မှတ်ထိုးတာကြောင့် ကိုယ်တိုင်ကတိဝန်ခံချက်နဲ့ လက်မှတ်ထိုးခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ် ။

အဆောက်အအုံတွေကို စည်ပင်ကခွင့်ပြုပုံစံအတိုင်း တာဝန်ယူမတည်ဆောက်ရင် အဲသည်အဆောက်အအုံကို တာဝန်ယူတည်ဆောက်တဲ့လိုင်စင်အင်ဂျင်နီယာကို လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ပါတယ်။

လိုင်စင်အင်ဂျင်နီယာရဲ့ ကတိဝန်ခံချက်ထဲမှာ အဆောက်အအုံကို ခွင့်ပြုချက်နဲ့အညီ ကိုယ်တိုင်တာဝန်ယူ ကြီးကြပ်ဆောက်လုပ်ပါမည်။ အဆောက်အအုံပိုင်ရှင်က ခွင့်ပြုချက်မရမှီဆောက်လုပ်ရင် အင်ဂျင်နီယာကိုယ်တိုင် တားမြစ်ရမယ့်အပြင် အဆောက်အအုံအင်ဂျင်နီယာဌာနကို ချက်ချင်းအချိန်မီ တားဆီးနိုင်ရန် အကြောင်းကြားရမှာဖြစ်ပါတယ် ။

အဲသည်အချက်တွေ ပျက်ကွက်ရင် လိုင်စင်ပြန်လည်ရုပ်သိမ်းတာကို ခံယူမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ် ရေးထိုးရတာဖြစ်ပါတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service