မန္တလေးမြို့ဧရာဝတီဆိပ်ကမ်းတွင် ယာယီတဲများဖြင့်နေထိုင်သည့်ရွှေ့ပြောင်းလုပ်သားများအတွက် တည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်းများလျှောက်ထားသူ ၁၈၈၉ ဦးရှိ - Property News in Myanmar from iMyanmarHouse.com
805 Views

မန္တလေးမြို့ဧရာဝတီဆိပ်ကမ်းတွင် ယာယီတဲများဖြင့်နေထိုင်သည့်ရွှေ့ပြောင်းလုပ်သားများအတွက် တည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်းများလျှောက်ထားသူ ၁၈၈၉ ဦးရှိ

မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် ယာယီတဲများဖြင့်နေထိုင်ကာ ကာယ အင်အားဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရွှေ့ပြောင်းလုပ်သား မိသားစုများအနေဖြင့် ၄င်းတို့လုပ်ငန်းလုပ်ကိုင်ရာနေရာများ၌ လုံခြုံမှုအဆင့် မြင့်စွာ နေထိုင်စေရန်နှင့် ပြည်တွင်းရှိကာယ
လုပ်သားများ ပြည်ပသို့ ရောက်ရှိမသွားရန်ရည်ရွယ်ချက်
များဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အငှားအိမ်ရာများတည်ဆောက်ပေး ခဲ့ရာ နေထိုင်ရန်လျှောက် ထားသည့် အိမ်ထောင်စုပေါင်း ၁၈၈၉ ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားမှုဖြင့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက်တွင် အငှားအိမ်ရာ ၁၂ ခန်းတွဲ ခြောက်ထပ် အဆောက်အအုံပေါင်း ၂၂ လုံးကို ၂ဝ၁၄ ခုနှစ် မတ်လက စတင်တည်ဆောက် ခဲ့ပြီး ၇ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

''ဒီလိုတန်ဖိုးနည်း အငှားအိမ်ရာတွေကို မြန်မာနိုင်ငံမှာ စတင်အကောင် အထည်ဖော်တာက ပထမဆုံးဖြစ်ပါတယ်။ ငှားရမ်းခအချိုသာဆုံးဖြစ်တဲ့အပြင်ထိုက်သင့်တဲ့အဆင့်အ
တန်းတစ်ခုနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင် နိုင်အောင် တည်ဆောက်ခဲ့တာပါ။ တိုင်းဒေသကြီးအစိုးရက အခြားဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ကြား ထဲက ရွှေ့ပြောင်းလုပ်သားတွေ မိသားစုဘဝနေထိုင်ရေးကိုလည်း စဉ်းစားပေးပြီး အကောင်းဆုံးလုပ်ပေးတာ ပါ''ဟု မြို့တော်စည်ပင် သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသက် နိုင်ထွန်းက ပြောသည်။

မြို့တော်စည်ပင်အနေဖြင့် ¤င်းတို့အား အခမဲ့နေထိုင်ခွင့်ပေးလိုသော်လည်းယင်းအဆောက်အအုံများ ဆောက်လုပ်သည့် ကုန်ကျငွေမှာ မန္တလေး ပြည်သူများ ထမ်းဆောင်ထားသည့် အခွန်အခငွေများ၏ တစ်စိတ်တစ်ပိုင်း ကို ထည့်သွင်းအသုံးပြုထားသည့် အပြင် နောက်ပိုင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ဆက်လက်သုံးစွဲရမည်ဖြစ်၍ ငှားရမ်းခယူရခြင်းဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

အဆိုပါအငှားအိမ်ရာနေထိုင်ခွင့် လျှောက်လွှာများကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ စိစစ်လက်ခံပေးခဲ့ပြီး အငှားချထားပေးမည့် လုပ် ငန်းများဆောင်ရွက်ရန်စာရင်းကောက်ယူခြင်းနှင့် လျှောက်လွှာ များစိစစ်ခြင်း တို့အတွက် ဆပ်ကော်မတီဖွဲ့စည်း၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနများ၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများပူးပေါင်းကာ အသေးစိတ် စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။

စာရင်းများအရ ယာယီတဲများဖြင့်နေထိုင်သူ အိပ်ထောင်စုပေါင်း ၂၆၅၈ ရှိသည့်အနက် လျှောက်ထားသူ ၁၈၈၉ ရှိပြီး အခန်းပေါင်း ၁၅၈၄ ကို မဲစနစ် ဖြင့် ချထားပေးသွားမည်ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် (၁ဝ x ၂ဝ) ပေ ကျယ်၍ အခန်းများအလိုက် ရေချိုးခန်း၊ သန့်စင်ခန်း၊ အိပ်ခန်းများပါဝင်ပြီးလျှပ်စစ်မီးနှင့် ရေရရှိရေးကို ဆောင်ရွက်ထားကြောင်း၊ ငှားရမ်းခများမှာ ငွေကျပ် ၃ဝဝဝဝ ဖြစ်ပြီး ပထမထပ်မှ ဆဋ္ဌမထပ်အထိ မည်သည့်အခန်းမဆို တစ်လလျှင် ငွေကျပ်သုံးသောင်းဖြင့်တစ်ပြေးညီသတ်မှတ်ထားကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service