ငွေဆောင် အဆင့်မြင့်အပန်းဖြေအိမ်ရာ လာမည့် မိုးရာသီတွင် စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
5435 Views

ငွေဆောင် အဆင့်မြင့်အပန်းဖြေအိမ်ရာ လာမည့် မိုးရာသီတွင် စတင်တည်ဆောက်မည်

ငွေဆောင်ကမ်းခြေတွင် လာမည့် မိုးကာလ၌ စတင်တည် ဆောက်မည့် အဆင့်မြင့်အပန်းဖြေ အိမ်ရာမှ အခန်း ၅၀ ကျော် ရောင်း ချပြီးဖြစ်ကြောင်း Ayeyarwaddy Resort and Villa Development ကုမ္ပဏီမှ သတင်းရရှိသည်။

မြေဧက ၁၆၀ ကျော်တွင် တည်ဆောက်မှုအဆင့် သုံးဆင့်ခွဲ ကာတည်ဆောက်မည့်အဆိုပါအဆင့်မြင့်အိမ်ရာစီမံကိန်းသည် ပထမအဆင့်တွင် အခန်း ၁၀၀ ကျော် အား ၂၀၁၅ ဒီဇင်ဘာမှစတင်၍ အရောင်းဖွင့်ခဲ့ရာ ၅၂ ခန်းရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ငွေဆောင်ကမ်းခြေနှင့် ပေ၁,၅၀၀ ကျော်ကွာဝေးသည့် နေရာ တွင် တည်ဆောက်မည့် တစ်ခန်း လျှင် ကျပ်သိန်း ၂,၆၀၀ မှ သိန်း ၄,၀၀၀အထိကျသင့်မည့်အဆင့်မြင်အိမ်ရာအလုံးပေါင်း ၄၄၈ လုံးကို ရောင်းချမည်ဖြစ်သည်။

တစ်ခန်းလျှင် ကျပ် သိန်း ၂၆၀၀၊ သိန်း ၃၉၀၀ နှင့် သိန်း ၄၀၀၀ အထိ လက်ရှိဈေးဖွင့်ထား ပြီး ကမ်းခြေနှင့် နီးကပ်လေလေ ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းကို TSC Enterprise မှ အတိုင်ပင်ခံကုမ္ပဏီ အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာ ဝတီတိုင်းဒေသကြီးမှ ကုမ္ပဏီ ၂၀ နှင့် ပူးပေါင်းကာ Ayeyarwaddy Resort and Villa Development ကုမ္ပဏီအဖြစ် ရင်းနှီးမြှပ်နှံလုပ်ကိုင် မည့် စီမံကိန်းဖြစ်သည်။

အခန်းဝယ်ယူလိုသူများသည် ကုမ္ပဏီမှ သတ်မှတ်လိုက်သည့် ၂၄ လ အရစ်ကျငွေပေးချေမှုစနစ် ဖြင့် စတင် ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။

အိမ်ခန်းဝယ်ယူထားသူများ မနေထိုင်ဖြစ်ပါက ငွေဆောင်ကမ်း ခြေရှိအခန်းငှားရမ်းလိုသူများနှင့် ချိတ်ဆက်ပြီး ပြန်လည်ငှားရမ်းပေးမည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးမည်ဟုဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service