လိုင်စင်ရ ကန်ထရိုက်တာ နှင့် လိုင်စင်ရ အင်ဂျင်နီယာများကို ရန်ကုန်မြို့တော်စည်ပင် သတိပေးကြေငြာချက်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
3032 Views

လိုင်စင်ရ ကန်ထရိုက်တာ နှင့် လိုင်စင်ရ အင်ဂျင်နီယာများကို ရန်ကုန်မြို့တော်စည်ပင် သတိပေးကြေငြာချက်ထုတ်ပြန်

လိုင်စင်ရ ကန်ထရိုက်တာ နှင့် လိုင်စင်ရ အင်ဂျင်နီယာ များကို ရန်ကုန်မြို့မှ အထပ်မြင့် အဆောက်အဦးများ တည်ဆောက် မှုနှင့် ပက်သတ်ပြီး အသိပေးကြေငြာချက် တစ်စောင် ကို ရန်ကုန်မြို့တော်စည်ပင်ဇန်န၀ါရီ ၂၈က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အထပ်မြင့် အဆောက်အဦး များ မဆောက်လုပ်မှီ ခွင့်ပြုချက် မကျခင်တွင် စီမံကိန်း ဒီဇိုင်းအား မြေပြင်သို့ သွားရောက်ကြည့် ရှုခြင်း မရှိဘဲ ရေးဆွဲခြင်း ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို အခကြေးငွေယူ၍ လက်မှတ်ထိုးခြင်း ဆောက်လုပ်ခွင့် ရရှိပါကလဲ လုပ်ငန်းခွင်အား စနစ်တကျ မကြီး ကြပ်ဘဲ စည်းကမ်းဖောက်ဖျက်မှုနှင့် ပုံစံကွဲ လွဲမှုများဖြစ်ပေါ်နေသောကြောင့် အရေးယူခြင်း လိုင်စင် ပိတ်သိမ်းခြင်းများကို ယခင်က ထက်ပိုမိုကြပ်မတ်တော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

အရေးယူရာတွင် လိုင်စင်ရ ကန်ထရိုက်တာနှင့် အင်ဂျင်နီယာ အများစုက ၄င်းတို့ ၏မြစ်မှုပြစ် ဒဏ်ကို လျှော့ပေါ့ရန် ပြန်လည်စဉ်းစားပေးရန် လာရောက် တင်ပြတောင်းဆိုပေးမှုများကိုလဲ လိုက်လျော မည် မဟုတ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် ကန်ထရိုက်တာနှင့် အင်ဂျင်နီယာများ အနေဖြင့် မိမိတာဝန်ယူကိုင်တွယ်သည့် စီမံကိန်း ဒီဇိုင်းအား ကိုယ်တိုင်သွားရောက်ကြည့်ရှု ကြပ်မတ်ခြင်း စည်ပင်မှ ထုတ်ပြန်ထားသည့် လုပ်ထုံး လုပ်နည်းများ ဖြင့်ကိုက်ညီမှု ရှိမရှိ စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

၂ နှစ်တာကာလအတွင်းအဆောက်အအုံတည်ဆောက်စဉ် စည်းကမ်းချိုးဖောက်မှုဖြင့် လိုင်စင်ရအင်ဂျင်နီယာ စုစုပေါင်း၄၈၀ ကျော်ကို အရေးယူထားကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ ကနဦး သတင်းများ ထုတ်ပြန်ထားသည်။

လိုင်စင်ရ အင်ဂျင်နီယာများ အား အရေးယူအပြစ်ပေးမှုအပိုင်း တွင် ၂၃ မျိုးရှိပြီး အရေးယူခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၅ အတွင်း လ အလိုက် လိုင်စင်ပိတ်သိမ်းခြင်း၊ နှစ်အလိုက် လိုင်စင်ပိတ်သိမ်း ခြင်း၊ ရာသက်ပန်လိုင်စင် ပိတ် သိမ်းခြင်းနှင့် ခေါ်ယူ သတိပေးခြင်းတို့ပါဝင်ပြီး လက်မှတ်ရေးထိုးခိုင်း သည့် လိုင်စင်ရအင်ဂျင်နီယာမှာ၄၈၀ ကျော်ရှိသွားပြီဖြစ်သည်။

အင်ဂျင်နီယာနှင့် အဆောက် အအုံဌာန၏ ထုတ်ပြန်သော ကိန်း ဂဏန်းများအရ ဆောက်လုပ်ရေး လုပ်ငန်းများ အားကောင်းခဲ့သည့် ၂၀၁၅ အတွင်း အရေးယူသည့် အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး ဒီဇင်ဘာ၌ စုစုပေါင်း ၂၁ ဦးကို ရာသက်ပန် လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူခဲ့သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service