မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် စင်ကာပူနိုင်ငံမှ ဒေါ်လာ သန်း ၁၅၀၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
886 Views

မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် စင်ကာပူနိုင်ငံမှ ဒေါ်လာ သန်း ၁၅၀၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထား

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၅၁၄ ဒသမ ၂၄၄၄ သန်းဖြင့် အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားပြီး ယူကေ၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၇ သန်းဖြင့် အနည်းဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး (စီမံကိန်းဌာန) မှ သိရသည်။

၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ ဟိုတယ်စီမံကိန်း ၂၁ ခုတွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော် ပထမ နေရာဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ဖြင့် ဒုတိယနေရာ၊ ထိုင်းနိုင်ငံမှ သန်း ၃၄၀ ကျော်ဖြင့် တတိယနေရာတွင် ရင်းနှီမြှုပ်နှံထားလျက်ရှိကြောင်း အဆိုပါ စီမံကိန်းဌာနမှ သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ဟိုတယ်ကဏ္ဍတွင် အာရှနိုင်ငံ ခုနစ်နိုင်ငံမှ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၆၀၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ယူကေ၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံ သုံးနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၇ သန်းအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး စီမံကိန်းဌာနမှ သိသည်။

“ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် အာရှနိုင်ငံတွေ တော်တော်များက အများဆုံး ရင်းနှီးမြှုပ်နှံထားတာကို တွေ့ရတယ်။ ရင်းနှီးမြှုပ်နှံမှုထဲမှာ ဆိုရင်တော့ စင်ကာပူက ထိပ်ဆုံးက ရပ်တည်နေတာကို တွေ့ရတယ်။ ဒီမြှုပ်နှံမှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီးများလာမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များလာတာနဲ့အမျှ ပြည်တွင်းရင်နှီးမြှုပ်နှံမှုတွေကလည်း တိုးတက်လာပါတယ်” ဟု အဆိုပါ စီမံကိန်းဌာနမှ ဦးမျိုးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံသို့ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံသည့် အာရှနိုင်ငံမှ စီမံကိန်းများမှာ စင်ကာပူနိုင်ငံမှ စီမံကိန်း ၂၁ ခု၊ ဗီယက်နမ်မှ တစ်ခု၊ ထိုင်းနိုင်ငံမှ ၁၀ ခု၊ ဟောင်ကောင်မှ လေးခု၊ ဂျပန် သုံးခု၊ မလေးရှား သုံးခု၊ တောင်ကိုရီးယား တစ်ခုအပြင် ယူကေမှသုံးခု၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံတို့မှ စီမံကိန်း တစ်ခုစီဖြင့် လာရောက်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားသား လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၇၈ ဒသမ ၃၈၀၄ သန်းအထိ တိုးမြင့်လာခဲ့ပြီး ၂၀၁၄ ခုနှစ်ထက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပိုလာကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ မှ ၂၀၁၅ ဘဏ္ဍာနှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍသည် စတုတ္ထနေရာတွင် ရှိခဲ့ပြီး သဘာဝ အရင်းအမြစ်များပေါ် မူတည်သော လျှပ်စစ်ဓာတ်အား ကဏ္ဍနှင့် ဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ထည့်သွင်းမြှုပ်နှံခဲ့ကြောင်း MIC မှ သိရသည်။

Credit: ElevenMediaGroup

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service