တစ်လလျှင်ငွေသုံးသောင်းသွင်းဝယ်ယူနိုင်မည့် ဘားအံမြို့မှတန်ဖိုးမျှတ အိမ်ယာစီမံကိန်း စတင်မည် - Property News in Myanmar from iMyanmarHouse.com
2798 Views

တစ်လလျှင်ငွေသုံးသောင်းသွင်းဝယ်ယူနိုင်မည့် ဘားအံမြို့မှတန်ဖိုးမျှတ အိမ်ယာစီမံကိန်း စတင်မည်

ကရင်ပြည်နယ် ဘားအံ စက်မှုဇုံအနီးတွင် တစ်လလျှင်သုံးသောင်းသွင်းရုံဖြင့် ၀ယ်ယူနိုင်မည့်တန်ဖိုးမျှတအိမ်ယာစီမံကိန်း ကို စတင် တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါ အိမ်ယာစီမံကိန်းအားတည်ဆောက်မည့် The Infrastructure of Myanmar မှ သတင်းရရှိသည်။

အခန်းပေါင်း ၂၅၀၀ကျော်ပါဝင်မည့် အဆိုပါ တန်ဖိုးမျှ တ အိမ်ယာစီမံကိန်းအား တည်ဆောက်မည့် ဘားအံ စက်မှုဇြုံငိမ်းချမ်းသာယာစံပြကျေးရွာတွင် ဇန်န၀ါရီ ၂၄ ၇က်ကပနက်တင် အခမ်း အနားကိုပါတစ်ပါတည်း ကျင်းပခဲ့သည်။

တစ်ခန်းလျှင်ပေ၂၀ ပေ၄၀ အကျယ်အ၀န်းရှိမည့် ၄ထပ်အဆောက်အဦးဖြစ်ပြီးစိတ်ဝင်စားသူ ၀ယ်ယူသူများပြားပါက အခန်း ၏ အမြင့်ကို ထပ်မြင့်၍ အခန်းများတိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။

တစ်လလျှင် သုံးသောင်းသွင်းပြီး နှစ်သုံးဆယ် အရစ်ကျပေးသွင်းနိုင်သည့် အဆိုပါ အိမ်ယာစီမံကိန်းအား မြဌေးကြွယ်လင်း ကုမဏ္ပီနှင့် The Infrastructure of Myanmar တို့မှ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး ကရင်ပြည်နယ် အစိုးရထံမှ ၀ယ်ယူထားသည့် မြေ ဧက ၂၀တွင် စတင် အကောင်အထညိဖော်ခြင်းဖြစ်သည်။

တစ်လလျှင် သုံးသောင်းမသွင်းယူဘဲ လက်ငင်းဝယ်ယူလိုသူများ အနေဖြင့် အတိုးနှုန်း မပါဘဲ သိန်း ၈၀ ဖြင့် တိုက်ရိုက် ၀ယ်ယူနိုင်ပြီး လတ်တလောတွင် စိတ်ဝင်စားသဖြင့် ၀ယ်ယူရန် လာရောက်လျှောက်ထားသူ ရာချီရှိနေကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးကပြောသည်။

The Infrastructure of Myanmar ကုမဏီမှ တည်ဆောက်သည့် တန်ဖိုးမျှတ စီမံကိန်းများထဲတွင်ယခုအိမ်ယာစီမံကိန်းမှာ ပထမဆုံးဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ယခုကဲ့သို့ တည်ဆောက်ရောင်းချနိုင်ရန် အဆိုပြုလွှာများတင်သွင်းထားကြောင်း ၄င်းကုမဏ္ပီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး ကပြောသည်။ ၄င်း အိမ်ယာစီမံကိန်းကို အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသည့် အလုပ်သမားကဒ် အလုပ်လုပ်ကြောင်းသက်သေခံ လက်မှတ်ပြသနိုင်ပါက ရောင်းချပေးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

ယခုစီမံကိန်းပြီးစီးပါက စစ်ကိုင်းတိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် ဆက်လက်တည်ဆောက် ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များထံမှ ခွင့်ပြုချက်ရရှိထားပြီဖြစ်ကြောင်း ၄င်းကပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service