ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ပိုင်းဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့က အများဆုံး ရင်းနှီးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
857 Views

ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ပိုင်းဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့က အများဆုံး ရင်းနှီးမြှုပ်နှံထား

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံပိုင်းဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဒေသတွင်း ခရီးသွားအပြိုင်အဆိုင်ဆွဲဆောင်ရာ နိုင်ငံများဖြစ်သည့် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့က အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သည့်စာရင်းများအရ သိရသည်။

လက်ရှိ အစိုးရသစ်မတိုင်မီက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုနည်းပါးခဲ့ပြီး ငါးနှစ်တာကာလအတွင်းတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည် အကောင်အထည်ဖော်ရေးကို ပံ့ပိုးဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၄၇ ခုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၆၄၁ ဒသမ ၃ဝဝ သန်း အထိရှိခဲ့ပြီး နိုင်ငံအလိုက် ရင်းနှီး မြှုပ်နှံမှုများ တွင် ဒေသတွင်းအာဆီယံ နိုင်ငံများဖြစ်သော စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၇၇ ဒသမ ၁၆၄ သန်း ဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံး နေရာတွင် ရပ်တည်လျက်ရှိကာ ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ်လာ သန်း ၄၄ဝ ဖြင့် ဒုတိယနေရာတွင် ရှိနေကြောင်း စာရင်းများအရ သိရသည်။

ယင်းနောက်တွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၄၃ ဒသမ ၁၃ သန်းဖြင့် တတိယနေရာတွင်ရှိနေပြီး ယင်းနောက် ဟောင်ကောင်၊ ဂျပန်၊ မလေးရှားနှင့် ယူနိုက်တက်ကင်းဒမ်းတို့က အစဉ်လိုက်ရှိနေကြောင်း သိရသည်။

ယခင် ၂ဝ၁၁ ခုနှစ်က ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံ စီမံကိန်း ၃၆ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ သန်းသာရှိခဲ့ရာမှ မြန်မာနိုင်ငံသားများဥပဒေကို ၂ဝ၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးနောက်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သဘောထား မှတ်ချက်တောင်းခံပြီး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလကုန်အထိကော်မရှင်၏ ခွင့်ပြုမိန့်ထုတ် ဆောင်ရွက်ခဲ့သော ဟိုတယ် ၄၈ လုံး၊ အခန်းပေါင်း ၇ဝ၅၈ ခန်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၅၅၄၅၇ ဒသမ ၄ သိန်းအထိ ရှိလာသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံခဲ့ရာတွင် ခရီးသွားအများဆုံး လာရောက်မှုရှိသည့် အချက်အချာဒေသဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ခရီးသွားများသည့် ဒေသများတွင်လည်း ဟိုတယ်အသစ်များ တိုးချဲ့ဆောက်လုပ်မှုမှာ များပြားလာခဲ့သည်။
''ဟိုတယ်အသစ်တွေ ရင်းနှီးမြှုပ်နှံမှုများလာတဲ့အတွက် ဒီကဏ္ဍမှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးဖြစ်ပေါ်ခဲ့ပါတယ်။

အရင် ခရီးသွားကျသွားတဲ့ကာလတွေမှာ ဟိုတယ်ကဏ္ဍ အရှုံးပေါ်ခဲ့ပြီး ဒီကဏ္ဍရဲ့ လုပ်သားတွေဟာလည်း ပြည်ပထွက်ပြီးလုပ်ကြရတယ်။ အခုဆိုရင် တော်တော်များများက ပြန်လာကြတယ်။ နောက်ပြီး ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေ က ဒေသတွင်းနိုင်ငံတွေက အများဆုံးဖြစ်နေတယ်။ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးတွေ လာဖို့လိုအပ်ပါတယ်။ ဒေသတွင်း နိုင်ငံတွေကလည်း ခရီးသွား ဆွဲဆောင်တဲ့ဒေသတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ဧည့်သည်များများလာအောင် သူတို့နဲ့အပြိုင် ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းဝန်ဆောင်မှု တွေနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာတွေ၊ နိုင်ငံခြားသား ဧည့်သည်တွေအတွက် လွယ်ကူကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ၊ လုံခြုံစိတ်ချရမှုတွေလည်း ရှိဖို့လိုအပ် ပါတယ်။

ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ပြင်ဆင်ထားဖို့ လိုအပ်တာပေါ့။ ထိုင်းတို့၊ စင်ကာပူတို့ ဆိုရင် ခရီးသွား ကဏ္ဍကရတဲ့ ဝင်ငွေအရမ်းများတယ်။ မြန်မာနိုင်ငံမှာ တကယ်ကို လှပတဲ့၊ ရှေးကျတဲ့ အမွေအနှစ်တွေ၊ နေရာများစွာတွေ ရှိနေတဲ့အတွက် အနာဂတ် အလားအလာ ကောင်းတယ်လို့ ဆိုရမယ်။ ဒါကို အသုံးချနိုင် ဖို့ပဲ လိုအပ်ပါတယ်''ဟု ဝါရင့်ပြင်သစ်ဧည့်လမ်းညွှန် တစ်ဦးက သုံးသပ်ခဲ့သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service