၅၁ လမ်းကွန်ဒိုအိမ်ရာသစ်အတွင်း ယခင်တိုက်ခန်းနေ ပြည်သူများကို နေရာပြန်ချထားပေး - Property News in Myanmar from iMyanmarHouse.com
1332 Views

၅၁ လမ်းကွန်ဒိုအိမ်ရာသစ်အတွင်း ယခင်တိုက်ခန်းနေ ပြည်သူများကို နေရာပြန်ချထားပေး

အိမ်ရာများပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ကွန်ဒိုနှစ်လုံးတွင် ယခင်တိုက်ခန်းနေပြည်သူများအတွက် နေရာပြန်လည်ချထားပေးမှုကို ရန်ကုန်မြို့ ၅၁ လမ်းတွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ် ၅၁ လမ်း ကွန်ဒိုအိမ်ရာသစ်အတွင်း ခေတ်မီလုံခြုံရေးစနစ်တပ်ဆင် ထားသော ဓာတ်လှေကားများအပါအဝင် ကားပါကင်များ၊ ကလေးကစားကွင်းများ၊ ကာရာအိုကေ ခန်းများ၊ ကော်ဖီဆိုင်များ၊ ဘိလိယက်ခုံများ ၊ အစည်းအဝေးခန်းများ၊ အားကစားလေ့ကျင့်ခန်းများ၊ အပန်းဖြေ ရေကန်ငယ်များနှင့် မျက်မမြင်အနှိပ်ခန်းများလည်းပါရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ''ယခင်အဆောက်အအုံအဟောင်းဟာ ၅၈ နှစ်ခန့် သက်တမ်းကြာခဲ့တာမို့ အိမ်ရာများပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်များအရ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက်ရယူကာ ပထမဦးဆုံးဆောင်ရွက်ခဲ့တဲ့ Pilot Project ဖြစ်ပါတယ်''ဟု ပြောကြားသည်။

''လုပ်ငန်းဆောင်ရွက်စဉ် ကာလမှာလည်း မိသားစုများယာယီနေထိုင် အဆင်ပြေစေရေးအတွက် ကာလပေါက်ဈေးအတိုင်း အိမ်ငှားစရိတ်များ၊ ပြောင်းရွေ့စရိတ်များ ထုတ်ပေးခဲ့ပါ တယ်''ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။ မူလအိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ၄ဝဝ ခန့်သာ ကျယ်ဝန်းသော်လည်း တိုက်သစ်များတွင် တစ်ခန်းလျှင် စတုရန်းပေ ၆ဝဝ ကျယ်ဝန်းသည်။ အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်သည့် ကွန်ဒို၌ အခန်းပေါင်း ၁၉၇ ခန်းပါဝင်ကာ မဟာနဝရတ်မြေ မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်သည့် ကွန်ဒို၌ အခန်းပေါင်း ၁၈၁ ခန်း ပါဝင်သည်။တိုက်ခန်းနေ ပြည်သူဖြစ်သော ကိုအောင်ခိုင်က ''အခုဆိုရင်တာဝါ A နှင့် B က တိုက်ခန်းနေပြည်သူများ ပြန်လည်နေထိုင်နေကြပါပြီ။ အားလုံး အဆင်ပြေပါတယ်။ အခုလို ကျွန်တော် တို့ တိုက်ခန်းနေပြည်သူများအတွက် အဆင့်မြင့်တိုက်ခန်းများ ဆောင်ရွက် ပေးလိုက်လို့ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်''ဟု ပြောသည်။

အဆိုပါ အိမ်ရာတိုက်ခန်းများမှာ ယခင် ၁၉၅၄-၅၅ ခုနှစ်က အိမ်ခန်း တစ်ခန်းလျှင် စတုရန်းပေ ၄ဝဝ ခန့်ရှိ ၈ ခန်းတွဲ ၄ ထပ်တိုက်များ ဖြစ်ပြီး အိမ်ထောင်စုဝင် ၂၂၄ ဦး နေထိုင် ခဲ့ကြသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ နှစ်ခုတို့ သဘောတူစာချုပ်ချုပ်ပြီး နောက် နှစ်နှစ်တာ ကာလအတွင်း အိမ်ရာသစ်စီမံကိန်း ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service