ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon စီမံကိန်း ၅၀ ရာခိုင်နှုန်းပြီးစီး - Property News in Myanmar from iMyanmarHouse.com
2322 Views

ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon စီမံကိန်း ၅၀ ရာခိုင်နှုန်းပြီးစီး

အမေရိကန်အခြေစိုက် Star Wood Hotels and Resorts ကုမ္ပဏီနှင့် Family Business Group Hotel လီမိတက်တို့ မြန်မာ နိုင်ငံတွင် ပထမဦးဆုံးအကျိုးတူ ပူးပေါင်း ဆောက်လုပ်လျက်ရှိသော ရန်ကုန်မြို့၏ပုံရိပ်ကို ထင်ဟပ်စေ မည့် ကြယ်ငါးပွင့်အဆင့်မီSheraton Hotel Yangon စီမံကိန်းမှာ ၅ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးနေပြီဖြစ် ကြောင်း သိရသည်။

အမေရိကန် နည်းပညာဖြင့် ကန်ဒေါ်လာသန်း ၃ဝ ကုန်ကျခံ ဆောက် လုပ်မည့် ကြယ်ငါးပွင့် အဆင့်မီ Sheraton Hotel Yangon စီမံကိန်းမှာ မြေအကျယ် ၁ ဒသမ ၂၃ ဧကပေါ်တွင် ဆောက် လုပ်နေခြင်း ဖြစ်ပြီး ဟိုတယ်အဆောက်အအုံ၏ ကြမ်းခင်းဧရိယာ စတုရန်းပေ ၃၉၆၉၇၈ ရှိကာ အလျား ၂၁၇ ပေ နှင့် အနံ ၂၆၆ပေ ရှိ၍ လာမည့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက် ဖွင့်လှစ်မည် ဖြစ်သည်။

ဟိုတယ်ဆောက်လုပ်မှုများအတွင်း နိုင်ငံတကာ အဆင့်မီ အခန်းပေါင်း ၃၇၅ ခန်း ပါဝင်မည်ဖြစ်ပြီး ကားပါကင်မှာ ယာဉ်အစီးရေ ၂ဝဝ ခန့် ရပ်နားနိုင် သော မြေအောက်ထပ် နှစ်ထပ်ပါဝင်မည်ဖြစ်သည်။
ဟိုတယ်အဆောက်အအုံမှာ နိုင်ငံတကာ စံချိန် စံညွှန်းဝင် ၁၄ ထပ်အဆောက်အအုံဖြစ်ပြီး အဆင့် မီဓာတ်လှေကား ၁၂ စင်းနှင့် စက်လှေကားသုံးစင်း ပါဝင်မည်ဖြစ်သည်။ ပထမထပ်ရှိ ကပွဲခန်းမ၌ လူဦးရေ ၇ဝဝ ဆံ့ အခန်း ထည့်သွင်းဆောက်လုပ် မည်ဖြစ်ပြီး အဝင်ဝ(Lobby)၌ အဆင့်မြင့် စားသောက်ဆိုင်သုံးဆိုင် ပါဝင်မည်ဖြစ်ကာ အပေါ် ဆုံး ၁၂ လွှာရှိ အမိုးထပ်တွင်လည်း စားသောက် ဆိုင် သုံးဆိုင် ပါဝင်မည်ဖြစ်သည်။

ဟိုတယ် အဆောက်အအုံ ဒုတိယအထပ်တွင် ရေကူးကန်၊ အားကစားလေ့ ကျင့်ခန်း၊ နိုင်ငံတကာ အဆင့်မီ Spa များပါဝင် ဆောက်လုပ်ထားရှိပြီး တတိယအလွှာမှ ၁၁ ထပ်ထိ အခန်းပေါင်း ၃၇၅ ခန်း ပါဝင်ကြောင်း သိရသည်။ လက်ရှိရက်ပေါင်း ၄ဝ လျှင် ကြမ်းခင်း ကွန် ကရစ်လောင်းဆောင်ရွက် လျက်ရှိနေပြီး မြေအောက် ထပ် နှစ်ထပ်အပါအဝင် ရှစ်လွှာအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ဟိုတယ်အဆောက်အအုံ ဆောက်လုပ်မှုများ အတွင်း ဥရောပ၊ စင်ကာပူ၊ တရုတ်နှင့် အမေရိကန် နိုင်ငံထုတ်ကုန်ပစ္စည်းများ ပါဝင်ဆောက်လုပ် လျက်ရှိသည်။

Family Business Group Hotel လီမိ တက်မှ အမှုဆောင်အရာရှိချုပ် ဦးကိုကိုလတ်က ''နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ ဒီSheraton ဟိုတယ်ဟာ ရန်ကုန်မြို့ကို ဝင်ရောက် လာခြင်းအားဖြင့် နိုင်ငံတော်အတွက် အခြားနိုင်ငံ များမှ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်သလို ဖြစ်သွားပါပြီ၊ အခြားစီးပွားရေးကုမ္ပဏီငယ်များက လည်း အွန်လိုင်းကနေတွေ့ပြီး အချိန်မရွေးဝင် ရောက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ဆက်သွယ် လာ နိုင်ပါတယ်။

နောက်တစ်ခုအရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံအတွင်းက ပြည်သူဦးရေ ၅ဝဝ ကျော်ကို ဒီSheraton ဟိုတယ်က အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်မှာဖြစ်ပြီး အခြားဆက်စပ် ကုမ္ပဏီ ၂ဝဝ ကျော်အတွက် လည်း အခွင့်အလမ်း များ ရရှိစေမှာဖြစ်ပါ တယ်''ဟုဆိုသည်။ နမူနာပုံစံ ကလည်း ဖေဖော်ဝါရီလကုန်လောက်ဆိုပြီးစီးမှာ ပါ။ အဲ့လိုဖေဖော်ဝါရီ လကုန်မှာ အခန်းနမူနာ ပုံစံဆောင်ရွက်ပြီးစီးပြီဆိုရင် တကယ့်အခန်းများ ကို စတင်ဖွဲ့စည်းတော့မှာပါ။

ကြယ်ငါးပွင့် အဆင့်မီ Sheraton Hotel Yangon ဖွင့်လှစ်ပြီဆိုပါက ရန်ကုန်မြို့သို့ အကြောင်းကိစ္စကြောင့် လာရောက် လည်ပတ်ကြ မည့်ခရီးသွား ဧည့်သည်များ အတွက်ပါ အကျိုးရှိစေ မည်ဖြစ်ပြီး ရန်ကုန်မြို့ လူဦးရေ အချို့တွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြစေတော့ မည်ဖြစ်သည်။ ထို့အပြင် အဆိုပါကြယ်ငါးပွင့် အဆင့်မီSheraton Hotel Yangon စီမံကိန်းမှာ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် မတ် ၂ဝ ရက်က ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ စတင် ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service