ခမ်းနားလွန်းသော မော်စကိုမြို့ရှိ မီးရထားဘူတာများ - Property News in Myanmar from iMyanmarHouse.com
996 Views

ခမ်းနားလွန်းသော မော်စကိုမြို့ရှိ မီးရထားဘူတာများ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြေအောက်မီးရထား ဘူတာရုံများသည် အလွန်ညစ်ပတ်နေမည်ဟု ထင်ထားပါက အမှားကြီး မှားသွားဖြစ်သည်။

မော်စကိုမြို့ရှိ မီးရထား ဘူတာများ တည်ဆောက်ထားပုံသည် နန်းတော်များသဖွယ် ဖြစ်နေသောကြောင့် မြင်ရသူအပေါင်း အံ့အားသင့်စေမည် ဖြစ်ကြောင်း ကနေဒါ ဓာတ်ပုံဆရာ ဒေးဗစ်ဘာဒီနီက ပြောကြားခဲ့သည်။

ဒေးဗစ် ဘာဒီနီသည် မော်စကိုမြို့သို့ သွားရောက်ပြီး မီးရထားဘူတာများကို အချိန်ယူ ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းသို့ ရိုက်ကူးရာတွင် ဘူတာရုံအတွင်း လူမရှိသည့် အချိန်များကို ရွေးချယ်ခဲ့သည်။ ဘူတာရုံ၏ သန့်ရှင်းမှု၊ ကြီးကျယ်ခမ်းနားမှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရန် ညအချိန် များကိုသာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် မော်စကိုရှိ ဘူတာရုံများ ခမ်းနားမှုကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သည်။

ရုရှားနိုင်ငံသည် စတာလင် လက်ထက် ၁၉၃၅ ကတည်းက မော်စကိုတွင် မြေအောက် မီးရထား ဘူတာများကို တည်ဆောက်ခဲ့သည်။ ယင်းသို့တည်ဆောက်ရာတွင် ကွန်မြူနစ် အငွေ့အသက်များ ပါအောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဘူတာရုံများသည် အံ့အားသင့်စရာ ကောင်းလောက်အောင် ခမ်းနားနေခြင်း ဖြစ်သည်။

မော်စကိုရှိ မြေအောက်မီးရထားစနစ်ကို အသုံးပြုသော ခရီးသွားသည် တစ်နေ့ကို ကိုးသန်းခန့်ရှိသည်။ ၂၀၂၀ တွင် စတုတ္ထမြောက် အများဆုံး စီးနင်းသည့် မြေအောက် မီးရထားလမ်း ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service