တစ်လ ကျပ် (၃၀,၀၀၀) နဲ့ အနှစ် (၂၀) ပေးသွင်းရမယ့် အိမ်ရာ အကောင်အထည်ဖော်တော့မည် - Property News in Myanmar from iMyanmarHouse.com
5663 Views

တစ်လ ကျပ် (၃၀,၀၀၀) နဲ့ အနှစ် (၂၀) ပေးသွင်းရမယ့် အိမ်ရာ အကောင်အထည်ဖော်တော့မည်

တစ်လ ကျပ် (၃၀,၀၀၀) အရစ်ကျစနစ် နဲ့ အနှစ် (၂၀) ပေးသွင်းပြီး အိမ်ရာပိုင်ဆိုင်နိုင်မယ့် စီမံကိန်းကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တွေမှာ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ ခွင့်ပြုမိန့်ရရှိပြီလို့ သိရပါတယ်။

"ဒီလောက်တန်ဖိုးကျတော့ အခြေခံလူတန်းစားတွေပါ ၀ယ်နိုင်မယ်၊ ၀န်မပိပဲ အိမ်ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်မှာပါ" လို့ The Infrastructure Of Myanmar က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါအိမ်ရာစီမံကိန်းတွေကို မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နဲ့ တိုင်း (၁၄) ခုလုံးမှာ ဆောက်လုပ်ဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာတော့ သက်ဆိုင်ရာ အစိုးရက ခွင့်ပြုချက်ပေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အရင်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းအားလုံးအတွက်အခန်းပေါင်း နှစ်သန်းလောက်အထိ ဆောက်လုပ်သွားမှာ ဖြစ်ပြီး ခန်းပုံစံနဲ့ အထပ်အမြင့်တွေကတော့ ခွင့်ပြုချက်ရရှိတဲ့အပေါ် မူတည်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ခွင့်ပြုချက်ရရှိဖို့ လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့မှာ တည်ဆောက်ခွင့်ရရှိဖို့ကိုလည်း ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်နိုင်ဖို့အတွက် မြေနေရာရှာဖွေခိုင်းထားပြီး မြေနေရာပေါ် မူတည်ပြီး ခွင့်ပြုမိန့်ပေးသွားမှာ ဖြစ်ပါတယ်။

အိမ်ရာစီမံကိန်းကို လတ်တလောမှာတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး ဆောက်လုပ်မယ့် အချိန်ကာလတော့ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။

အိမ်ရာတွေကို သက်ဆိုင်ရာဒေသခံတွေကို ဦးစားပေး ရောင်းချသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ အခန်းတွေကိုတော့ လျှောက်လွှာတင်ထားတဲ့ ပြည်သူတွေကို ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service