မန္တလေးခရိုင်တွင် မြို့ပြနှင့် နီးသော လယ်မြေများကို ရောင်းချမှုများလာ - Property News in Myanmar from iMyanmarHouse.com
1035 Views

မန္တလေးခရိုင်တွင် မြို့ပြနှင့် နီးသော လယ်မြေများကို ရောင်းချမှုများလာ

မန္တလေးခရိုင်တွင် မြို့ ပြနှင့် နီးစပ်လာသော
လယ်မြေဧကများကို ရောင်းချမှုများပြားလာပြီး
လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်ရန်စိတ်ဝင်စားမှုလျော့ကျ
လာကြောင်းမန္တလေးမြို့အနီးရှိ ကျေးရွာအချို့မှ
တောင်သူများထံ မှ သတင်းရရှိသည်။

‘‘ဦးလေးတို့ ဒီပုသိမ်ကြီးမှာ ဆို လမ်းနဲ့နီးတဲ့ လယ်တစ်ကွက် ကိုသိန်းတစ်ထောင်၊ ထောင့်ငါးရာလောက်ပေါက်ဈေးရှိတယ်။ လယ်က (၁၀)နှစ်၊ အနှစ် (၂၀) လုပ်တာတောင် ဒီလောက်ပိုက်ဆံမရဘူး။အဲဒီတော့ကျုပ်တို့လည်း ရောင်းကြတာပဲ။ ရွာထဲမှာ အလွန် ဆုံးတစ်ယောက်မှ ငါးဧကက အ များဆုံးပဲလုပ်ကြတော့တာ’’ဟု မိုင်ကုန်းကျေးရွာရှိ အနှစ် (၂၀) ကျော်တောင်သူလုပ်နေသည့် ဦး မောင်ဆွေက ရှင်းပြသည်။

မန္တလေးမြို့အနီးဝန်းကျင်ရှိ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့ နယ်၊ မတ္တရာမြို့၊ ကျောက်ဆည် မြို့နှင့် စဥ့်ကိုင်မြို့တို့တွင်လည်း လယ်မြေများကို ပုံစံ (၇) လယ်မြေအမည်ပေါက်ဖြင့် တရုတ်နိုင်ငံ သားများက အများဆုံးဝယ်ယူကြ ပြီး လယ်ယာများကို တောင်သူ များအား စိုက်ပျိုးရန် ပြန်လည် အငှားချထားကြကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

‘‘လယ်မြေတွေဈေးမြင့်လို့ ရောင်းကြတာ အနည်းဆုံး လေး ငါးနှစ်တောင်မကတော့ဘူး။ လယ်မြေမှာ လူနေလို့တော့မရဘူး။ ဒါ ပေမဲ့ မြို့ပြထပ်ချဲ့တာတွေ၊ စီမံ ကိန်းတွေရှိလာရင် မြို့ပြင်အစွန်း ဖြစ်လာရင် ဂရန်ထုတ်ပေးတာ တွေ ဖြစ်လာတော့ ငွေတတ်နိုင် တဲ့ လူတွေက ကြိုမြှုပ်နှံထားကြတာ၊ ဗမာတွေလည်း ၀ယ်ပါတယ်။တရုတ်တွေကတော့ အများဆုံး ၀ယ်ကြတာပေါ့’’ဟု ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင် ကိုနေ လင်းအောင်က ပြောသည်။

စပါးစိုက်ပျိုးရန် စိုက်ပျိုး စရိတ်မြင့်တက်လာမှု၊ အထွေထွေ ကုန်ကျစရိတ်နှင့် ကောက်စိုက် အလုပ်သမနှင့် လယ်လုပ်သားရှားပါးပြီး လုပ်ခဈေးမြင့်လာမှုတို့ကြောင့် စပါးပေါ်ချိန်တွင် ပြန်ရသည့် ၀င်ငွေနှင့် ကိုက်ညီမှုမရှိသောကြောင့်လယ်လုပ်ကိုင်မှုလျော့
ကျလာကြောင်းမန္တလေးခရိုင်အတွင်းရှိ တောင်သူအချို့က
ဝေဖန်သည်။

‘‘အရင်တုန်းကလယ်ဈေးကသိန်း လေးငါးဆယ်လောက်ပဲရှိတာ။ အခုက ဈေးကောင်းလည်းပေးကြ တော့ လယ်စိုက်တာမှ စိုက်ပျိုး စရိတ်နဲ့ ရာသီဥတုမကောင်းရင် လူပင်ပန်းပြီး စပါးရှုံးတာ အဖတ် တင်တာ။ အဲဒီတော့ ရွာကလူတွေ၊ ကျုပ်တို့အပါအ၀င်ပေါ့။

ကိုယ့် လယ်တွေ ဖဲ့ရောင်းကြတာပဲ။ သူ တို့ကတော့ ဓာတ်ဆီဆိုင်၊ စက်ရုံတွေ၊ ၀င်းခြံခတ်ထားတာတွေ မြင်တာပဲ’’ဟု ပုသိမ်ကြီးမြို့နယ်ရှိ တောင်သူ ဦးဝင်းဗိုလ်က ပြောသည်။

မန္တလေးခရိုင်အတွင်း လူဦးရေ ၁၇ သိန်းကျော်နေထိုင် သည့်အပြင် ဧည့်နိုင်ငံသားများ လည်း ၀င်ရောက်မှုများပြားပြီး လယ်မြေများကို တရုတ်နိုင်ငံသား၊အိန္ဒိယနိုင်ငံသားနှင့် ကချင်တိုင်း ရင်းသားတို့ အများဆုံးလာရောက်ဝယ်ယူကြကြောင်း ပုသိမ်ကြီးမြို့ နယ်ရှိ တောင်သူများထံမှ သိရ သည်။

‘‘အခုခေတ်ကလေးတွေက လယ်လုပ်ငန်းကို စိတ်မ၀င်စား တော့ဘူး။ ပင်ပန်းတော့ မြို့ပေါ် တက်ပန်းရန်တို့၊ တခြားအလုပ်သမားတို့ လုပ်ကြတာပဲ။ ပညာတတ် ကလေးတွေလည်း ရွာမှာများလာ တော့ အခြားသက်သာတဲ့ အလုပ် တွေပဲ လုပ်ကြတော့တာ မိရိုးဖလာကျုပ်တို့တွေပဲ လယ်လုပ်တာကျန် တော့တာပဲ’’ဟု ပုသိမ်ကြီးမြို့နယ် ရှိ တောင်သူတစ်ဦးက မှတ်ချက် ချသည်။

ပြီးခဲ့သည့် ၂၀၁၄ တွင် မန္တ လေးခရိုင်၌ မိုးစပါးဧကပေါင်း ၄၁,၇၉၂ ဧက စိုက်ပျိုးရန် လျာ ထားခဲ့သော်လည်း ရာသီကုန်၌ ဧကပေါင်း ၃၇,၂၆၀ ဧကသာ စိုက်ပျိုးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးမှုဧကပေါင်း ၄၃,၀၇၃ ဧက လျာထားသော်လည်း သြဂုတ်လကုန်ထိ စိုက်ပျိုးမှုမှာ ၂၆,၆၇၁ ဧကသာရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service