ဒဂုံစီးတီးစီမံကိန်းအတွက် နောက်ဆုံးအဖြေ ဘယ်သူ ပေးမလဲ - Property News in Myanmar from iMyanmarHouse.com
840 Views

ဒဂုံစီးတီးစီမံကိန်းအတွက် နောက်ဆုံးအဖြေ ဘယ်သူ ပေးမလဲ

ဇန်န ၀ါရီလကုန်ပိုင်း ခန့်တွင်ြှုဃ က စီမံကိန်းအားလုံး ကို ခေတ္တရပ်နားခိုင်းခဲ့သည်။ နည်းပညာ
ပိုင်းဆိုင်ရာ စစ်ဆေးမှုကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို တာဝန်ပေးအပ်ခဲ့ပြီး အသင်းက
၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များကို MIC သို့ တင်ပြခဲ့ပြီးနောက် MIC က ထပ်မံ၍ Integrated
Master Plan ရေးဆွဲကာ နောက်ဆုံးအဆင့် အဖြေပေးနိုင် ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း MIC ၏ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်နိုင်ဦးက မတ်လအစောပိုင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပါမစ် ချပေးသည့် ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီ၏ အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ မေးမြန်းသည့်အခါ ဒဂုံစီးတီး
စီမံကိန်းအတွက် ဌာနကစိစစ်လျက်ရှိသော်လည်း Integrated Master Plan ပါဝင်ပတ်သက်မှု
မရှိ ကြောင်းTown Planners နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့က လုပ်ဆောင်နေသည့်
အစီအစဉ်တစ်ခုဖြစ်ကြောင်း ဒုတိယ ဌာနမှူး ဦးနေ၀င်းက ပြောသည်။

"ဒဂုံစီးတီးစီမံကိန်းရဲ့ Master Plan နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဌာနက မပါဝင်ပါဘူး။
အဆောက်အအုံအမြင့်နဲ့ဆောက်လုပ်ခွင့်ပြုချက်ကို ကျွန်တော်တို့ဌာနက ခွင့်ပြုပေးရတာ
မှန်ပေမယ့် အခုဒီစီမံကိန်းအတွက် ဆွဲတဲ့သူတွေက ခွင့်ပြုသင့်တယ်ဆို ခွင့်ပြုမှာပါ" ဟု ၎င်းက
မြန်မာတိုင်း(မ်) ကိုပြောသည်။ ထို့ပြင် လက်ရှိအချိန်ထိ မည့်သည့်အစိုးရ ဌာနက ဒဂုံစီးတီး
စီမံကိန်းရပ်ဆိုင်းရန် ကိစ္စရပ်ကို တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း ၎င်းက
ပြောသည်။

အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန၏ ပြောကြားချက်အရ Master Plan လုပ်ဆောင်နေသည့်
အဖွဲ့အစည်းများထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အင်ဂျင် နီယာကောင်စီသည်
ယင်း Intergrated တွင် ဆက်လက် ပါဝင်ပတ်သက် ခြင်းမရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာ
အသင်း (MES) ဥက္ကဋ္ဌ ဦးဝင်းခိုင်၏ အတွင်းရေးမှူး ဒေါ်မေမြတ်နိုးက ပြောသည်။

"ဒဂုံစီးတီးစီမံကိန်း ရဲ့ Master Plan မှာ အင်ဂျင်နီယာအသင်း မပါတော့ပါဘူး။ MES က
ရွှေတိဂုံစေတီတော်နားက စီမံကိန်းငါးခုရဲ့ စီမံကိန်းနေရာကိုသွားပြီး နည်းပညာပိုင်း ဆိုင်ရာ
စစ်ဆေးမှုတွေကိုပဲ MIC ရဲ့ ညွှန်ကြားချက်နဲ့ လွန်ခဲ့တဲ့နှစ်လကျော်လောက် ကတည်းက
လုပ်ခဲ့ပြီးပါပြီ။ တွေ့ရှိချက်တွေကိုလည်း MIC ကို ပေးပို့ ပေးခဲ့ပြီးပါပြီ။ နောက်ပိုင်းမှာ ပါဝင်
ပတ်သက် မှု မရှိတော့ပါဘူး" ဟု ၎င်းက ပြောကြားသည်။

ဒဂုံစီးတီး၏ ဆက်လက်ဆောက်လုပ်ခွင့် ရှိ မရှိအား အဖြေထုတ်ပေးမည့် အရေးပါလှသည့်
Integrated Master Plan အား ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ သို့မဟုတ်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (အင်ဂျင်နီယာကောင်စီ) သို့မဟုတ် အစိုးရက တာဝန်ယူ
ထားသည်ကို ရှင်းလင်းစွာ မသိရှိ ရသလို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့လည်း
ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင်
လည်း ဒဂုံစီးတီးစီမံကိန်းကို အပြီးသတ်ဆိုင်းငံ့ပေးရန် တောင်းဆိုမှုမှာ လည်း တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ထိန်းချုပ် မှုအောက်တွင် မရှိခြင်းကြောင့် အဆိုကို ပယ်ချခံခဲ့သည်။ အမျိုး၊
ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည်
ညီလာခံအစည်းအဝေးသဘော ထားကြေညာချက်တွင် မြန်မာတစ်မျိုးသား လုံး၏ အသက်
ဝိညာဉ်ဖြစ်သော ရွှေတိဂုံစေတီ တော်မြတ်ကြီးကို ကာကွယ်စောင့်ရှောက်သောအားဖြင့်
သိဂုင်္တ္တရကုန်းမြေ၀န်းကျင်တွင် မည်သည့်အဆောက်အအုံမျှ မဆောက်လုပ်ကြရန် တိုက်
တွန်းထားသည်။

သို့သော် လက်ရှိအချိန်တွင် ရွှေတိဂုံ စောင့်ရှောက်ရေး ကော်မတီကလည်း လာရောက်တွေ့
ဆုံခဲ့သည့် တပ်မတော်မှ တာဝန်ရှိသူများ၏ ကတိစကားကို မျှော်လင့်စောင့်စားလျက်ရှိသကဲ့သို
ဒဂုံစီးတီးစီမံကိန်း ၏ လုပ်ငန်းရှင် မြန်မာနိုင်ငံသားနှင့် နိုင်ငံ ခြားသား ရင်းနှီးမြှုပ်သူများကလည်း
MIC က နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် အဖြေပေးမည့် Integrated Master Plan ရလဒ်ကို
စောင့်လျက်ရှိသည့် အခြေအနေတွင်သာ ရှိနေသေးသည်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service