အချိန်စောသွားတဲ့ပူပေါင်း - Property News in Myanmar from iMyanmarHouse.com
1807 Views

အချိန်စောသွားတဲ့ပူပေါင်း

လေထဲမှာလွှင့်တင်ထားတဲ့ကြော်ငြာပူဖောင်းကတော့ကြာကြာပိုသုံးနိုင်ဖို့အတွက်ထူထူထဲထဲခိုင်ခိုင်ခန့်ခန့်လုပ်ထားရပါတယ်။ခေါ်တော့လည်း Aerial Balloon လို့ပဲခေါ်ပါတယ်။ပူဖောင်းက Bubble ပါ။ရေပလုံစီကစပြီးဆပ်ပြာပူဖောင်းအထိကို Bubble လို့ပဲခေါ်ပါတယ်။

ပူဖောင်းရဲ့သဘောဟာဖြစ်ပေါ်ကြီးထွားမှု Boom နဲ့ပေါက်ကွဲပျက်စီးမှု Burst နှစ်ခုကြားကခဏတာတည်မြဲမှုလေးနဲ့ဥပါဒ်၊ဌီ၊ဘင်သဘောမျှသာပါပဲ။ပူဖောင်းမှာကိုကသူ့ပင်ကိုသဘာဝအတိုင်းပါရှိနေတဲ့ဂုဏ်သတိ္တအရသူ့နံရံတွေဟာကြာကြာမခံဘဲပါးပြီးပေါက်သွားရပါတယ်။
စီးပွားရေးကိစ်္စတချို့ဟာပူဖောင်းသဘောကိုဆောင်ပါတယ်။မြန်မြန်ခေတ်စားလာပါမယ်။ကြီးထွားပါမယ်။လူတွေလိုက်ပါလာမယ်။ပြီးရင်ပေါက်ကွဲထွက်သွားမယ်။

ကြားဖြတ်ပြီးတပည့်တစ်ယောက်ရဲ့ဒုက်္ခကိုပြောပြချင်ပါတယ်။တခြားတစ်ယောက်ကလည်းပြောပြတဲ့အပြင်ယနေ့ရန်ကုန်မြို့ပြမှာလည်းမဆန်းတော့တဲ့ဒုက်္ခဖြစ်နေတဲ့အတွက်ပုဂ်္ဂလိကအခက်အခဲမျှသာမကပဲမြို့ပြရဲ့ပြဿနာတောင်ဖြစ်လာတဲ့အဆင့်ပါ။

ဒီတပည့်လေးကဘွဲ့ရအပြီးမှာရန်ကုန်တက်လာပါတယ်။ကုမ်္ပဏီတစ်ခုမှာအလုပ်ဝင်တယ်။လူပျိုတွေစုနေကြတဲ့အခန်းတစ်ခန်းမှာနေတယ်။အိမ်ထောင်ကျတယ်။အိမ်ခန်းငှားနေတယ်။အဲဒီတုန်းက Grade-B ရပ်ကွက်ရဲ့ခြောက်ထပ်တစ်ခန်းဟာငှားခတစ်လလေးသောင်းပါသူတို့နှစ်ယောက်ပေါင်းလခကတစ်သိန်းခွဲလောက်ရတော့အဲဒီခေတ်ကကုန်ဈေးနှုန်းအရအဆင်ပြေပါတယ်။တိုက်ခန်းငှားနေသူတို့ရဲ့ထုံးစံအတိုင်းခြောက်လတစ်ခါအိမ်ပြောင်းရတာတွေရှိပါတယ်။

သဘောကောင်းတဲ့အိမ်ရှင်နဲ့တွေ့လို့တစ်လခုနစ်သောင်းနဲ့အဆင်ပြေပြေနေနိုင်ခဲ့ရာကအိမ်ရှင်ရဲ့သားကမင်္ဂလာဆောင်လို့အခန်းပြန်အပ်ရတဲ့အခါမှာသူတို့အတွက်ပြဿနာစပါပြီ။အခန်းခဈေးကြီးလာပါပြီ။ခပ်ညံ့ညံ့အခန်းမျိုးကိုတောင်တစ်သိန်းနှစ်သောင်းပေးလာရပါပြီ။

အဲဒီကနေနောက်တစ်ခန်းကိုပြောင်းတော့တစ်သိန်းခွဲအခုသင်္ကြန်အပြီးဆက်ငှားတော့နှစ်သိန်း။သူတို့ဝင်ငွေအရတခြားဖက်တွေမှာစစ်စစ်စီစီသုံးစွဲလာရပါတယ်။ဝင်ငွေတိုးတက်ရာတိုးတက်ကြောင်းအတွက် Second Job တွေရှာလာရပါတယ်။အခုအထိတောင့်ခံနိုင်သေးပေမယ့်တစ်နေ့နေ့မှာတော့နယ်ကလာတဲ့လူငယ်တော်တော်များများလိုပဲနေရေးစရိတ်ကြောင့်ရန်ကုန်ကိုစွန့်ခွာရတာတွေဖြစ်လာတော့မှာပါပဲ။

ပူဖောင်းပေါက်ကွဲမှုအကြောင်းဆက်ပြောပါမယ်။ပိုင်ဆိုင်မှုမသဲကွဲတဲ့ (၀ါ) အာမခံချက်မရှိတဲ့မြေကွက်တွေဟာပေ၄၀၊ပေ၆၀ကိုတစ်သောင်းလောက်ပဲရှိရာက၁၉၈၆လောက်မှာဟုန်းကနဲဈေးတက်ပါတယ်။တစ်သိန်းလောက်ဖြစ်သွားပါတယ်။အဲဒီမှာမြေပွဲစားတွေဝယ်ရောင်းတွေအတွက်ပွဲတော်ကြီးစတွေ့တာပါပဲ။

ဈေးကမနက်ပိုင်းမှာတစ်သိန်းညနေကျတော့တစ်သိန်းခွဲဆိုတာမျိုးတွေဖြစ်လာပါတယ်။လုပ်တတ်ကိုင်တတ်ရှိတဲ့ဝန်ထမ်းတွေအတော်ကြီးစီးပွားဖြစ်သွားကြတယ်။

ကျွန်တော့်ရဲ့ပထမဆုံးလုံးချင်းက ““မျဉ်းပြိုင်မျိုးဆက်””ဆိုတဲ့ဘာသာပြန်ပါ။ဂျပန်ပြည်ရဲ့မြေဧရိယာခြောက်ပုံတစ်ပုံကိုပိုင်တဲ့သူကြွယ်မိသားစုအကြောင်းပါ။သူဌေးသူကြွယ်ကြီးဖြစ်လာတဲ့ဒီတောသားကြီး “ဆုရမိ”ရဲ့ယုံကြည်ချက်ကမြေဟာဘယ်တော့မှတန်ဖိုးမဆုံးတဲ့အပြင်ဈေးတက်မြဲတက်နေမှာပဲလို့ဖြစ်ပါတယ်။သူကအာဏာရှိသူတွေနဲ့ပေါင်းသင်းပြီးဂျပန်ရဲ့အလားအလာအကောင်းဆုံးတန်ဖိုးအရှိဆုံးမြေကွက်တွေဝယ်စုပါတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေအားကိုးနဲ့မြေသိမ်းတာ၊ခြိမ်းခြောက်ပြီးအောက်ဈေးနဲ့ဝယ်တာအလကားယူတာမျိုးတွေတော့မလုပ်ပါဘူး။ဂျပန်ဆိုတာဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်တော့ဥပဒေအတိုင်းပဲလုပ်ပါတယ်။သူကအကွက်မြင်သူဖြစ်တော့ Whelling dealing လို့ခေါ်တဲ့ဟိုကွေ့ဟိုတက်နဲ့လှော်ဒီကွေ့ဒီတက်နဲ
့လှော်ရင်းမြေတွေကိုအိတ်ထဲထည့်တာပေါ့။

အဲဒီစာအုပ်ကိုဖတ်မိကြတဲ့မိတ်ဆွေတွေထဲမှာ Wheeler dealerတချို့ပါပါတယ်။အိုင်ဒီယာတွေရပြီးခုတော့သူကြွယ်
ကြီးတွေဖြစ်သွားကြပြီကြားပါတယ်။တစ်ယောက်
ဆိုရင်ငွေကြေးချေးငှားသုံးစွဲပြီးလုပ်ငန်းလုပ်ရတာကန်ထရိုက်တိုက်ဆောက်လုပ်ရေးမှာပွဲစားလုပ်ပြီးစားရတာ။အဲဒီဘ၀ကနေခုတော့မြေဧကထောင်ပေါင်းများစွာကိုပိုင်သွားပြီကြားရပါတယ်။မြေသိမ်းခံလယ်သမားတွေရဲ့နေ့စဉ်ကျိန်စာအတိုက်ခံနေရတဲ့ဘ၀မျိုးမို့ကျွန်တော်အားမကျလှပါဘူး။အပေါင်းအသင်းတောင်မလုပ်တော့ပါဘူး။အားပေးရာကျမှာစိုးလို့ပါ။

အစကတော့တိုတိုရေးမလို့ပါပဲအိမ်ခြံမြေလုပ်ငန်းReal Estate ဆိုတာသိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ပြည်နာမှငွေရှာလို့ကောင်းတယ်လို့ခံယူတဲ့ဖြတ်စားလျှပ်စား Carpetbeggers တွေအတွက်တကယ့်ကိုရွှေပဒေသာပင်
ကြီးပါ။ကြားထဲခွစားတဲ့ပွဲစားတွေကလည်းအတော်ဒုက်္ခပေးပါတယ်။အဲဒါတွေစဉ်းစားမိတော့အများကြီးဆက်ရေးရဦးမှာလို့သဘောပေါက်လိုက်ပါတယ်။

ကြည်မင်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service