ရွှေလင်ဗန်း အပိုင်း(၁) အိမ်ရာဝယ်ယူခွင့်ရသူများ မေလ ၂၉ ရက်အထိ ဆက်သွယ်ခြင်းမရှိပါက ဝယ်ယူခွင့်ပယ်ဖျက်မည်
ရွှေလင်ဗန်းအိမ်ရာစီမံ ကိန်းအပိုင်း (၁) တိုက်ခန်းဝယ်ယူ ခွင့် ရရှိထားသူများ မေလ ၂၉ ရက် နောက်ဆုံးထား ဆက်သွယ် ခြင်းမရှိပါက ဝယ်ယူခွင့်ပယ်ဖျက် မည်ဟု သတင်းရရှိသည်။
အစိုးရဝန်ထမ်းနှင့် ဝင်ငွေ နည်းပြည်သူများအားဦးစားပေး၍ ဝယ်ယူခွင့်မဲနှိုက်ချထားပေးသော
အဆိုပါ တိုက်ခန်းမဲပေါက်သူ အချို့မှာ ဆက်သွယ်ခြင်းမရှိသေး သည့်အတွက် မူလကနောက်ဆုံး
သတ်မှတ်ပေးထားခဲ့သော ဧပြီ ၃၀ ရက်အစား မေလ ၂၉ ရက်အထိ ဆုတ်စောင့်ဆိုင်းပေးမည် ဖြစ်ပြီး
မဆက်သွယ်ပါက ဝယ်ယူ ရန်စိတ်ဝင်စားခြင်းမရှိဟု သတ် မှတ်ကာပယ်ဖျက်မည်ဟု ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ် သည်။
‘‘တချို့က အကြောင်း ကြောင်းကြောင့် လာရောက်ဆက် သွယ်တာ မရှိသေးဘူးလို့ သိရ တယ်။
အရေအတွက်ကတော့ အတိအကျမသိရသေးဘူး။ နောက်ဆုံးရက်ထိ လာမဆက်သွယ်ရင် ပြန်သိမ်းပြီး
တကယ်ဝယ်ယူချင်တဲ့သူကို ပြန်ချပေးသွားဖို့ ရှိပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝယ်ယူခွင့် ရရှိထားသူများ အနေဖြင့် မြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနသို့ ဆက်သွယ်သတင်းပေးပို့
ရမည်ဖြစ်သည်။ ယခုအချိန်ထိ ဆက်သွယ်မှု မရှိသူ အချို့တွင် တစ်ဆင့်ပြန်ရောင်းချရန် ချိတ်
ဆက်လုပ်ဆောင်နေသူများပါဝင် နိုင်သည်ဟု လက်ရှိ ဝယ်ယူခွင့်ရှိထားသူအချို့က မှတ်ချက်ပြု သည်။
‘‘တချို့ပေါက်မဲစလစ် နံပါတ်ကို အရောင်းအဝယ်လုပ်နေတာမျိုးရှိတယ်လို့ ကြားတယ်။
ကျွန်တော့်ဆီ ကြားလူကတစ်ဆင့် လာမေးတာမျိုး ကြုံဖူးတယ်။ ပြန် ရောင်းမလားပေါ့။ ကိုယ်က
တကယ်အိမ်ပိုင်လိုနေတာဆိုတော့ မရောင်းလိုက်ဘူး။ ဈေးလည်းမပြောဖြစ်ပါဘူး။
အခု ကျန်နေတာက အဲဒီလိုအရောင်းအဝယ်တွေကြောင့် ပတ်သက်မှု ရှိနိုင်တယ်ထင်တာပဲ’’ ဟု တိုက်ခန်း ဝယ်ယူခွင့်ရရှိထားသည့် ကျောင်း ဆရာ ဦးမောင်မောင်က ပြော ကြားသည်။
အဆိုပါအိမ်ရာစီမံကိန်းမှာ ယခုအစိုးရသစ်လက်ထက်တွင် ဖော်ဆောင်ဆောက်လုပ်ရောင်း ချခဲ့သည့်
စီမံကိန်းများအနက် ဈေးအနည်းဆုံးဖြစ်သည့်အတွက် ဝယ်ယူရန်စိတ်ဝင်စားမှု အများအ ပြားရှိခဲ့သည်။
ယင်းတိုက်ခန်းဈေးမှာ ကျပ်သိန်း ၁၁၀ ခန့်မှ ၁၂၅ သိန်းခန့်သာရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက ရောင်းချခဲ့သည့် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင်အိမ်ခန်းများထက် ဈေး ထက်ဝက်ခန့်လျော့
နည်းသည်။
ရွှေလင်ဗန်းအိမ်ရာစီမံကိန်း တွင် အခန်းပေါင်း ၅၀၀ ခန့်ပါဝင် ခဲ့ပြီး ဝယ်ယူရန် စိတ်ဝင်တစား
လျှောက်ထားသူမှာ လေးသောင်း ခန့်ရှိခဲ့ကြောင်း သိရသည်။ ဝယ် ယူခွင့်အတွက် ၂၀၁၄
ဒီဇင်ဘာ အတွင်း မဲနှိုက်ချထားပေးခဲ့ခြင်း ဖြစ်ပြီး တစ်ဆင့်ခံရောင်းချပါက ပြန်လည်သိမ်းယူ
မည်ဟုလည်း သက်ဆိုင်ရာက သတိပေးထား သည်။
ရွှေလင်ဗန်းအိမ်ရာဝယ်ယူ ခွင့်အတွက် မိသားစုတစ်လဝင်ငွေကျပ်သုံးသိန်းနှင့် ခုနစ်သိန်းကြားရှိသူများ
အနေဖြင့် ဘဏ်ချေးငွေစနစ်ဖြင့် လျှောက်ထားနိုင်ခြင်းကြောင့် လူအများ၏ စိတ်ဝင်စားမှု
ရရှိခဲ့ခြင်းဖြစ်ကြောင်း တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူများက ပြော သည်။
နှစ်ရှည်အရစ်ကျချေးငွေဖြင့် ဝယ်ယူခွင့်တွင် ယခင်က လေးနှစ် တာချေးငွေဖြင့် သတ်မှတ်ပေးခဲ့
သော်လည်း ယခုအခါ ရှစ်နှစ်အထိ ချေးယူခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
သတင်းထုတ်ပြန်သည်။
ထို့ကြောင့် အရစ်ကျ ပေး သွင်းရမည့်သူများအနေဖြင့် လစဉ်ပေးသွင်းရမည့် ငွေပမာဏ မှာ
ထက်ဝက်ခန့်လျော့နည်းစေ သည့်အတွက် ပို၍အဆင်ပြေသည်ဟု ဝယ်ယူခွင့်ရထားသူများက
မှတ်ချက်ပြုသည်။
Credit : 7Daydaily