ပုသိမ်မြို့တွင် စီမံကိန်းအဆောက်အအုံ များလာခြင်းကြောင့် အုတ်ဈေးနှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
843 Views

ပုသိမ်မြို့တွင် စီမံကိန်းအဆောက်အအုံ များလာခြင်းကြောင့် အုတ်ဈေးနှုန်း မြင့်တက်

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့နယ်အတွင်း လုပ်ကိုင်လျက်ရှိသော အုတ်ဖုတ်လုပ်ငန်းများသည် တပေါင်းလတွင် အုတ်ဈေးနှုန်း အနည်းဆုံးဖြစ်ပြီး ယခင်နှစ်က အုတ်တစ်လုံးလျှင် ကျပ် ၃၀ ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် အုတ်တစ်လုံးလျှင် ကျပ် ၄၀ ခန့်အထိ ရှိနေကြောင်း အုတ်ဖုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

“အုတ်ဖုတ်တဲ့ လုပ်ငန်းက များသောအားဖြင့် နှစ်စဉ် တန်ဆောင်မုန်းလကနေ တန်ခူး၊ ကဆုန်လဆန်းလောက်အထိ အလုပ်ရှိတယ်။ ကျန်တဲ့လတွေက မိုးကျသွားပြီဆိုတော့ နားထားရတယ်။ ဒီနှစ် အုတ်ဈေးကောင်းတယ်။ နှစ်တိုင်း အုတ်လှိုင်လှိုင်ပေါ်ချိန်ဖြစ်လို့ ဈေးနည်းတဲ့ တပေါင်းလမှာ မနှစ်က တစ်လုံး ၃၀ လောက်ပဲရတယ်။ ဒီနှစ်တော့ တစ်လုံး ၄၀ လောက်ရတယ်။ လက်ရှိ ပေါက်ဈေးကတော့ ဖိုဈေး ၅၂ ကျပ် ရတယ်” ဟု အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးရဲနောင်နောင်က ဆိုသည်။

“အခုလောလောဆယ် လက်ရှိအုတ်ဈေးက ပို့ပေးရတဲ့ နေရာအနီးအဝေးပေါ်မှာ မူတည်ပြီး ၆၅ ကျပ်ကနေ ကျပ် ၇၀ ဈေးနှုန်းအထိ ရှိတယ်။ ပုသိမ်မြို့မှာဆိုရင် ဒီနှစ်ထဲမှာ စီမံကိန်းအဆောက်အအုံတွေ လေးထပ်ငါးထပ် အထပ်မြင့် အဆောက်အအုံတွေ အရင်နှစ်တွေနဲ့ မတူအောင် များတယ်။ ထုတ်လုပ်နိုင်တဲ့ အုတ်နဲ့ သုံးမယ့်နေရာ မမျှတဲ့အတွက် ဒီနှစ်ကတော့ အုတ်ဈေးဆက်တက်ဖို့ အလားအလာများတယ်” ဟု အုတ်လုပ်ငန်းရှင်များက ဆိုသည်။

အုတ်များမီးဖုတ်ရာတွင် ထင်းမီးနှင့်စပါးခွံများ အသုံးပြုကြောင်း၊ ထင်းမီးနှင့် ဖုတ်သောအုတ်မှာ အရည်အသွေး ပိုမိုကောင်းမွန်ပြီး အုတ်ဖုတ်ရန်ကြာမြင့်ချိန် နှစ်ရက်ပိုသက်သာကြောင်း၊ ထင်းရှားပါးလာ၍ စပါးခွံမီးကိုသာ အသုံးပြုရကြောင်း၊ အုတ်တစ်ဖိုလျှင် နှစ်တင်းဝင် စပါးခွံအိတ် ၅၀၀ ခန့် အသုံးပြုရကြောင်း၊ ယခုအခါ စပါးခွံဈေးနှုန်းမှာလည်း တစ်အိတ်လျှင် ကျပ် ၁၅၀ မှ ကျပ် ၂၀၀ အထိ မြင့်တက်လာသောကြောင့် အုတ်ဈေးနှုန်းလည်း မြင့်တက်လာကြောင်း သိရသည်။

ပုသိမ်မြို့နယ်အတွင်း၌ အုတ်လုပ်ငန်းလုပ်ကိုင်သော နေရာများမှာ မျာပေါက်ကုန်း၊ အုတ်စီကုန်း၊ ဆင်ခေါင်းကြီးဘုရားကြီးကုန်း၊ မြတ်တို၊ စာဖြူစုတို့တွင် လုပ်ကိုင်လျက်ရှိပြီး တစ်နေရာလျှင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်ပေါင်း ၂၀ မှ ၅၀ ဦးကြားရှိကြောင်း သိရသည်။

Credit: Eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service