ရွှေတိဂုံဘုရားအနီးရှိ ဆောက်လုပ်ရေးစီမံကိန်း ငါးခုကို စည်ပင်သာယာက ဆက်လက်ကိုင်တွယ်သွားမည် - Property News in Myanmar from iMyanmarHouse.com
1261 Views

ရွှေတိဂုံဘုရားအနီးရှိ ဆောက်လုပ်ရေးစီမံကိန်း ငါးခုကို စည်ပင်သာယာက ဆက်လက်ကိုင်တွယ်သွားမည်

ရွှေတိဂုံဘုရားအနီးတွင် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိသည့် အကြီးစားဆောက်လုပ်ရေးစီမံကိန်း ငါးခု ကို ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု

ကော်မရှင်(MIC)က ခေတ္တလုပ်ငန်းရပ်ဆိုင်းရန်ညွှန်ကြားခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကနည်းပညာပိုင်းဆိုင် ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယခုအခါတွင် အဆိုပါစစ်ဆေးမှုများ ပြုလုပ်ပြီးစီး၍ ထွက်ပေါ်လာသည့်ရလဒ်များနှင့် အသင်း၏ အကြံပေးချက်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရရှိခဲ့ ပြီးနောက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနှင့် ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းတစ်ခုရေးဆွဲကာ ယင်းအကြီးစားဆောက် လုပ်ရေးစီမံကိန်းငါးခုကို ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာ တိုင်း(မ်)ကိုပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရဲ့ စစ်ဆေးချက်တွေရပါပြီ။ အဲဒီနည်းပညာပိုင်းဆိုင်ရာ စစ်ဆေးချက်တွေထဲ မှာ အဓိက မြေတူးတဲ့အခါမှာ အရမ်း နက်နက်မတူးသင့်ဘူးဆိုတာရယ်၊ သဘာဝ ရေစီးရေလာတွေ ပိတ်ဆို့တာတွေ မဖြစ် အောင် အဓိကလုပ်သင့်တယ်ဆိုတာတွေကို အကြံပြုချက်ပေးထားပါတယ်။ ဒါကို ဆက်လက်
ကိုင်တွယ်နိုင်ဖို့အတွက်ရန်ကုန် မြို့တော် စည်ပင်သာယာနဲ့ ပူးပေါင်းပြီး မဟာဗျူဟာစီမံကိန်း (Maste Plan)ရေးဆွဲ ပြီး ဆက်ပြီးဆောင်ရွက်သွားမှာပါ။

အခု လောလောဆယ်မြို့တော်စည်ပင်ကို လွှဲပြောင်း ထားပါတယ် ” ဟု ၎င်းကပြောသည်။ တစ်လကျော်ကြာ ရပ်ဆိုင်းထားရသော အကြီးစားဆောက်လုပ်ရေးစီမံကိန်း ငါးခုဖြစ် သည့်Dagon City 1
(Marga Landmark ကုမ္ပဏီ)၊ Dagon City 2(သုခရတနာ ကုမ္ပဏီ)၊Shwe Taung Development အဆောက်လုပ်ရေးကုမ္ပဏီ၏ စီမံကိန်း၊

Shwe Taung Hyday Development ကုမ္ပဏီ စီမံကိန်းနှင့် Adventure Myanmar ကုမ္ပဏီ ၏ ဆောက်လုပ်ရေး စီမံကိန်းများသည် ရွှေတိဂုံဘုရားပတ်ဝန်းကျင်တွင် တည်ရှိသည့်အတွက်

တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်သည့်အချိန်တွင် ဘုရားကိုထိခိုက်မှုမရှိစေရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန်ညွှန်ကြားခြဲ့
ပီး ယင်းလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ)က လက်ရှိအချိန်ထိ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု၏ ညွှန်ကြားချက်
ဖြင့် ယင်းလုပ်ငန်း

ငါးခုကို ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ပြီး ရပ်ဆိုင်းမှု ကာလမှာ မပြီးဆုံးသေးကြောင်း အဆိုပါဌာန ၏လက်ထောက်ညွှန်ကြားရေးမှူး ဦးနေ၀င်း က ပြောသည်။ “ပြီးခဲ့တဲ့လကတည်းက

MIC က ကျွန်တော် တို့ဌာနကို အဲဒီစီမံကိန်းတွေရဲ့ လုပ်ငန်း ခေတ္တရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့တယ်။လုပ်ငန်း ရပ်ဆိုင်းဖို့ ညွှန်ကြားထားတာက အခုထိတော့ မပြီးဆုံးသေးပါဘူး။

ဘယ်လောက်ကြာမလဲဆိုတာတော့ လောလောဆယ် မပြောနိုင် သေးဘူး။ သေချာအဖြေထွက်လာတဲ့အထိတော့ဆက်ပြီးဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း အင်ဂျင်နီယာအသင်းက ထုတ်ပြန် သည့် စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုအဆိုပါကုမ္ပဏီငါးခုနှင့် ပြောဆို ဆွေးနွေးခဲ့ပြီးယင်းကုမ္ပဏီများမှာ သက်ဆိုင် ရာဌာနများ၏ထုတ်ပြန်သည့်နည်းလမ်းများ အတိုင်း လိုက်နာဆောင်ရွက်မည်ဟု ပြန် လည်ပြောဆိုခဲ့ကြောင်းဦးအောင်နိုင်ဦးက ပြောသည်။

သို့သော် အဆိုပါနည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ၏ အကြံပြုချက်များတွင် ယင်း ရွှေတိဂုံဘုရားပတ်ဝန်းကျင်အနီးတွင် တည် ဆောက်မည့်လုပ်ငန်းများ၏ အထပ်မြင့်

အဆောက်အအုံများနှင့် ဆိုင်သည့် အချက် အလက်များ မပါဝင်ကြောင်း ၎င်းက ပြောသည်။ “ဒီစစ်ဆေးတွေရှိချက်တွေထဲမှာတော့ အထပ်မြင့်ကိစ္စတွေ မပါပါဘူး။

အဆောက်အအုံတွေ ဆောက်လို့မြေတူးတဲ့အခါ အရမ်း အနက်ကြီးမတူးဖို့ကိုပဲ အဓိက အကြံပြုထား ပါတယ်။ မြေအနက်ကြီးမတူးရင်တော့ အခြေခံ အားဖြင့်
အဆောက်အအုံကတော့ အရမ်း အမြင့်ကြီး ဆောက်လို့မရဘူးပေါ့” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံများကို တည်ဆောက်ခွင့် ပါမစ်ပေးသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကလည်း
အဆိုပါရွှေတိဂုံဘုရားပတ်ဝန်းကျင်အနီးတွင် တည်ဆောက်လျက်ရှိသည့် စီမံကိန်း အချို့သည်၎င်းတို့၏ စီမံကိန်းအဆိုပြုချက် မှာ မူအားဖြင့်သာ ခွင့်ပြုထားပြီး အသေးစိတ်အဆိုပြုချက်များကို ခွင့်ပြုရန်စိစစ်နေဆဲ ဖြစ်ကြောင်း ဦးနေ၀င်းကပြောသည်။ “အဲဒီက တချို့စီမံကိန်းတွေကMICက ခွင့်ပြုထားတယ်ဆိုတာတွေက မူအားဖြင့်ပဲ ခွင့်ပြုထားသေးတာတည်ဆောက်မှုပိုင်းဆိုင်ရာ ဒီဇိုင်းတွေ၊ Structure ပိုင်းတွေ၊ အထပ် အမြင့် အဆောက်အအုံတွေနဲ့ပတ်သက်ပြီး ခွင့်မပြုရသေးဘူး။ အဲဒါတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးဆုံးဖြတ်နိုင်အောင် ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။

“Dagon City2 စီမံကိန်း၏ သုခရတနာ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးသောင်း ထိုက်မင်းက “လုပ်ငန်းတချို့ကို စတင်ခွင့် ရပါပြီ။ ကျွန်တော်တို့ရဲ့စီမံကိန်းထဲမှာပါတဲ့

အဆောက်အအုံတချို့ကိုတော့ အရင်ပုံစံ လိုမဟုတ်ဘဲ နည်းနည်းနောက်ဆုတ်ပြီး ဆောက်ပေးရပါမယ်”ဟုပြော သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service