အစိုးရစီစဉ်ပေးသည့် တိုက်ခန်း ရယူရေး နိုင်ငံရေးပါတီ ၂၃ ခု လျှောက်ထား - Property News in Myanmar from iMyanmarHouse.com
922 Views

အစိုးရစီစဉ်ပေးသည့် တိုက်ခန်း ရယူရေး နိုင်ငံရေးပါတီ ၂၃ ခု လျှောက်ထား

ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံရေး ပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရန် လှိုင်သာယာရှိ ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၂၄ ခန်းကို ရောင်းချ၊ ငှားရမ်းပေးရန် ကမ်းလှမ်းထားခဲ့ရာ နိုင်ငံရေးပါတီ

၂၃ ခုက တိုက်ခန်းရယူရေး လျှောက်ထားကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ စီမံကိန်းရှိ အိမ်ခန်း ၂၄ ခန်းကို ပါတီ ၁၁ ပါတီက ၀ယ်ယူရန် လာရောက်လျှောက်ထားပြီး၊ ၉ ပါတီက ငှားရမ်းရန် လျှောက်ထားကြောင်း၊ ၀ယ်ယူရန်နှင့် ငှားရမ်းရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခု ရှိနေရာ စုစုပေါင်း ၂၃ ပါတီက လာရောက် လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

“အခန်းက ၂၄ ခန်း ရှိပြီး၊ လျှောက်ထားတာ ၂၃ ပါတီဆိုတော့ မဲနှိုက်စရာ မလိုတော့ဘူး။ ဒါပေမယ့် ဘယ်အထပ်၊ ဘယ်အခန်း ဆိုတာကိုတော့ မဲနှိုက်ရွေးချယ်ရမယ်။ အဲဒီအတွက်လည်း လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေကို အစည်းအဝေး ဖိတ်ခေါ်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ဧရာဝတီကို ပြောသည်။

ပါတီများက အခန်းဝယ်ယူမည် ဆိုပါက ရောင်းချသည့်ဈေးနှုန်းမှာ တိုက်ခန်းတခန်းလျှင် ကျပ် သိန်း ၁၁၀ မှ ၁၂၅ သိန်း အထိ အထပ်ပေါ် မူတည်ပြီး သတ်မှတ်ထားကြောင်းနှင့် ငှားရမ်းမည် ဆိုပါက တလလျှင် တခန်းအတွက် ကျပ် ၄ သောင်း သတ်မှတ်ထားကြောင်း သိရသည်။

တိုက်ခန်းများအား ၀ယ်ယူ၊ ငှားရမ်းရန် လျှောက်ထားသည့် ပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ)၊ ကချင် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စု ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဗမာပြည်သူ့ ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက် ပါတီ၊ မြို တိုင်းရင်းသား ဖွံ့ဖြိုးရေး ပါတီတို့ အပါအ၀င် စုစုပေါင်း ၂၃ ပါတီတို့ ဖြစ်သည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service