အိမ်ဆောက်သူ များပြားသဖြင့် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ နေ့စဉ်ရက်ဆက် ဆိုသလို မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2401 Views

အိမ်ဆောက်သူ များပြားသဖြင့် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ နေ့စဉ်ရက်ဆက် ဆိုသလို မြင့်တက်

မိုးမကျမီနှင့် သင်္ကြန်ရက် မတိုင်မီ အိမ်ရာဆောက်လုပ်သူများ ၊ အိမ်ပြင်ဆင်သူများ များပြားနေသည့် အတွက် အိမ်ဆောက်ပစ္စည်းများ၏ ဈေးနှုန်းများ နေ့စဉ် ရက်ဆက် ဆိုသလို မြင့်တက်နေကြောင်း အိမ် ဆောက်ပစ္စည်း အရောင်းဆိုင်များ နှင့် အုတ်သဲကျောက် အရောင်းဒိုင် များထံမှ သိရသည်။ ”အိမ်ဆောက်တဲ့ လူတွေ၊ အိမ် ပြင်တဲ့ သူတွေများလို့ အိမ်ဆောက် ပစ္စည်းတွေ အရောင်းသွက်နေတယ်။ ဈေးကတော့ အမြဲတမ်း အပြောင်း အလဲရှိတယ်။ အကျတော့ မရှိဘူး။ အတက်ပဲ ရှိတယ်။ နေ့စဉ်ရက်ဆက် ဆိုသလို ဈေးက တက်နေတယ် ” ဟု အောင်ပိုင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ ကိုမြင့်အောင်က ပြောသည်။

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ၊ အောက်တိုဘာ လဆန်းမှ စတင်၍ အိမ်ရာဆောက်လုပ်သူများ နည်းပါး သွားသဖြင့် အိမ်ဆောက်ပစ္စည်းဈေး များ ကျဆင်းလာခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ လဆန်းမှ စတင်၍ အိမ်ရာဆောက်လုပ်သူများ များပြားလာသည့်အတွက် အချို့ ရက်များတွင် ပစ္စည်းများ ပြတ်လပ် သည်အထိ အရောင်းအဝယ်သွက် နေကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များက ပြောသည်။ ”ဘိလပ်မြေ ဈေးတွေ၊ သံချောင်း ဈေးတွေလည်း တက်နေတယ်။

ဆင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က တစ်အိတ်ကို ကျပ် ၅,၈ဝဝ ကနေ ဒီနေ့ ကျပ် ၆,ဝဝဝ အထိ တက်လာတယ်။ ကြံ့တံဆိပ်ကတော့ အရင် သီတင်း ပတ်က ကျပ် ၅,၃ဝဝ ကနေ အခု ကျပ် ၅,၇ဝဝ ဝန်းကျင်အထိ ဖြစ်နေ ပြီး ဆင်ကို အသုံးများတယ်”ဟု ကိုမြင့်အောင်က ပြောသည်။

အုတ်ဈေးမှာ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ လဆန်းတွင် လက် အုတ်များမှာ တစ်လုံးလျှင် ကျပ် ၈ဝ ဝန်းကျင်နှင့် စက်အုတ် (အမြင့်စား) များမှာ တစ်လုံးလျှင် ကျပ် ၁ဝဝ ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း ယခု အခါ လက်အုတ်များမှာ (ဆိုက်ပြည့်) ကျပ် ၁ဝဝ ခန့်နှင့် စက်အုတ် (ရှစ် ပေါက်အုတ် ဆိုက်ပြည့်) များမှာ ကျပ် ၁၃ဝ အထိ မြင့်တက်လာနေသည်။

”အုတ်ဈေးကလည်း အမျိုးမျိုး ရှိသလို အရည်အသွေးကလည်း အမျိုးမျိုးရှိတယ်။ ကျပ် ၈ဝ တန် အုတ်ကနေ ကျပ် ၁၄၅ တန်အထိ ရှိတယ်။ အများအားဖြင့်တော့ တစ် လုံးကို ကျပ် ၁ဝဝ၊ ၁၁ဝ ဝန်းကျင် တန် အုတ်တွေ အဝယ်များတယ်။ ပစ္စည်းကတော့ အနည်းဆုံး တစ်ရက် ကြိုမှာထားရတယ်” ဟု ဒို့တောင်သူ အုတ်သဲကျောက် ရောင်းဝယ်ရေး နှင့် အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်ပိုင်ရှင် ကိုထွန်းထွန်းဦးက ပြော သည်။

သဲဈေးနှုန်းမှာ ယခင် သီတင်း ပတ်၌ ဒိုင်ဈေး တစ်ကျင်းလျှင် ကျပ် ၁၃,ဝဝဝ ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁၄,ဝဝဝ ခန့်အထိ မြင့်တက်လာခဲ့ပြီး ပို့ဆောင်ရမည့် ခရီး အနီးအဝေးအလိုက် ဈေးနှုန်း အနည်းငယ် အပြောင်းအလဲရှိသည့် အပြင် ကျောက်စရစ်ဈေးနှုန်းများမှာ လည်း တစ်ကျင်းလျှင် ဒိုင်ဈေး ယခင် သီတင်းပတ်၌ ကျပ် ၇၈,ဝဝဝ ခန့် ရှိခဲ့သော်လည်း မတ်လ ၁ဝ ရက်တွင် မူ တစ်ကျင်းလျှင် ကျပ် ၈ဝ,ဝဝဝ (ဒိုင်ဈေး) ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိသည်။

ယခင်သီတင်းပတ်က ငါးမူး သံချောင်း တစ်တန်လျှင် ကျပ် ၅၈ဝ,ဝဝဝ ခန့်သာ ရှိခဲ့ပြီး မတ်လ ၁ဝ ရက်တွင်မူ တစ်တန်လျှင် ကျပ် ၆ဝဝ,ဝဝဝ ကျော်အထိ မြင့်တက်လာ ခဲ့ကြောင်း၊ ပြည်တွင်းထုတ်နှင့် ပြည်ပ မှ တင်သွင်းလာသည့် သံချောင်းများ ၏ ဈေးနှုန်းများမှာ အနည်းဆုံး ကျပ် ၂ဝ,ဝဝဝ ဝန်းကျင်ခန့် ကွာဟ ကြောင်း သိရသည်။

”သံချောင်းဈေးကတော့ သိပ် အတက်ကြီး မဟုတ်ပါဘူး။ ကျပ် ၅၈ဝ,ဝဝဝ နဲ့ ခြောက်သိန်း ကြား မှာတင် လည်နေတာ များတယ်။ ပြည်တွင်းထုတ်နဲ့ နိုင်ငံခြားဖြစ်က တော့ ဈေးက နည်းနည်းကွာတယ်။ ပုံမှန် အိမ်ဆောက်တာကတော့ ငါးမူး တွေကို အသုံးများတယ်”ဟု ၎င်းက ပြောသည်။


Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service