အိန္ဒိယ EXIM Bank ချေးငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ပေါင်း ငါးသောင်းကျော် ဖော်ထုတ်မည် - Property News in Myanmar from iMyanmarHouse.com
832 Views

အိန္ဒိယ EXIM Bank ချေးငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ပေါင်း ငါးသောင်းကျော် ဖော်ထုတ်မည်

အိန္ဒိယ EXIM Bank ချေးငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ပေါင်း ငါးသောင်းကျော် ဖော်ထုတ်မည်

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် စက်မှုလယ်ယာစနစ်ကျ လယ်ကွက် ဧက ၃ဝ,ဝဝဝ ကျော်နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဧက ၂ဝ,ဝဝဝ ကျော်အား အိန္ဒိယ EXIM Bank ချေးငွေဖြင့် တိုးချဲ့ဖော်ထုတ်သွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

အိန္ဒိယချေးငွေဖြင့်၂ဝ၁၅၂ဝ၁၆ဘဏ္ဍာနှစ်တွင် နေပြည်တော်နှင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်စသည့် ပြည်နယ်တိုင်းဒေသကြီးများ၌ ဆည်ရေသောက်စီမံကိန်းရှိသည့် နေရာများတွင် ဖော်ထုတ်သွားမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးရိုးလယ်ယာကွက်များအား စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရန် ကုန်ထုတ်လမ်း၊ ရေပေးမြောင်းများ ပါဝင်သည့် စနစ်ကျ ဟက်တာလယ်ကွက် ဖော်ထုတ်ခြင်းများကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ နေပြည်တော်အပါအဝင် ပြည်နယ်တိုင်းဒေသကြီးတို့တွင် ဧက ၅ဝ,ဝဝဝ ကျော် ဖော်ထုတ်ခဲ့ပြီး ဝန်ကြီးဌာနဘတ်ဂျက်၊ ပြည်ပချေးငွေ၊ နိုင်ငံတကာ အကူအညီများဖြင့်ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

“ဝန်ကြီးဌာန ဘတ်ဂျက်နဲ့ ဧက ၅ဝဝဝ ကျော်လုပ်ဖို့ ရှိပါတယ်။ နောက် IFAD (International Fund Of Agriculture Development) အကူအညီနဲ့လည်း ဧက ၁ဝ,ဝဝဝ ဖော်ထုတ်ဖို့ရှိပြီး ၂ဝ၁၅-၂ဝ၁၆ မှာ ဧက ၄,ဝဝဝ လောက် စလုပ်ဖို့ ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

အဆိုပါ စနစ်ကျဟက်တာကွက်များ ဖော်ထုတ်ခြင်းအတွက် တစ်ဧကလျှင် ကျပ်ငါးသိန်းခွဲခန့် ကုန်ကျကြောင်း၊ ယခုကဲ့သို့ စီမံကိန်းတွင်ပါဝင်ခြင်းမရှိသည့် နေရာများမှ တောင်သူများစုပေါင်း၍ ဖော်ထုတ်လိုကြောင်း တင်ပြလာပါက တစ်ဧကလျှင် ကျပ် ၁၆ဝ,ဝဝဝ ခန့်ဖြင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ဖော်ထုတ်ပေးနေကြောင်း သိရသည်။

ဖော်ထုတ်ခဲ့ပြီးသည့် စနစ်ကျ လယ်ယာကွက်ပေါင်း ငါးသောင်းကျော်အနက် အစိုးရသစ် လက်ထက်တွင် ၂ဝ၁၄-၂ဝ၁၅ခုနှစ်အထိဧကသုံးသောင်းကျော် ဖော်ထုတ်ခဲ့ကြောင်း၊ ပြည်နယ်များတွင် ကချင် ၁၃၆ဝ ဧက၊ ကယား ၄၁၉ ဧက၊ ကရင် ၁၃၁၁ ဧက၊ မွန် ၇၄၅ ဧက၊ ရခိုင် ၁ဝ၃၉ ဧက၊ ရှမ်း ၄၃၄ ဧကနှင့် တိုင်းဒေသကြီးတို့တွင် မကွေး ၉၅၃ ဧက၊ ပဲခူး ၇၃၁၃ ဧက၊ တနင်္သာရီ ၂ဝဝ ဧက၊ မန္တလေး ၁၅၅၅ ဧက၊ စစ်ကိုင်း ၁၃၉၇ ဧက၊ ဧရာဝတီ ၄၇ဝ၈ ဧက၊ ရန်ကုန် ၄၂၈၆ ဧကတို့ ဖော်ထုတ်ခဲ့ကြောင်း၊ နေပြည်တော်တွင် ၉၄၂၄ ဧကဖြင့် အများဆုံးဖော်ထုတ်ခဲ့ကြောင်း သိရသည်။

Credit : Eleven News

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service