အစိုးရစီမံကိန်း ရပ်ဆိုင်းမှုများကြောင့် မြေအရောင်းအဝယ်လျော့ကျ - Property News in Myanmar from iMyanmarHouse.com
1569 Views

အစိုးရစီမံကိန်း ရပ်ဆိုင်းမှုများကြောင့် မြေအရောင်းအဝယ်လျော့ကျ

အစိုးရ၏ မြို့သစ်စီမံကိန်းအချို့ရပ်ဆိုင်းမှုများကြောင့် မြေကစားသူများ ယုံကြည်မှုပျောက်ဆုံးလာပြီး ဈေးကွက်တွင် အရောင်းအဝယ်နည်းလာကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ ၂၀၁၃ တွင် ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်းနှင့် ၂၀၁၄ စက်တင်ဘာ၌ ရန်ကုန်မြို့ အနောက်ပိုင်းမြို့စီမံကိန်းများ ရပ်ဆိုင်းပြီးနောက် အိမ်ခြံမြေဈေး ကစားသူများ အရှုံးပေါ်ခဲ့သည်မှာ သာဓကတစ်ခုဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ လက်ရှိတွင် ရန်ကုန်-ဒလ တံတားစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မည်ဟု သတင်းများ ထွက်ပေါ် လာသော်လည်း လုပ်ငန်းရှင်များသိရှိမှုနှင့် စိတ်ဝင်စားမှု နည်းပါးကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

‘‘ဒလဘက်ကမ်းမှာ အရောင်းအဝယ်အေးနေတာကတော့ အခုအချိန်ထိပဲ။ တကယ်လို့ တံတားစီမံကိန်းပြန်ပေါ်လာရင်တောင် သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက်ကလိုတော့ သိပ်ပြီးလှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ်မထင်ဘူး’’ဟု Perfect World အိမ်ခြံမြေနှင့် စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာ ကိုနိုင်ကပြောသည်။ ပန်းဆိုးတန်း-ဒလတံတား တည်ဆောက်မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဒလဘက်ကမ်းရှိ အိမ်ခြံမြေဈေးနှုန်းများ တစ်ရှိန်ထိုးတက်လာပြီး စီမံကိန်း အကောင်အထည် မပေါ်လာ၍ မြေကြိုဝယ်ထားသူများ ဒုက္ခရောက်ရကြောင်း ၎င်းကပြောသည်။

‘‘အိမ်ခြံမြေ အကျိုးဆောင်တွေက ကြီးကြီးမားမားမထိခိုက် နိုင်ပေမယ့် ကြားထဲကနေ ပိုက်ဆံကိုင်ပြီး ဈေးဝင်ကစားတဲ့ လူတွေကတော့ စီမံကိန်းတွေပျက်တိုင်း အထိနာပါတယ်’’ဟု မာစတာအိမ်ခြံမြေလုပ်ငန်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောသည်။ ခြံ၊ မြေအချို့မှာ အရောင်းအ၀ယ်မပြုလုပ်သေးဘဲ စီမံကိန်းအတည်ပြုသတင်းကို ဆက်လက်နားစွင့်နေကြကြောင်း ဒလမြို့နယ် အိမ်ခြံမြေအကျိုးဆောင်များ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိ စီမံကိန်းလျာထားသည့် မြေနေရာအနီးရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင် လွန်ခဲ့သည့် လပိုင်းခန့်က ပေ၄၀ × ပေ၆၀ မြေကွက်ကို သိန်းတစ်ထောင့်နှစ်ရာ၊ သိန်းတစ်ထောင်ဝန်းကျင်ဖြင့် ရောင်းမည်ဟု ဆိုထားသော်လည်း ယခုတွင် တေ့တေ့ဆိုင်ဆိုင်ရောင်းမည့်သူမရှိသေးကြောင်း၊ ၀ယ်လက်များ လာရောက်စုံစမ်းသော်လည်း နည်းပါးနေသေးကြောင်း ဒလမြို့နယ်၌ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ချိုကဆိုသည်။

ယခင်က ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်းကြောင့် ကားလမ်းမဘေးရှိ ပေ၄၀× ပေ၆၀ မြေတစ်ကွက်၏ တန်ဖိုးမှာ ကျပ်သိန်းလေးထောင်မှ ငါးထောင်အထိ ဈေးရှိခဲ့သည်။ လက်ရှိတွင် ယင်းမြေကွက်များမှာ ထက်ဝက်ခန့် ဈေးကျဆင်း လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရသည်။

ယခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ အကျဘက်သို့ ဦးတည်နေပြီး ရွေးကောက်ပွဲနောက်ပိုင်း၌ ဈေးနှုန်း ထပ်မံကျဆင်း သွားနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service