ရာဇဝင်ထဲမှာကျန်ရစ်ခဲ့တဲ့ နာဂတို့ရဲ့ပန်အိမ် - Property News in Myanmar from iMyanmarHouse.com
2189 Views

ရာဇဝင်ထဲမှာကျန်ရစ်ခဲ့တဲ့ နာဂတို့ရဲ့ပန်အိမ်

‘‘နာဂပန်အိမ်ကိစ္စသည် အတော်လေးသိမ်မွေ့သည်။ ရွာထိပ်တွင်ရှိ အဆောက်အအုံတစ်ခုတွင် လူပျို၊ အပျို ချိန်းတွေ့ရာ နေရာတစ်ခုဖြစ်ပြီး သူတို့ရိုးရာဓလေ့အရ သူတို့ချည်း နေထိုင်ကြရာတွင် ပြဿနာမရှိသော်လည်း ပြင်ပဒေသမှ ရောက်လာသော ဧည့်သည်များက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး နာဂသမီးပျိုများအပေါ် လိင်အမြတ်ထုတ်မှုတွေ ပြုလာကြသည်။
ကွယ်လွန်သွားပြီဖြစ်သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းအကြောင်း ရေးသားထားသည့် ‘မမျှော်လင့်သော ခရီးရှည်’အမည်ရှိ အတ္ထုပ္ပတ္တိစာအုပ်တွင် နာဂတို့ရိုးရာဓလေ့ ပန်အိမ်အကြောင်း ၎င်း၏ထင်မြင်ချက်ကို အထက်ပါအတိုင်း ရေးသားခဲ့သည်။

နာဂတို့ ရိုးရာဓလေ့ဖြစ်သည့် ပန်အိမ်နှင့်ပတ်သက်၍ ယင်းကဲ့သို့အမြင်ရှိခဲ့သည့် တပ်မတော်အရာရှိကြီးက အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝတွင် ပန်အိမ်ဓလေ့ကို ပျောက်ကွယ်အောင် ၎င်းကြိုးစားခဲ့ကြောင်းလည်း စာရေးဆရာမြင့်သူ ပြန်လည်ရေးသားသည့် ‘မမျှော်လင့်သော ခရီးရှည်’စာအုပ်တွင် ရေးသားထားခဲ့သည်။
သို့သော်လည်း နာဂတို့ကတော့ သူတို့၏ရိုးရာဓလေ့တွင် ပန်အိမ်၏တန်ဖိုးသည် ထိုထက်မက ပိုသည်ဟုဆိုသည်။ ဘေးထွက်ဆိုးကျိုးများရှိသော်လည်း နာဂတို့အတွက်တော့ ပန်အိမ်ဆိုသည်မှာ ပါလီမန်တစ်ခု၊ လွှတ်တော်တစ်ခုလိုပင် အရေးပါသည့်အရာဖြစ်ကြောင်း နာဂလူမျိုးဆင်းသက်လာပုံသမိုင်းအကြောင်းကို လေ့လာရေးသားပြုစုနေသည့် ဦးရှုမောင်ကပြောသည်။

‘‘ပန်က နိုင်ငံရေးအရ အထူးလေးနက်တဲ့နေရာတစ်ခုလည်း ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရင် ဒါက ကျေးရွာအဆင့် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နေရာတစ်ခုလည်းဖြစ်တယ်။ ပါလီမန်သဘောဆောင်တဲ့ ဆုံးဖြတ်ချက်တွေ ချပေးနိုင်တဲ့နေရာဖြစ်တယ်။ လူတွေအများကြီးကို ပန်အိမ်မှာစုလိုက်တယ်။ ဆုံးဖြတ်ချက်ကို အဲဒီမှာ တစ်ခါတည်းချတယ်။ ဥပဒေဆိုလည်း အဲဒီမှာပြုတယ်။ လူတစ်ယောက်ကို ဘယ်ပြစ်မှုအရ သတ်ခြင်း၊ မသတ်ခြင်းကို စော်ဘွားကနေပြီး ဆုံးဖြတ်ပေးတဲ့အတွက်ကြောင့် ပန်ဟာပါလီမန်တစ်ခုကို ကိုယ်စားပြုတယ်’’ဟု ဦးရှုမောင်ကဆိုသည်။

ပန်အိမ်ဆိုသည်မှာ နာဂတို့အတွက် တရားစီရင်ရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် စုဝေးတိုင်ပင်ရာနေရာတစ်ခုဖြစ်ကြောင်း နာဂတို့ကဆိုသည်။ ပန်အိမ်သည် ရပ်ရွာအတွင်း မှုခင်းများကို ဆုံးဖြတ်ရာနေရာ။ တောင်ယာစိုက်ပျိုးရေးနှင့် အမဲလိုက်အတွေ့အကြုံများကို ဖလှယ်ရာနေရာ။ ပန်အိမ်သည် အခြားရွာတစ်ခုအား မိတ်ဖွဲ့မည် (သို့မဟုတ်) တိုက်ခိုက်မည်ကို ဆုံးဖြတ်ချက်ချရာနေရာတစ်ခုဖြစ်ကြောင်း နာဂများက ပြန်ပြောင်းပြောပြသည်။

ပန်အိမ်အကြောင်းပြောမည်ဆိုလျှင် နာဂတို့၏အုပ်ချုပ်ရေးဆိုင်ရာ ဓလေ့ထုံးစံများကို ဦးစွာပြောဆိုရန် လိုအပ်မည်ဖြစ်သည်။ နာဂတို့သည် သမိုင်းတစ်လျှောက် ပဒေသရာဇ်အုပ်ချုပ်ရေးသော်လည်းကောင်း၊ အင်အားစုများကိုစုစည်းပြီး မြို့ပြနိုင်ငံများအဖြစ်သော်လည်းကောင်း ဖွဲ့စည်းနေထိုင်ခဲ့သည့် ဓလေ့မရှိခဲ့ဘဲ ကျေးရွာတိုင်းက လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တစ်ခုစီဖြင့် ရပ်တည်ကြသည်။ အဆိုပါနာဂရွာတိုင်းတွင် စော်ဘွားကဲ့သို့သော ခေါင်းဆောင်တစ်ဦးက အုပ်ချုပ်ရေးကိစ္စများကို တာဝန်ယူသည်။ စော်ဘွား၏အောက်တွင် စစ်သူကြီးကဲ့သို့သော ခေါင်းဆောင်တစ်ဦးရှိပြီး ထိုသူက ပန်အိမ်ကို ဦးဆောင်သည့်တာဝန်ကို ယူရကြောင်း နာဂများကပြောသည်။

‘‘ပန်အိမ်ဆိုတာကတော့ လူငယ်လူရွယ်တွေရွာရဲ့လုံခြုံရေးအရ ညအိပ်ကင်းစောင့်ရတဲ့ ကင်းတဲတစ်ခုလည်းဖြစ်တယ်။ ရွာရဲ့အရေးကြီးတဲ့နေရာ၊ လူငယ်တွေ စုပြီးနေတဲ့ နေရာ လည်းဖြစ်တယ်’’ဟု အသက်(၆၀)ကျော်ရှိပြီဖြစ်သော နာဂရိုးရာယဉ်ကျေးမှုဗဟိုကော်မတီအဖွဲ့ဝင် ဦးရင်မန်းကပြောသည်။

ရွာရှိလူငယ်များက ပန်အိမ်တွင် ညအိပ်ကာ ရွာအတွင်း ရန်သူများ ဝင်ရောက်လာခြင်းကအစ ရွာအတွင်း မီးဘေး၊ လေဘေးအန္တရာယ်များအတွက် လူငယ်များက ရွာ၏လုံခြုံရေးတာဝန်ကို ယူကြရပြီး ရွာအတွင်းထူးခြားချက်ရှိပါက တာဝန်ကျသည့် လူငယ်များက တစ်ရွာလုံးကြားသိစေရန် ပန်အိမ်အနီးတွင် အဆင်သင့်ထားရှိသည့် ပန်တုံးကြီးကို တီးခေါက်ပေးရသည်ဟု ဦးရင်မန်းကပြောပြသည်။

အမျိုးသားများ၊ လူငယ်များအတွက် စုစည်းရာ ပန်အိမ်တည်ဆောက်ထားရှိသကဲ့သို့ အမျိုးသမီးများအတွက် စုရပ်အိမ်တစ်အိမ်ကိုလည်း ရွာကတည်ဆောက်ပေးထားသည်။သို့သော် ထိုအိမ်သည် ပန်အိမ်ကဲ့သို့ အလေးအနက်ထားရသည့် အိမ်မျိုးမဟုတ်ဘဲ အရွယ်ရောက် ကာလသမီးများစုစည်းနေရသည့် စုရပ်အဖြစ်သာ ထားရှိသည်။
အရွယ်ရောက်ကာလသား လူပျိုများက မိမိတို့ဘဝလက်တွဲဖော်အတွက် ကာလသမီးပျိုများစုဝေးရာ အိမ်သို့သွားရောက်ကာ မိမိကြိုက်နှစ်သက်သည့် သမီးပျိုအား ချစ်ရေးဆိုပြီး ရွေးချယ်ကြသည်။

မိမိကြိုက်နှစ်သက်သည့် ပျိုမယ်များကို ချစ်ရေးဆိုခွင့်ရှိပြီး နှစ်ဦးသဘောတူမေတ္တာရှိပါက မိဘများထံ ရိုးရာဓလေ့အရတင်တောင်းကာ ထိမ်းမြားလက်ထပ်ကြသည်။သို့သော်လည်း ကာလသား၊ သမီးပျိုများအား ရိုးရာဓလေ့စည်းမျဉ်းဥပဒေများဖြင့် ထိန်းချုပ်ထားသည်။ ကာလသမီးပျိုများ စုစည်းနေထိုင်ရာအိမ်သို့ မိမိတို့နှင့် ဆွေမျိုး၊ မောင်နှမများ တော်စပ်သည့် ကာလသမီးပျိုများရှိပါက ထုံးတမ်းစဉ်လာအရ ကာလသားများ သွားရောက်လည်ပတ်၍မရပေ။

လူငယ်သဘာဝအရ ချစ်ကြိုက်မိ၍ ခြေလွန်လက်လွန်ဖြစ်ခဲ့ပါက မည်ကဲ့သို့ဆက်လက်လုပ်ဆောင်ရမည်ဆိုသည့် စည်းမျဉ်းများမှာ ရေးသားမထားသော်လည်း နာဂတို့ အတိအကျလိုက်နာရသည့် ဓလေ့များရှိကြောင်း ဒေသခံများကပြောပါသည်။ချစ်တင်းနှောခဲ့ပြီး ကိုယ်ဝန်လွယ်လာသည့်အခါ အမျိုးသားဘက်က လက်ထပ်ထိမ်းမြားခြင်းမရှိသည့် အမျိုးသမီးများ၏ ဘဝရပ်တည်ရေးအတွက် အခွင့်အရေးအများအပြားပေးထားကြောင်း နာဂများကပြောသည်။
လက်ထပ်ရန်ငြင်းဆန်သည့် အမျိုးသားဘက်က အမျိုးသမီးအား နစ်နာကြေးအဖြစ် သမီးရှင်မိဘများဘက်က တောင်းခံသည့်အတိုင်း လျော်ကြေးပေးဆောင်ရသည်။ ရိုးရာဓလေ့အရ
ရိုးရာမောင်းကွင်း၊ ကျွဲ၊ ဝက်၊ စပါးတင်းများဖြင့် ပေးလျော်ရသည်ဟု ဦးရင်မန်းကရှင်းပြသည်။

ပန်အိမ်သည် ညဘက်လူငယ်များစုဝေးရာ သက်သက်မဟုတ်ဘဲ လူငယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဒေသရိုးရာဓလေ့ပညာရပ်များ နှီးနှောဖလှယ်ကြသည့် သင်တန်းကျောင်းတစ်ခုလည်း ဖြစ်သည့်အပြင် ရွာ၌ သာရေး၊ နာရေး အပါအဝင် အမှုအခင်းကိစ္စများကိုလည်း ပန်အိမ်တွင် တရားစီရင်ဆုံးဖြတ်ပေးရကြောင်း ရှေ့မီနောက်မီ နာဂတိုင်းရင်းသားများကဆိုသည်။
naga-festival02‘‘ပန်အိမ်က ညပိုင်းမှာဆိုရင် လူငယ်တွေစုစည်းတဲ့နေရာဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် လေ့လာသင်ယူမှုစနစ်ကိုယူတာ။ ဘာလို့လဲဆိုတော့ နာဂမှာ ရိုးရာအရ ကျောင်းဆိုတာမရှိထားဘူး။ တစ်နေ့တာ သူတို့တောင်ယာခုတ်သွားကြပြီးတော့ ညဘက်မှာ ဆုံစည်းကြတယ်။ တွေ့ကြ၊ ပြောကြတယ်။ တောင်ယာလုပ်ငန်းကအစ လက်မှုပညာရပ်တွေဖြစ်တဲ့ ပလိုင်း၊ ခြင်းတို့ ရက်လုပ်တာ၊ ဓား၊ ပုဆိန်အရိုးတပ်တာတို့၊ မြား၊ ဒူးလေးလုပ်တာတွေကို တစ်ယောက်နဲ့တစ်ယောက် သင်ယူလေ့လာကြတယ်။ မိန်းကလေးတွေကလည်း ချည်ထိုး၊ ဂျပ်ခုတ်တာတွေကို လုပ်ကြတာတွေရှိတယ်’’ဟု ဦးရှုမောင်ကပြောသည်။

ဗိုလ်ချုပ်ကြီးစိုးဝင်းက သူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ် ရွာအတော်များများရှိ ပန်အိမ်များကို ဖျက်သိမ်းစေခဲ့ကြောင်း ဝန်ခံခဲ့သည်။အကြောင်းပြချက်က နိုင်ငံခြားသားများ၊ ဧည့်လမ်းညွှန်များနှင့် စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများက ရိုးသားသည့် နာဂဒေသကို အရောင်ဆိုးသည့် လုပ်ရပ်များကြောင့်ဟု အကြောင်းပြခဲ့သည်။ ရိုးရာဓလေ့မှ စီးပွားဖြစ်လုပ်စားလာပါက ကျန်းမာရေးရှုထောင့်အရလည်း ရောဂါပေါင်းစုံပွေလီနေသောအသိုင်းအဝိုင်းတစ်ခုအဖြစ် ပြောင်းသွားနိုင်သောကြောင့်ဖြစ်ကြောင်း ၎င်း၏စိုးရိမ်မှုကို ထုတ်ဖော်ရေးသားခဲ့သည်။
ပန်အိမ်ဆိုသည်မှာ နာဂတို့အတွက် အဓိပ္ပာယ်အမျိုးမျိုးရှိခဲ့သော်လည်း ယခုကာလတွင်တော့ ရာဇဝင်ထဲက အဆောက်အအုံတစ်ခုအဖြစ်သာ ကျန်ရှိတော့သည်။

Credit: 7 day daily
ရာဇဝင်ထဲမှာကျန်ရစ်ခဲ့တဲ့ နာဂတို့ရဲ့ပန်အိမ် - Property News in Myanmar from iMyanmarHouse.com
ရာဇဝင်ထဲမှာကျန်ရစ်ခဲ့တဲ့ နာဂတို့ရဲ့ပန်အိမ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service