တိုက်ခန်းဝယ်မယ်ဆို အမည်ခံဆောက်လုပ်တဲ့ သူတွေဆီက မ၀ယ်မိဖို့ သတိပြု - Property News in Myanmar from iMyanmarHouse.com
1261 Views

တိုက်ခန်းဝယ်မယ်ဆို အမည်ခံဆောက်လုပ်တဲ့ သူတွေဆီက မ၀ယ်မိဖို့ သတိပြု

အမည်ခံဆောက်လုပ်နေတာမျိုးတွေ ရှိတာကြောင့် တိုက်ခန်းဝယ်ယူတဲ့ အခါမှာ လိုင်စင်ရ ကန်ထရိုက်ဆောက်လုပ်တဲ့ တိုက်ခန်းတွေကိုသာ စိစစ်ဝယ်ယူသင့်တယ်လို့ သိရပါတယ်။

တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ကိုယ်ဝယ်မယ့်တိုက်ခန်းက တရားဝင်ဆောက်လုပ်နေတာ ဟုတ်မဟုတ်၊ BCC မှန်မမှန်၊ ပါမစ် မှန်မမှန်သေချာ စိစစ်သင့်တယ်။

အကျိုးဆောင်ရှေ့နေဦးမောင်မောင်က "၀ယ်သူအနေနဲ့ ကိုယ့်ဘက်က စစ်ဆေးလို့ရတာ သိပ်မသိကြဘူး၊ ၀ယ်ပြီးမှ တရားဝင်မဟုတ်တာ၊ BCC မကျတာတွေဖြစ်ပြီး နစ်နာမှုတွေရှိလာတာ၊ ပါမစ်မှန်မှန်၊ BCC မှန်မမှန်၊ အမည်ခံဆောက်လုပ်တာတွေ စစ်မယ်ဆို မြို့တော်စည်ပင်မှာ သွားစစ်လို့ရတယ်"လို့ပြောပါတယ်။

စာရွက်စာတမ်း စစ်ဆေးမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ၁၀ ထပ်ရုံး သုံးလွှာမှာ ပါမစ်မှန်မမှန်နဲ့ BCC မှန်မမှန်ကို စစ်လို့ရတယ်။ တချို့က အမည်ခံဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေရှိတာကြောင့် လိုင်စင်ရ ကိုယ်တိုင်ဆောက်လုပ်တဲ့ အခန်းကိုဝယ်တာက ပိုသေချာတယ်လို့သိရတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကျော်က"အခုဖြစ်နေတာက လိုင်စင်ရ ကန်ထရိုက်တာက အမည်ခံပြီး ဆောက်လုပ်နေတာတွေ ရှိတယ်၊ သေချာစုံစမ်းပြီးတော့မှ ၀ယ်သင့်တယ်။ တရားဝင်ဆောက်လုပ်တဲ့ ခွင့်ပြုမိန့်ပါမစ်စာချုပ်တွေကို မြို့နယ်ရုံး၊ အုပ်ချုပ်ရေးမှုးရုံးတွေကို မိတ္တူပို့ရတယ်၊ ၀ယ်မယ်ဆိုအဲ့မှာ သွားကြည့်လို့ရတယ်"လို့ ပြောပါတယ်။

ကန်ထရိုက်တိုက်ခန်းတန်ဖိုးတွေ ကွာဟနေတာက တရားဝင်နဲ့ တရားမ၀င် ကွာတာကြောင့်ပါ။ ဈေးသက်သာတယ်ဆိုပြီး မ၀ယ်ယူသင့်ပဲ သေချာစုံစမ်းပြီးမှသာ ၀ယ်ယူသင့်တယ်။ ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေ များလာတဲ့အတွက် တိုက်ခန်းရောင်းသူတွေကလည်း များလာတယ်။ ကန်ထရိုက်တိုက်ခန်းတချို့ရဲ့ ဈေးနှုန်းတွေက ဈေးသက်သာတာကြောင့် ၀ယ်သူတွေက စိတ်ဝင်စားကြတယ်။ ဈေးသက်သာတိုင်း ၀ယ်ယူဖို့ မသင့်ဘူးလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service