အမှန်တကယ် အိမ်ရာလိုအပ်သူများ၏လက်ဝယ်သို့ ရောက်ရှိစေရန် ရောင်းချပေးမှသာ ပြည်တွင်းအိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာနိုင် - Property News in Myanmar from iMyanmarHouse.com
1775 Views

အမှန်တကယ် အိမ်ရာလိုအပ်သူများ၏လက်ဝယ်သို့ ရောက်ရှိစေရန် ရောင်းချပေးမှသာ ပြည်တွင်းအိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာနိုင်

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်း စေရန်အတွက် အခွန်စနစ်ဖြင့် ထိန်း ချုပ် ကောက်ခံခြင်းထက် အမှန် တကယ် အိမ်ရာလိုအပ်သူများကို နိုင်ငံတော်မှ စိစစ်ကာ တိုက်ရိုက် ရောင်းချပေးခြင်းဖြင့်သာ အိမ်ခြံမြေ ဈေးနှုန်းများ အမှန်တကယ် ကျဆင်း လာနိုင်သည်ဟု မြန်မာနိုင်ငံ အိမ် ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုမှ သတင်းရရှိသည်။

”အိမ်ခြံမြေ ဈေးကျအောင် အခွန်နဲ့ ထိန်းမလားဆိုပြီး ပြန်ကြည့် လိုက်တော့ ပြည်သူတွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်နား မလည်ကြဘူး။ ဥပမာ သိန်း ၁ဝဝ နဲ့ ရောင်းမယ့် အခန်းကို ၁ဝ သိန်း အခွန်ဆောင်ရမယ်ဆိုရင် အိမ်ရှင် တွေက ကာမိအောင် သိန်း ၁ဝဝ ခေါ်ကြတော့ ဈေးတွေက တဖြည်း ဖြည်းတက်လာတယ်။ နိုင်ငံတော်က စီးပွားရေးသမားတွေကို မဟုတ်ဘဲ အမှန်တကယ် အိမ်ရာလိုအပ်တဲ့သူ တွေကို ရောင်းပေးမယ်ဆိုရင် ပြည် သူတွေ အိမ်ပိုင်လာမှာ ဖြစ်သလို အငှားဈေးလည်း ကျလာနိုင်တယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဗဟို အထွေထွေအတွင်းရေး မှူး ဒေါ်မို့မို့အောင်က ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်း လာစေရန်နှင့် အခြေခံလူတန်းစား များ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် တန်းဖိုးမျှတ အိမ်ရာစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရပိုင် မြေနေရာများတွင် ဆောက် လုပ်သွားရန် စီစဉ်နေပြီး ဒဂုံမြို့သစ် မြို့နယ်များဘက်တွင် တည်ဆောက် သွားမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် တန်ဖိုးမျှတ အိမ်ရာစီမံ ကိန်းများတွင် နေထိုင်သူများအတွက် လည်း သွားလာရေး လွယ်ကူအဆင် ပြေစေရန် သယ်ယူပို့ဆောင်ရေး စနစ် များကိုပါ တစ်ပါတည်း ထည့်သွင်း တည်ဆောက်ပေးမှသာ အလုပ်ဖြစ် နိုင်မည်ဖြစ်ကြောင်း အိမ်ခြံမြေ ကျွမ်း ကျင်သူများက သုံးသပ်ကြသည်။

”အစိုးရဝန်ထမ်းတွေကို အဓိက ရောင်းပေးရမယ်။ ပြီးရင် ကုမ္ပဏီ ဝန်ထမ်းတွေကို ကုမ္ပဏီထောက်ခံ ချက်တွေနဲ့ အခန်းတန်ဖိုး ၃ဝ ရာခိုင် နှုန်းပေးပြီး တက်နေခွင့်ပေးရင် သူတို့အတွက် အိုးပိုင်အိမ်ပိုင်ဖြစ် သွားမယ့်အပြင် ကုမ္ပဏီတွေမှာ လည်း ဝန်ထမ်းတွေ မြဲသွားနိုင်တယ်။ အိမ်ရာမှာနေတဲ့လူတွေ အလုပ်သွား၊ အလုပ်ပြန်အတွက်လည်း ကားလိုင်း တွေ စီစဉ်ပေး အဲဒါမှ အလုပ်ဖြစ်လိမ့် မယ်”ဟု ၎င်းက ပြောသည်။

၂ဝ၁၄ ခုနှစ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အထပ်နိမ့် အဆောက်အအုံ ၃,ဝ၆၇ လုံးနှင့် အထပ်မြင့် အဆောက်အအုံ ၃,၈၄၆ လုံး စုစုပေါင်း ၆,၉၁၃ လုံးကို ဆောက်လုပ်ခွင့်ပြုခဲ့သည့်အတွက် ၁၄ နှစ်တာအတွင်း စံချိန်တင် ဆောက်လုပ်မှု ဖြစ်ခဲ့သော်လည်း တိုးပွားလာသည့် လူဦးရေ အနေ အထားကြောင့် ဈေးကွက်လိုအပ် ချက်များကို ပြည့်မီအောင် ဆောက် လုပ်နိုင်ခြင်း မရှိသေးသဖြင့် အိမ်ခြံ မြေ ဈေးနှုန်းများ အမြင့်ဈေးတွင် ရှိနေကာ ငှားရမ်းခနှုန်းထားများပါ မြင့်တက်လာလျက် ရှိနေသည်။

အိမ်ခြံမြေဈေးနှုန်းများကျဆင်း ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်မှ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများကို ဖော်ဆောင်နေသော် လည်း ဘဏ္ဍာငွေ အခက်အခဲကြောင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို အလုံးအရင်းဖြင့် တည်ဆောက်ရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကလည်း သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောသည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်း များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ စီမံကိန်းများ ချမှတ်ကာ တည် ဆောက်ပေးနေပြီး နေထိုင်သူများ သွားရေးလာရေး အဆင်ပြေစေရေး အတွက်ကိုမူ သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

”Plan တွေဆွဲတဲ့ အထဲမှာတော့ လမ်းတွေပါ အသေအချာထည့်ထား ပါတယ်။ သွားရေး လာရေး အဆင် ပြေစေဖို့ကတော့ သယ်ယူပို့ဆောင် ရေးက အဆင့်ဆင့်လုပ်သွားမှာပါ။ တန်ဖိုးနည်း အိမ်ရာစီမံကိန်းကတော့ အရင် စီမံကိန်းတွေ၊ လျာထား စီမံကိန်းတွေကို လုပ်နေတာ ရှိပါ တယ်။ ရောင်းတာကတော့ ကျွန်တော် တို့နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ညှိနှိုင်းပြီး ရောင်းချပေးနေပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က ဇန်နဝါရီလ ၂၆ ရက် နေ့လယ် တွင် ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service