၂၀၁၅ အိမ်ခြံမြေဈေးကွက် အပျက်ဘက်ကို ဦးတည်လာနေ - Property News in Myanmar from iMyanmarHouse.com
851 Views

၂၀၁၅ အိမ်ခြံမြေဈေးကွက် အပျက်ဘက်ကို ဦးတည်လာနေ

(အရောင်းသာရှိပြီး ၀ယ်သူမဲ့လာပြီဖြစ်သော ထပ်ဆင့် ၀ယ်ရောင်းများ လက်ထဲက အိမ်ခြံမြေများ အနာဂတ်....)
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက် အနေဖြင့် ယခု ၂၀၁၅ ခုနှစ်အတွင်း အထိန်းအကွပ်မဲ့စွာ အိမ်ခြံမြေပူဖေါင်း အကြီးအကျယ် ပေါက်မည့် အခြေအနေမျိုး ဆိုက်ရောက်နေသည်ဟု ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေ အကျိုးတော်ဆောင်များ အသင်း၊ အိမ်ခြံမြေ အကျိုးတော်ဆောင်များနှင့် ပညာရှင်များက တညီတညွတ်တည်း သုံးသပ်လိုက်ကြသည်။

ငွေမည်းခ၀ါကြောင့် အဆမတန် တတ်လာခဲ့တဲ့ အိမ်ခြံမြေ ဈေးနှုန်းများ

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် အနေဖြင့် လွန်ခဲ့သော ၂၀၁၂ ခုနှစ်၊ နှစ်လည်ပိုင်းမှ စတင်ပြီး၊ တရိပ်ရိပ် မြင့်တက်လာခဲ့သည်မှာ ၂၀၁၄ နှစ်ကုန်ပိုင်းအထိပင် ဖြစ်သည်။ မြင့်တက်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ၀င်ငွေရလမ်းအား ဖော်ပြနိုင်ခြင်း မရှိသည့် ငွေကြေးအမြောက်အများ ပိုင်ဆိုင်ထားသူများမှ မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး စသည့် မြို့များတွင် အိမ်ခြံမြေများအား ၀ယ်ယူ၍ ရင်းနှီးမြုပ်နှံမှု ပြုလုပ်လာကြခြင်းနှင့် ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖားကန့် ဒေသရှိ ကျောက်စိမ်း လုပ်ကွက်များ တူးဖော်ရန် အခြေအနေ ကောင်းမွန်ခြင်း မရှိသည့် အတွက် ကျောက်စိမ်း ဈေးကွက် ပျက်စီးလာခြင်းကြောင့် ငွေလှည့်လည် ရင်းနှီးမြုပ်နှံသည့် အနေဖြင့် မြို့အတွင်း အချက်အချာကျသည့် နေရာများတွင် ကာလ ပေါက်ဈေးထက် အဆမတန်ပေး ၀ယ်လာခြင်းကြောင့် ဖြစ်ကြောင်း အိမ်ခြံမြေ သုံးသပ် လေ့လာသူများက ဆိုသည်။ ယင်းကဲ့သို့ အခြေနေများကြောင့် နှစ်နှစ်ခန့် တည်ငြိမ် အေးစက်ခဲ့သော အိမ်ခြံမြေ ဈေးကွက်မှာ ဈေးနှုန်း အတက်နှင့် လှုပ်ခတ်လာပြီး၊ ငွေကြေး အနည်းငယ် လက်ဝယ် ပိုင်ဆိုင်သူများမှာလည်း လိုက်လံ ၀ယ်ယူနေကြကြောင်း မန္တလေး၊ ရန်ကုန် အခြေစိုက် အိမ်ခြံမြေ အကျိုးတော်ဆောင်များက ဆိုသည်။

“အဓိက ကတော့ ငွေမည်း ခ၀ါချတဲ့ သူတွေနဲ့ ကျောက်ဈေးကွက် မကောင်းလို့ အခြားတစ်ဖက် လှည့်ပြီး အိမ်ခြံမြေ ဈေးကွက်ထဲကို ၀င်ရောက် ရင်းနှီးမြုပ်နှံလာတဲ့ အတွက်ကြောင့်ပဲ၊ အများစုက တရုတ်တွေ များတယ်။ အဲလို ဈေးပိုပေးပြီး ၀ယ်ယူမှုတွေ ဖြစ်ပေါ်လာတော့ မြန်မာတို့ရဲ့ အကျင့်အတိုင်း အမြတ်နည်းနည်းရလည်း မဆိုးဘူးဆိုပြီး၊ စုထားတဲ့ ငွေလေးတွေနဲ့ တတ်နိုင်သလောက် လိုက်ဝယ်ကြတယ်။ ပြန်ရောင်းကြတယ်။ အဲဒီ ကာလမှာတော့ အဆင်ပြေနေတာပဲ”ဟု မန္တလေးမြို့ အိမ်ခြံမြေ အကျိုးတော်ဆောင် အသင်း ဒုတိယ ဥက္ကဋ္ဌက ရှင်းပြသည်။

အရောင်းသာရှိပြီး၊ အ၀ယ် မရှိသည့် ၂၀၁၅ အိမ်ခြံမြေ ဈေးကွက်

၂၀၁၅ အစ အိမ်ခြံမြေ ဈေးကွက် အနေဖြင့် တဆစ်ချိုး ပြောင်းလဲခဲ့ကာ အရောင်းသာရှိပြီး၊ ၀ယ်သူ မရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟုလည်း အိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။

၎င်းတို့၏ အဆိုအရ လက်ရှိ အချိန်တွင် အဆင့်မြင့် အိမ်ရာများနှင့် ကွန်ဒိုတိုက်ခန်းများအား ကာလပေါက်ဈေးထက် အနိမ့်ဆုံး သိန်းငါးရာ၊ သိန်းတစ်ထောင် လျှော့ချ၍ ရောင်းချမှုများ ပြုလုပ်နေ သော်လည်း ၀ယ်သူ မရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည့် အပြင် မြို့စွန်မြို့ဖျားပိုင်းရှိ မြေကွက်များမှာလည်း ဈေးနှုန်း ကျဆင်းခြင်း မရှိသော်လည်း အရောင်းအ၀ယ် လုံးဝမရှိသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု သိရသည်။

“ကွန်ဒိုတွေ အဆင့်မြင့် အိမ်ရာတွေ ခေတ်ထတော့ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်ထားတယ်။ အခုဈေးလျှော့ ရောင်းတာတောင် ၀ယ်သူမရှိတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ပိုက်ဘောမိသွားပါပြီ၊ ဘာလုပ်ရမှန်းကို မသိတော့ဘူး”ဟု ရင်းနှီး မြုပ်နှံမှု ပြုလုပ်သည့် အနေဖြင့် ကွန်ဒိုတိုက်ခန်းများအား ၀ယ်ရောင်း ဆောင်ရွက်နေသူ တစ်ဦးက ဆိုသည်။

အိမ်ခြံမြေနှင့် ဘဏ်လုပ်ငန်း

“ကျွန်တော်တို့ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမယ့် သူတွေဆို ကွန်ဒို တန်ကြေးရဲ့ ၃၀ ရာခိုင်နှုန်း အရင် ပေးခိုင်းတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၆နှစ် အရစ်ကျ ဆပ်ရပါမယ်။ အဆင့်မြင့် ကွန်ဒိုဆောက်မယ့် ကန်ထရိုက်တွေ ငွေချေးချင်ရင် မြေနှင့်ပိုင်ဆိုင်မှု အထောက်အထားတွေကို ဘဏ်ကသိမ်းပြီး၊ ခြောက်နှစ် ချေးငွေပေးတယ်”ဟု ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးဝင်းရီက ရှင်းပြသည်။

ယခုကဲ့သို့ အိမ်ခြံမြေ အ၀ယ်ဈေးကွက် မရှိသည့် အနေအထားမျိုး ဖြစ်ပေါ်လာရခြင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမည့် ငွေစာရင်းများအား တားဆီးပိတ်ပင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း၊ တရားမ၀င် ငွေကြေး တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ကျပ်သိန်း တစ်ထောင်နှင့် အထက် အရောင်းအ၀ယ် ပြုလုပ်သူများအား စောင့်ကြည့်လာခြင်း၊ ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အရစ်ကျ ၀ယ်ယူရနိုင်သည့် စနစ်များ ထွန်းကားခြင်း မရှိသေးသည့် အတွက်ကြောင့် ဖြစ်သည်ဟု လည်း စီးပွားရေး ပညာရှင် အချို့က သုံးသပ် ပြောကြားခဲ့သည်။

“နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စနစ်မှာ ဘဏ်လုပ်ငန်းတွေဆီက ကာလရှည် ချေးငွေများ ရယူပြီး တိုက်ခန်းတွေ ဆောက်လုပ်၊ ပြီးတော့ ၀ယ်ယူမယ့် သူတွေကလည်း ကာလရှည် အရစ်ကျ ၀ယ်ယူနိုင်တဲ့ စနစ်နဲ့ ပြန်လည်ရောင်းချ ပေးတာကြောင့် ၀င်ငွေရလမ်း အသင့်အတင့်ရှိသူတွေတောင် ကိုယ်ပိုင် တိုက်ခန်းတွေ ၀ယ်ယူနိုင်ကြပါတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေက အဲ့ဒီလို ကာလရှည် ချေးငွေမျိုး ထုတ်ချေးပေးနိုင်ခြင်း မရှိတော့ တိုက်ခန်း ဆောက်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ပြည်သူများ အပေါ် ပြန်လည်၍ ကာလရှည် ၀ယ်ယူနိုင်တဲ့ စနစ်မျိုး မလုပ်ပေးနိုင်တော့ အမှန်တကယ် နေထိုင်မယ့် ပြည်သူတွေက မ၀ယ်ယူနိုင်တော့ပဲ အဆင့်မြင့် အိမ်ရာနဲ့ ကွန်ဒိုတွေဆိုတာကို ပြည်ပကနေ လာရောက် ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေနဲ့ ငွေကြေးတတ်နိုင်သူတွေ အတွက်သာ ရောင်းချနေသလို ဖြစ်နေပါတယ်”ဟု စီးပွားရေး ပညာရှင်တစ်ဦးက ထပ်မံ သုံးသပ် ပြောကြားခဲ့သည်။

အိမ်ခြံမြေပူဖောင်း ပေါက်တော့မှာလား

၂၀၁၅ ခုနှစ်တွင် အိမ်ခြံမြေ ဈေးနှုန်းများမှာ အဆမတန် ကျဆင်းသွားမည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်အား လေ့လာ စောင့်ကြည့်နေသည့် အိမ်ခြံမြေ အကျိုးတော်ဆောင်များက သုံးသပ် ပြောကြားခဲ့ကြသည်။

“၂၀၁၅မှာ အိမ်ခြံမြေနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ဆပ်ပြာ ပူဖောင်းပေါက်မယ့် အနေအထားမျိုးကို တွေ့ရတယ်။ အဓိကက ခိုင်မာတဲ့ ရင်းနှီးမြုပ်နှံမှု မရှိတာပဲ”ဟု စီးပွားရေး ပညာရှင် တစ်ဦးက ၄င်းတို့၏ ဆွေးနွေးမှု ရလဒ်အား ပြောပြသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အဆောက်အဦးပေါင်း ၆၀၀၀ ကျော်အထိ ဆောက်လုပ်ခွင့် ပြုခဲ့ပြီး ၁၄ နှစ်တာ ကာလအတွင်း စံချိန်တင် ဆောက်လုပ်ခွင့်ပြုသည့် အရေအတွက်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ဆောက်လုပ်ခွင့် ပြုသည့် အဆောက်အအုံများ အနက် အထပ်မြင့် အဆောက်အဦး ၃၈၄၆လုံး ခွင့်ပြုခဲ့ပြီး၊ အထပ်နိမ့် အဆောက်အဦး ၃၀၆၇ လုံး ခွင့်ပြုခဲ့သည်။

Credit: Tomorrow

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service