အစိုးရ၀န်ထမ်းများ လစာစုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် အစီအစဉ် အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
2024 Views

အစိုးရ၀န်ထမ်းများ လစာစုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် အစီအစဉ် အကောင်အထည်ဖော်မည်

အစိုးရ၀န်ထမ်းများ လစာအရစ်ကျစုဆောင်းပြီး အိမ် ရာဝယ်နိုင်ရန် တစ်ဦးချင်းစီ ၀င် ငွေစုဆောင်းသည့် စနစ် (Myan-mar Provident Fund) ကို မကြာမီ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာတွင် ၀န်ထမ်းများ၏ လစာကို လစဉ်စုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် စနစ်များရှိ၍ မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။

‘‘အိမ်ရာနဲ့ပတ်သက်ပြီး စုငွေလုပ်ဆောင်ဖို့ လိုနေပြီ။ ဒါ ကြောင့် ဒီကဏ္ဍကိုလေ့လာပြီး အကောင်အထည်ဖော်ဖို့ လုပ်နေ တယ်။ ဒီစနစ်က တခြားနိုင်ငံတွေ မှာလည်း ရှိတယ်။ လက်တွေ့သုံး နေတယ်’’ဟု ၎င်းက ပြောသည်။

ထိုစနစ်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အာဆီ ယံနိုင်ငံအချို့တွင် ရှိသည့် စနစ်သည် ၀န်ထမ်းများ ပင်စင်ယူသည့်အခါ နေရာစရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် မလုပ်မနေရ စနစ်ဖြစ်သည်။

‘‘စင်ကာပူ လူ့စွမ်းအားဝန် ကြီးဌာနက သတ်မှတ်ထားတဲ့ Central Provident Fund စနစ် ရှိတယ်။
အမြဲတမ်းနေထိုင်ခွင့်ရ တဲ့ သူတွေရော၊ နိုင်ငံသားတွေ ရော ဒီစနစ်နဲ့ ငွေစုရတယ်’’ ဟု စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေ ထိုင်ခွင့်ရသူ ကိုရန်နိုင်က ပြော သည်။

ယခုအကောင်အထည် ဖော် မည့် စနစ်သည် မြန်မာလူမျိုး များ မရင်းနှီးသေးသောကြောင့် အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိနိုင်ပြီး အစိုးရ ၀န် ထမ်းများ၏ လစာသည် စားဝတ် နေရေး လုံလောက်မှု မရှိသည့်အတွက် စုဆောင်းရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးကျော် တင့်က ပြောသည်။

‘‘လစာတစ်သိန်းကျော်ရတဲ့ ၀န်ထမ်းက ၂၀ ရာခိုင်နှုန်းနဲ့ တစ် သက်လုံးစုသွားတာတောင် လက် ရှိ ပေါက်ဈေးနဲ့ တိုက်ခန်းဘယ် လိုမှ မ၀ယ်နိုင်ဘူး။ လစာတိုးရင် လည်း ကုန်ဈေးနှုန်းက တက်လာ ဦးမယ်။ ငွေကြေးဖောင်းပွမှုက လည်း ရှိနေတော့ သိပ်အဆင် ပြေမယ် မထင်ဘူး။ စင်ကာပူလို လုပ်မယ်ဆိုလည်း ဒီမှာနဲ့ ဟိုမှာက အခြေ အနေချင်း မတူဘူး’’ ဟု လက် ထောက်ညွှန်ကြားရေးမှူး တစ် ဦးက ပြောသည်။

နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်း ၀င်ငွေစုဆောင်းသည့် စနစ်ကို အကောင်အထည်ဖော်ဆောင်ပြီး ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများအကောင်အထည် ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။

ဝန်ထမ်းများအတွက် အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အရေးပေါ် ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service