သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
812 Views

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ - ၁ အခန်း-(၂) အရ မြို့မြေစာရင်းထဲ ပါဝင်သည့် မြေကွက်အား သာသနာ့ဂရန်မြေအဖြစ် ပြောင်းလဲ လျှောက်ထားသည့်အခါ သာသနာဆိုင်ရာပုဂ္ဂိုလ်၊ ဂေါပကအဖွဲ့၊ သာသနာရေးအဖွဲ့အစည်းမှ လျှောက်ထားခြင်းပြုနိုင်ပါသည်။ လျှောက်ထားရာတွင် မြေစာရင်း - ၁၀၅ / ၁၀၆ အား ပူးတွဲတင်ပြပေးရမည်။

လျှောက်ထားမြေနှင့် စပ်လျဉ်း၍ မြေအရောင်းအဝယ်စာချုပ်၊ ပေးကမ်းခြင်းစာချုပ်၊ လှူဒါန်းခြင်းစာချုပ်၊ တရားရုံးအမိန့်ရှိလျှင် အမိန့်၊ ဂရန်မြေ မဟုတ်ပါက မြေချပါမစ်၊ မြေချစလစ်၊ အဆောက်အအုံပါရှိလျှင် ဓာတ်ပုံ မှတ်တမ်းများတို့ လျှောက်ထားသူမှ တင်ပြနိုင်ရပါမည်။ ထို့ပြင် သာသနာရေး သံဃာ့နာယက မြို့နယ်/ ခရိုင်/ တိုင်းဒေကြီး၊ သာသနာရေးဦးစီးဌာန အဆင့်ဆင့်၏ ထောက်ခံချက်နှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေး ထောက်ခံချက်တို့လဲ ပါရှိရပါမည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြေငြာစာ၊ လျှောက်ထားသူ၏ သာသနာ့ဝင် မှတ်တမ်းတို့ လိုအပ်ပြီး သတ်မှတ်လျှောက်လွှာပုံစံတွင် ဖြည့်စွက်ကာ မူရင်းမြေပိုင်ဆိုင်မှု အထောက်အထားများနှင့် ပူးတွဲလျှောက်ထားရမည်ဖြစ်သည်။ မြေပုံ/ မြေရာဇဝင်အား စီစစ်နိုင်ရန် မြို့နယ်မြေစာရင်းဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာနကို အမူတွဲပေးပို့ရမည် ဖြစ်ပါသည်။မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ ကန့်ကွက်ရှိမရှိသတင်းစာကြေငြာခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်းတို့ ပြုလုပ်ပြီး မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ တင်ပြချက်အား ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ စီစစ်မည်ဖြစ်ပါသည်။ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနသည် သာသနာ့ဂရန်မြေအဖြစ် ချထားပေးရန်အတွက် တိုင်းဒေသ ကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်ဘဏ္ဏာတော်မင်းကြီး အခွင့်အာဏာရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ် ချက်အား ရယူမည်ဖြစ်ပါသည်။

သာသနာဂရန်မြေ (၄)မျိုးရှိပြီး ၎င်းတို့မှာ...

- သာသာနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ - မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊

- လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေ၊ - ဝိသုံဂါမသိမ် အသုံးပြုရန်အတွက် မြေပေးအမိန့်ထုတ်ပေးသော လက်မှတ်တို့ဟူ၍ ဖြစ်ပါသည်။

သာသနာရေး၊ သာသနာမှု အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာမြေယာစီမံခန့်ခွဲမှုဌာနမှ မြေယာအပိုင်ပတ္တာစာချုပ်ဖြင့် အခွန်လွတ် သာသနာ့မြေ ထုတ်ပေးနိုင်ပါသည်။ (၁၈၇၆ ခုနှစ် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော် နည်းဥပဒေများ၊ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေ နည်းဥပဒေများ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)။

သာသနာမြေအတွင်း ဘာသာ၊ သာသနာ မြေကိစ္စအတွက် အသုံးပြုရန် အခွန်လွတ် ဗုဒ္ဓသိမ်မြေအားလဲ လျှောက်ထားခြင်းပြုနိုင်ပြီး ဝိသုံဂါမသိမ်အဖြစ် အသုံးပြုရန် သီးခြားမြေပေးအမိန့်ဖြင့် သတ်မှတ်ထုတ်ပေးလိုက်သည့်လက်မှတ်ကို ဆိုလိုပါသည်။(အောက်မြန်မာနိုင်ငံ မြေခွန်တော်နည်း ဥပဒေများနည်းဥပဒေ-၃၄နှင့် အောက် မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ နည်းဥပဒေ ၅၂)၊ သိမ်ဂရန်လျှောက်ထားရာတွင်လဲ သိမ်မြေ လျှောက်ထားသည့်မြေသည် အခွန်လွှတ် သာသနာ့မြေအတွင်း ရှိရမည်။ သိမ်သမုတ်မြေ အစိတ်အပိုင်းအား စာတမ်းအမှတ်အသားဖြစ်စေရန် မှတ်ပုံတင်ရန်လိုအပ်ကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service