Foreign Property News | Posted by Aye Myat Thu
ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် အံ့ဖွယ်ဖြစ်ရပ်များဖြင့် အတိပြီးနေသည်။
နှစ်ပေါင်းများစွာသက်တမ်းရှိ စာရွက်စာတမ်းဟောင်းတစ်ခုကြောင့် နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်လာသော အမျိုးသားတစ်ဦး ရှိနေသည်။
လူတိုင်းနီးပါး၏ နေအိမ်များတွင် ပြန့်ကျဲနေသော စက္ကူအပိုင်းအစငယ်များ ရှိနိုင်သည်။ တခါတရံတွင် အိပ်ယာအောက်တွင်..၊ တခါတရံတွင် ဆိုဖာအောက်တွင်…၊ တခါတရံတွင် အသုံးမလိုတော့သဖြင့် စွန့်ပစ်ထားသည့်ပစ္စည်းများ ထားရှိရာနေရာများတွင် ဖြစ်နိုင်သည်။
သို့သော် တန်ဖိုးမရှိဟု ထင်ရသော စာရွက်စာတမ်း အပိုင်းအစငယ်တစ်ခုမှာ လူတစ်ဦး၏ ဘဝကို နေ့ချင်းညချင်း ပြောင်းလဲသွားစေသည့် ဖြစ်ရပ်မျိုးကား ရှားပါးမည် ဖြစ်သည်။
ချီလီနိုင်ငံသားတစ်ဦးဖြစ်သူ အိတ်ဇီကယ် ဟီနိုဟိုဇာ (Exequiel hinojosa) မှာ အထက်ပါဖြစ်ရပ်မျိုး ကြုံခဲ့ရခြင်း ဖြစ်သည်။
၎င်း၏ ဖခင်ဖြစ်သူ ကွယ်လွန်ပြီး ၁၀ နှစ်အကြာတွင် ယခုကဲ့သို့ ကြုံရလိမ့်မည်ဟု ဟီနိုဟိုဇာ မထင်ခဲ့။
((အံ့ဖွယ် ရှာဖွေတွေ့ရှိမှု))
ဟီနိုဟိုဇာ၏ ဖခင်သည် ကန်ဒေါ်လာ ၁၆၃၅ နှင့်ညီမျှသော ချီလီပီဆိုငွေကို ၁၉၆၀ ပြည့်လွန်ကာလများမှ ၁၉၇၀ ပြည့််လွန်ကာလများအကြား ဘဏ်တွင် ငွေစုထားခဲ့သည်။
အိမ်ဝယ်ရန် ရည်ရွယ်ကာ ငွေစုထားခြင်း ဖြစ်သည်။
၎င်းကွယ်လွန်ချိန်တွင် ငွေစုထားသည့်အကြောင်း မိသားစုဝင် တစ်ဦးမှ မသိခဲ့။
ဟီနိုဟိုဇာသည် အိမ်ရှင်းစဉ်တွင် ၆၂ နှစ်သက်တမ်းရှိ ငွေစုစာအုပ်ကို အမှိုက်များကြားမှ တွေ့ရှိခဲ့သည်။
သို့သော် ဖခင်ဖြစ်သူ ငွေစုထားသည့်ဘဏ်မှာ ပိတ်သိမ်းသွားသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဟီနိုဟိုဇာအနေဖြင့် ဖခင်စုဆောင်းထားခဲ့သောငွေ တစ်ပြားတစ်ချပ်မှ မရနိုင်တော့သည့် အခြေအနေပင်။
သို့သော် ငွေစုစာအုပ်တွင် ဖော်ပြထားသော “နိုင်ငံတော်မှ အာမခံသည်” ဟူသည့် စာတန်းကို သတိပြုမိသည်။
ထိုစာ၏ ဆိုလိုရင်းမှာ အကယ်၍ ငွေစုထားသောဘဏ် ရပ်ဆိုင်းသွားပါက အစိုးရက ငွေပြန်ပေးမည်ဟု ဖြစ်သည်။
သို့အတွက် အစိုးရက ငွေပြန်ထုတ်ပေးလိမ့်မည်ဟု ဟီနိုဟိုဇာ ယူဆခဲ့သည်။
သို့နှင့် အဆိုပါငွေကို သွားရောက်တောင်းခံရာ အစိုးရက ကနဦးတွင် ငြင်းပယ်ခဲ့သည်။
ထို့ကြောင့် ဟီနိုဟိုဇာက တရားရုံးမှတဆင့် တရားစွဲခဲ့ရာ အစိုးရအနေဖြင့် အဆိုပါငွေကို ဘဏ်တိုးနှင့်တကွ ထုတ်ပေးရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
သို့အတွက် အစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနှင့် ညီမျှသော ချီလီပီဆိုငွေကို ထုတ်ပေးခဲ့ရသဖြင့် ဟီနိုဟိုဇာမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးတစ်ဦး ဖြစ်သွားခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man Finds Father's 62-Year-Old Passbook In Old Waste, Becomes Millionaire Overnight