တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
542 Views

တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

တရားမမှု၊ ပြစ်မှုဟူ၍ အမှုအမျိုးအစား (၂)မျိုးရှိပါသည်။ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ရပ် ရပ်ကို နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ထိုသူအား ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုခြင်း ပြုနိုင်ပြီး အမွေဆက်ခံရေး၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ ဂုဏ်သိက္ခာပိုင်း နစ်နာမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် တရားမမှုဖြင့် တရားစွဲဆိုခြင်း ပြုရမည်ဖြစ်ပါသည်။

ပြစ်မှုများတွင် ထိခိုက်နစ်နာသူ ကိုယ်စားနိုင်ငံတော်မှ တရားလိုပြု၍ တရားစွဲဆိုနိုင်ပြီး တရားမမှုများတွင်တော့ နစ်နာဆုံးရှုံးသူ ကိုယ်တိုင်မှ တရားလိုပြုလုပ်ကာ ရုံးခွန်ထမ်းဆောင်၍ ၎င်းသက်သာခွင့်ကို တောင်းဆိုမှု ပြုရမည်ဖြစ်ပါသည်။ တရားမမှုများတွင် နစ်နာသူမှာ ၎င်း၏ ရှေ့နေမှတဆင့် အမှုဖြစ် အကြောင်းချင်းရာအား အဆိုလွှာ ရေးသားတင်သွင်းရမည် ဖြစ်ပါသည်။

တရားမကျင့်ထုံးဥပဒေ အမိန့် - ၆ တွင် အဆိုအချေနှင့် သက်ဆိုင်သည်များကို ဖော်ပြထားပြီး အဆိုလွှာ ရေးသားရာတွင် အမိန့်- ၇ ၊ ချေလွှာ ရေးသားရာတွင် အမိန့်- ၈ နှင့်အညီ လိုက်နာရမည်ဖြစ်ပါသည်။

အဆိုအချေများတွင် အမှုတွင် အဓိကကျသည့် အကြောင်းအရာများကို ဖော်ပြရမည်။ အရေးမကြီးသော အကြောင်းအရာများကို ဖော်ပြရန်မလိုပါ။ အဆိုအချေ၌ အကြောင်းချင်းရာကိုသာ ထုတ်ဖော်ရေးသားရမည်။ ဥပဒေများကို ဖော်ထုတ်ရေးသားရန် မလိုပါ။ (အေ၊အိုင်၊အာ ၁၉၅၂၊ တရားလွှတ်တော်ချုပ် ၄၇) တရားမမှုများ၌ အဆိုအချေအား စေ့စပ်သေချာ မှန်ကန်စွာဖြင့် လိုရင်းတိုရှင်း ဖော်ပြရမည်။ အားကိုးအား ထားပြုရန်ရှိသော စာရွက်စာတမ်း အထောက်အထားများကို ဖော်ပြရမည်ဖြစ်သော်လည်း သက်သေခံများကို ထင်ရှားပြရန် မလိုသေးပါ။တရားပြိုင်အား နစ်နာကြေး တောင်းဆိုသော အဆိုလွှာတွင် တရားပြိုင်၏ မည်သည့် လုပ်ဆောင်ချက်၊ ပျက်ကွက်ချက်ကြောင့် တရားပြိုင်တွင် မည်သို့တာဝန်ရှိကြောင်း မြင်သာအောင် ဖော်ပြရမည်။ တရားပြိုင်၏ ချေလွှာတွင်လဲ မိမိတွင် တာဝန်မရှိကြောင်း ချေဆိုရုံဖြင့် မလုံလောက်ပါ မိမိတွင် မည်သည့်အတွက် ကြောင့် တာဝန်မရှိကြောင်း အချက်အလက်များဖြင့် သေချာတွင် ငြင်းဆိုမှုပြုရမည်။ တရားပြိုင်မှလဲ ချေလွှာတွင် တရားမကျင့်ထုံး အမိန့်-၈ နည်း၃ ၊၄ ၊၅ အရ တိကျစွာ ငြင်းဆိုရမည်။

အမှုပုံစံပေါ်မူတည်၍ အဆိုလွှာတွင် အရေးကြီးဖော်ထုတ်ရမည့် အချက်များနှင့် ချေလွှာတွင်ငြင်းဆိုရမည့် အချက်များ ကွဲပြားမည် ဖြစ်ပါသည်။ အဆိုလွှာတွင် အရေးကြီး အကြောင်းအရာ ကျန်ရှိနေပါကလဲ အဆိုလွှာ ပြင်ဆင်ခွင့် တောင်းခံရမည်ဖြစ်ပါသည်။

တရားရုံးမှာ အဆိုလွှာအား တိကျစွာ ရေးသားဖော်ပြထားခြင်းမရှိသော၊ အသရေပျက်စေသော၊ အနှောက် အယှက်ဖြစ်စေသော၊ တရားစီရင်ရေးအား ကြံ့ကြာစေသော မည်သည့်အကြောင်းအရာကိုမဆို အဆိုလွှာ ပြင်ဆင် စေခြင်း၊ ထုတ်ပယ်ရန်၊ ပြင်တင်ရန် အမိန့်ချမှတ်ခြင်းပြုနိုင်ပါသည်။ အဆိုလွှာအား လိုက်နာပြင်ဆင်မှုမရှိပါက တရားမကျင့်ထုံးအမိန့်- ၇ ၊ နည်း- ၁၁ အရ အဆိုလွှာအား တရားရုံးမှ ပယ်ခြင်းပြုနိုင်ပါသည်။ အဆိုလွှာ၊ အချေလွှာ တင်သွင်းပြီးဖြစ်ပါက ထိုအချက်အလက်များနှင့် မညီညွတ်သော ကိစ္စရပ်များ၊ စွပ်စွဲချက်များအား အမူသည်များမှ ပြုလုပ်ခွင့်မရှိကြောင်း (အေ၊အိုင်၊အာ ၁၉၄၃၊ လာဟို ၁၅၉) ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service