မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
390 Views

မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

မြေလွတ်၊ မြေလပ်မြေဆိုသည်မှာ ယခင်က သီးနှံစိုက်ပျိုးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သော မြေဖြစ်ပါသည်။ မြေရိုင်းဆိုသည်မှာလဲ သစ်ပင်၊ ဝါးပင်၊ ခြုံနွယ်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မြေမျက်နှာသွင်ပြင် ညီညာသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ စိုက်ပျိုးလုပ်ကိုင်ဖူးခြင်း မရှိသော တောရိုင်းမြေကိုဆိုလိုပြီး တရားဝင်ပယ်ဖျက်ပြီးဖြစ်သည့် ကြိုးဝိုင်းသစ် တောမြေ၊ စားကျက်မြေ၊ အင်အိုင်မြေများမှာလဲ မြေရိုင်းမြေအမျိုးအစားထဲတွင် ပါဝင်ပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း မြေအမျိုးအစားများကို အသုံးပြုခွင့်၊ လုပ်ပိုင်ခွင့်ရရှိလိုသူသည် အာမခံကြေးအား လုပ်ငန်းအမျိုးအစားအလိုက် ကြိုတင်ငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပါသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အသုံးပြုခွင့် ခွင့်ပြုချက်ရရှိသူသည် နိုင်ငံတော်မှ သတ်မှတ်သည့် မြေခွန်အား ထမ်းဆောင်ရမည်။ ဗဟိုကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်ပါအတိုင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းအား စိုက်ပျိုးရေးလုပ်ငန်း ( နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံ၊ ရာသီ သီးနှံ )၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိပါသည်။

မြေလွတ်မြေရိုင်းအား နိုင်ငံသားရင်းနှီးမြုပ်နှံလိုသူ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ၁၉၈၇ ခုနှစ်၊မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ကင်းလွတ်ခွင့်ပြုထားသူများ၊ အစိုးရနှင့် အကျိုးတူလုပ်ဆောင်လိုသော ရင်းနှီးမြုပ်နှံလိုသူများ၊ နိုင်ငံသားနှင့်အတူ ရင်းနှီး မြုပ်နှံမှုဥပဒေအရ အကျိုးတူ ဆောင်ရွက်မည့် နိုင်ငံခြားသား၊ မြေယာမဲ့နိုင်ငံသား၊ တောင်သူလယ်သမားနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လိုသူများမှ ခွင့်ပြုချက်လျှောက်ထားဆောင်ရွက်နိုင်ပါသည်။

နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုများတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ သဘောတူညီချက်ဖြင့် လျှောက်ထားခြင်း ပြုရမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်းအတွက်ဖြစ်ပါက ဧက- ၃၀၀ နှင့် ဧက- ၃၀၀၀ ထက်မပိုဘဲ ခွင့်ပြုနိုင်ပါသည်။ လုပ်ငန်းများ အကောင်အထည်ဖော်သည်မှာ ၇၅% ဆောင်ရွက်ပြီးပါက ထပ်တိုးခွင့်ပြုခြင်းလဲ ဆောင်ရွက် နိုင်ပါသည်။ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သောလုပ်ငန်းဖြစ်ပါက ဧက - ၃၀၀၀ အထက်ဖြင့် စတင် လျှောက်ထားနိုင်သည်။ ငါးပုစွန် မွေးမြူရေးလုပ်ငန်းတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအား ဧက-၁၀၀၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ပြီး ကျွဲနွားမွေးမြူရေးတွင် ဧက - ၂၀၀၀ ၊ သိုး၊ ဆိတ်မွေးမြူရေးတွင် ဧက - ၅၀၀၊ ကြက်၊ ဝက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းတွင် ဧက - ၃၀၀ ၊ နှစ်ရှည်ပင်၊ ဥယျာဉ်မြေ လုပ်ငန်းတွင် ဧက - ၃၀၀၊ တောင်သူ လယ်သမားများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် ဧက- ၅၀ ထိ လျှောက်ထားခြင်းပြုနိုင်ပါသည်။

ခွင့်ပြုချက် ချထားပေးသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းအား နှစ်ပေါင်း - ၃၀ ထိ ဆောင်ရွက်ခွင့်ရှိပြီး သက်တမ်းတိုးလဲ လျှောက်ထားခွင့်ရှိပါသည်။ ခွင့်ပြုချက်ရရှိသူသည် ခွင့်ပြုသည့်နေ့မှ (၄)နှစ်အတွင်း လုပ်ငန်းများ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရပါမည်။ ခွင့်ပြုမြေအား ပေါင်နှံ၊ ပေးကမ်း၊ ရောင်းချ၊ အငှားချ လွှဲပြောင်းခြင်း၊ မြေကွက်ခွဲစိတ်ခြင်း ဆောင်ရွက်ခွင့်မရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service