ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ်နေ၊ ထရမ့်ဂျူနီယာ၏ ဇနီးဟောင်း ဗနက်ဆာမှာ တိုက်ဂါးဝုဒ်၏ ဒေါ်လာ သန်း ၆၀ တန် စံအိမ်သို့ ချောင်းပေါက်မတတ်လာရောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1249 Views

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ်နေ၊ ထရမ့်ဂျူနီယာ၏ ဇနီးဟောင်း ဗနက်ဆာမှာ တိုက်ဂါးဝုဒ်၏ ဒေါ်လာ သန်း ၆၀ တန် စံအိမ်သို့ ချောင်းပေါက်မတတ်လာရောက်လျက်ရှိ

တိုက်ဂါးဝုဒ်သည် ဒေါ်နယ်ထရမ့်ဂျူနီယာ (အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းဖြစ်သူ ဗနက်ဆာ ထရမ့်နှင့် ချစ်ကြိုက်နေသည်မှာ ကာလကြာရှည်ရှိနေပြီဟူသော သတင်းများ ထွက်ပေါ်လာနေသည်။

သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ တိုက်ဂါးဝုဒ်နှင့် ဗနက်ဆာ ထရမ့်တို့စုံတွဲသည် အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်၊ Jupiter ကျွန်းမှ တိုက်ဂါးဝုဒ်ပိုင်ဆိုင်သော စံအိမ်ကြီးတွင် ရက်သတ္တပတ်လျှင် ရက်အတော်များများ လာရောက်အတူနေထိုင်လေ့ရှိသည်ဟု ဆိုသည်။

အဆိုပါအိမ်သည် ဗနက်ဆာ၏အိမ်မှ ကားမောင်းသွားလျှင် မိနစ်အနည်းငယ်မျှသာ သွားရသည်။

သတင်းဌာနများစွာ၏ ဖော်ပြချက်အရ တိုက်ဂါးဝုဒ် (အသက် ၄၉ နှစ်) နှင့် ဗနက်ဆာ (၄၇ နှစ်) တို့သည် ၎င်းတို့၏ ဖူးသစ်စ အချစ်ခရီးကာလအများစုကို ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာကျွန်းတွင် ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသည်။

ဗနက်ဆာ၏ ခင်ပွန်းဟောင်း ထရမ့်ဂျူနီယာသည်လည်း အဆိုပါဒေသတွင် ဒေါ်လာ ၁၀ သန်းတန် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ထရမ့်ဂျူနီယာက ထိုစံအိမ်တွင် သူ၏ချစ်သူဟောင်း Kimberly Guilfoyle နှင့်အတူ တချိန်က နေထိုင်ခဲ့ဖူးသည်။

ဗနက်ဆာ၏ အိမ်နှင့် ခင်ပွန်းဟောင်း ထရမ့်ဂျူနီယာတို့၏အိမ် နီးကပ်နေခြင်းမှာ ကသိကအောက်နိုင်လှသည်ဟု ဆိုနိုင်သော်လည်း ခင်ဗန်းဟောင်း ထရမ့်ဂျူနီယာကမူ ဇနီးဟောင်း၏ လက်ရှိအချစ်ရေးနှင့် ပတ်သက်ပြီး စိတ်အေးလက်အေးသာ ရှိနေကြောင်း People မဂ္ဂဇင်းက ဖော်ပြသည်။

ထရမ့်ဂျူနီယာနှင့် ကွာရှင်းပြတ်စဲပြီး ၁၃ နှစ်အကြာတွင် ဗနက်ဆာမှာ အချစ်သစ်ကို ရှာဖွေတွေ့ရှိလာခြင်း ဖြစ်သည်။ ထရမ့်ဂျူနီယာနှင့် ဗနက်ဆာတို့၏ အိမ်ထောင်ရေးမှာ ၁၂ နှစ်ကြာမြင့်ခဲ့သည်။

Dailymail သတင်းဌာန၏ ဖော်ပြချက်အရ တိုက်ဂါးဝုဒ်နှင့် ဗနက်ဆာတို့သည် Thanksgiving နေ့ မတိုင်မီတွင် တွဲခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အမည်မဖော်လိုသည့် အတွင်းလူတစ်ဦး၏ ပြောကြားချက်အရ တိုက်ဂါးဝုဒ်တို့နှစ်ဦးက ၎င်းတို့၏ အချစ်ရေးကို သိုသိုသိပ်သိပ်ရှိစေလိုသည်ဟု ဆိုသည်။

Jupiter ကျွန်းတွင် တိုက်ဂါးဝုဒ်ပိုင်ဆိုင်ထားသော စံအိမ်မှာ ကန်ဒေါ်လာ သန်း ၆၀ ခန့် တန်ကြေးရှိသည်။

“တိုက်ဂါးနဲ့ ဗနက်ဆာတို့က Thanksgiving နေ့မတိုင်မီ တစ်ယောက်ကိုတစ်ယောက် မျက်စိကျခဲ့ကြတာ ဖြစ်ပါတယ်။ ဗနက်ဆာက ဂျူပီတာကျွန်းက တိုက်ဂါးရဲ့အိမ်ကို လာပါတယ်။ သူတို့ အတူတော့ မနေထိုင်ကြပါဘူး။ ဗနက်ဆာက တိုက်ဂါးရဲ့အိမ်ကို တစ်ပတ်ကို ရက်အနည်းငယ် လာလေ့ရှိတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

 

 

(တိုက်ဂါးဝုဒ်နှင့် ဗနက်ဆာတို့ ချစ်ကြိုးသွယ်နေသည်မှာ လပေါင်းများစွာရှိခဲ့ပြီဟူသော ကောလာဟလများရှိသည်။)

 

 

(ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် ဗနက်ဆာတို့ကို ယခင်က အတူတကွတွေ့ခဲ့ရပုံ။)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Photo Credit- Mike Ehrmann/ Getty Images, Bobby Bank/ WireImage

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service