အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
551 Views

အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

Knowledge | Posted by Hnin Ei Khin

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

⚖️မေးခွန်း(၁) - မြေအမျိုးအစားများစွာရှိသည့်အနက် G3 စသည့်အဓိပ္ပာယ်ကို ရှင်းပြပေးပါရှင်။

ဥယျာဉ်ခြံမြေကို G အမျိုးအစားအဖြစ် မှတ်သားထားပါသည်။ G-3 မြေအဖြစ် ပြေစာထွက်ရှိထားသည် လဲရှိပါသည်။ ဥယျာဉ်မြေမှာလဲ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေအမျိုးအစားထဲ ပါဝင်ကာ ပုံစံ-၇ လျှောက်ထားခြင်းပြုနိုင်ပါသည်။

G-3 မြေမှာ တတိယတန်းစား ဥယျာဉ်ခြံမြေ အမျိုးအစားပင်ဖြစ်ပြီး ၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ - ၃ အရ စိုက်ပျိုးမြေ လယ်ယာမြေအမျိုးအစား၌ လယ်ယာမြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေကိုသော်လည်းကောင်း၊မြေနုကျွန်းမြေကိုလည်းကောင်း သတ်မှတ်သည့်မြေကိုဆိုလိုကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးမြေ အမျိုးအစားဖြစ်သော်လည်း လူနေရပ်ကွက်အတွင်း ရောက်ရှိနေသော G အမျိုးအစား ဥယျာဉ်မြေနှင့် လူနေရပ်ကွက်၊ ကျေးရွာအနီး ဥယျာဉ်ခြံမြေများလဲ ရှိပါသည်။ လူနေထိုင်ခွင့်ရပ်ကွက်အတွင်းပင် ရှိကာ မြို့နယ်၊ ကြေးတိုင်နှင့် မြေစာရင်းဌာန၌ အိမ်အမှတ်၊ ရပ်ကွက်နံပါတ်၊ လမ်းအမည်ထွက်ရှိထားပါက အဆိုပါဥယျာဉ်ခြံ မြေကို အရပ်ကတိစာချုပ်ဖြင့်လဲ အရောင်းအဝယ်ပြုနိုင်ပါသည်။ စိုက်ပျိုးမြေဖြစ်နေသာ ဥယျာဉ်ခြံမြေအား လူနေထိုင်ခွင့်ရလိုလျှင် အခြားနည်းအသုံးပြုရန် ခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး မြေစာရင်းရုံးတွင် ပုံစံ-၁၀၅/၁၀၆ ထုတ်ယူကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့တွင် လ/ယ-၃၀(ခ) လျှောက်ထားရန်လိုကြောင်း ဖြေဆိုပေးလိုက်ပါသည်။

 

⚖️မေးခွန်း(၂) - လင်မယား လက်ထက်ပွားအိမ်ကို မယားကအပေါင်ထား ရောင်းချလို့ရပါသလား၊ ဥပဒေအရ ဘယ်လုပ်လို့ရပါသလဲ။

လင်မယားနှစ်ဦးနှင့် သက်ဆိုင်သော ပစ္စည်းအမျိုးအစား (၇)မျိုး ရှိပါသည်။ ၎င်းတို့မှာ ပါရင်းပစ္စည်း၊ အထက်ပါပစ္စည်း၊ ခန်းဝင်ပစ္စည်း၊ မင်းပေးပစ္စည်း၊ လက်ထက်ပွားပစ္စည်း၊ နှစ်ပါးစုံပစ္စည်း၊ သင်းသီးပစ္စည်းတို့ ဖြစ်ပါသည်။ လင်မယားနှစ်ဦးပိုင်သည့် လက်ထက်ပွားပစ္စည်း၌ သာမန်လက်ထပ်ပွားပစ္စည်းနှင့် အမွေရလက်ပွား ပစ္စည်းဟူ၍ (၂) မျိုးရှိပါသည်။ သာမန်လက်ထပ်ပွားပစ္စည်းမှာ လင်မယား(၂)ဦး ကြိုးပမ်းမှုဖြင့် ဖြစ်ထွန်းပိုင်ဆိုင်လာသော နှစ်ပါးစုံပစ္စည်းဖြစ်ပြီး အမွေရလက်ထပ်ပွားပစ္စည်းမှာမှု တစ်ဦးဦးမှာ အမွေဆက်ခံရရှိသောပစ္စည်းကို ဆိုလိုပါသည်။ အတူပိုင်ပစ္စည်းအား ရောင်းဝယ်ငှားပေါင်နှံလျှင် နှစ်ဦးလုံးလက်မှတ်ထိုးရန်လိုအပ်ပြီး လင်(သို့) မယားကသာ လက်မှတ်ရေးထိုး ပေါင်နှံရောင်းချလျှင် ၎င်း၏ ပိုင်ဆိုင်ခွင့်ရှိသည့်တဝက်သာ အတည်ဖြစ်မည်ဖြစ် ပါသည်။ မြန်မာဗုဒ္ဓဘာသာ လင်မယားနှစ်ဦးမှာ လက်ထပ်ပွားပစ္စည်းအပေါ်၌ အတူပိုင်ဆိုင်သူများဖြစ်ပြီး ၎င်းတို့ မှာ သီးခြားစီ ပိုင်ဆိုင်သည်ဟူ၍ ခွဲခြားထားမရပါ။ အိမ်ခြံမြေများ ဝယ်ယူရာတွင်လဲ မည်သို့ပင်တစ်ဦးတည်း နာမည်ဖြင့် ဝယ်ယူစေကာမှု နှစ်ဦးပူးတွဲ ပိုင်ဆိုင်မှုရှိနေပါသည်။ လင်ခန်းမယားခန်း အတူပေါင်းသင်း နေစဉ် ကာလအတွင်း လင် (သို့) မယားက ပစ္စည်းခွဲဝေပေးစေလိုမှု တရားစွဲဆိုခြင်းလဲမပြုနိုင်ပါ။ လင်ကမယားစီမံ ဆောင်ရွက်နေသော ကိစ္စရပ်များအား တားဆီးခြင်းလဲပြုနိုင်သည်။ လင်(သို့)မယားက ကြွေးမြီတင်ရှိပါကလဲ နှစ်ဦးလုံးမှာ ပေးဆပ်ရန်တာဝန်ရှိသည်ဟု မှတ်ယူရမည်။

လင်မယားနှစ်ဦးမှာ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လင် (သို့) မယားက တစ်ဦးဦးမသိပါဘဲ ရောင်းချ ခြင်းတွင် အတူပိုင်သူများဖြစ်၍ မိမိဝေစုအတွက် ရောင်းချမှုအတည်ဖြစ်ကြောင်း (ဒေါ်တာတင်ဦးနှင့် ဒေါ်အေး အေးသန်း-စီရင်ထုံးတွင် ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်)။

 

⚖️မေးခွန်း(၃) - လယ်ယာမြေမှာလယ်ချည်းသက်သက်မစိုက်ဘဲ လယ်ပတ်ပတ်လည်မှာ သီးနှံပြောင်းလဲစိုက်ပျိုးလို့ ရပါသလား။

လယ်ယာမြေအား လယ်ယာမြေ အသုံးပြုခွင့်ရရှိထားသော တောင်သူလယ်သမား အိမ်ထောင်စု (သို့) အိမ်ထောင်စုဝင်ကိုသာ စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်ပြီး (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားဖြစ်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-(၇)ထုတ် ပေးနိုင်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနမှ စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကိုလဲ ပေးဆောင်ရန် တာဝန်ရှိပါသည်။ ပုဒ်မ-၁၂ (ဇ)အရ လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစား မှ အခြားသီးနှံအမျိုအစားသို့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခွင့်မရှိပါ။ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေဥပဒေ အခန်း(၄)အတိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမှ စည်း ကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ကြီးကြပ်ဆောင်ရွက်ပါသည်။

သီးနှံပြောင်းလဲစိုက်ပျိုးလိုပါက စိုက်ဧက ကိန်းဂဏာန်း မှန်ကန်စွာဖြင့် တိုင်းဒေသကြီး ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်တင်ပြပေးရမည်ဖြစ်ပါသည်။ မူလရာသီ စိုက်ပျိုးသီးနှံအား နှစ်ရှည်ပင် ပြောင်းလဲစိုက်ပျိုးလိုပါက မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပြီး အမှုတွဲဖွင့်လှစ်ရမည်ဖြစ်ပါသည်။ လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုပါက(ပုံစံ-၁၃) ထုတ်ပေးပါသည်။

ဆန်စပါးဖူလုံမှုရှိစေရန်အတွက် လယ်ယာမြေတွင် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် စပါးအား မဖြစ်မနေ စိုက်ပျိုးရန် လိုအပ်ပါသည်။ လယ်ပတ်ပတ် လည်တွင် သီးနှံစိုက်ပျိုးမှုမှာ ဆန်စပါးထွက်နှုန်းအား ထိခိုက်မှုရှိပါက စိုက်ပျိုးခြင်းမပြုနိုင်ပါ။ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းအား နည်းဥပဒေ-၇၂၊၇၃အရ တင်ပြခြင်းမရှိဘဲ စိုက်ပျိုးပါ ကလဲ အရေးယူဆောင်ရွက်ခြင်းခံရမည် ဖြစ်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service