ပန်းပေါင်းများစွာ ပျော်စံရာ (သို့မဟုတ် ) လည်ပတ်ခဲ့သမျှထဲ အလှပဆုံးမြို့ငယ် လီကျန်း - Property News in Myanmar from iMyanmarHouse.com
779 Views
ပန်းပေါင်းများစွာ ပျော်စံရာ (သို့မဟုတ် ) လည်ပတ်ခဲ့သမျှထဲ အလှပဆုံးမြို့ငယ် လီကျန်း
[Unicode]
သမိုင်းနေ့ရက်များကိုပြန်လှန်ပါက တရုတ်နှင့်တိဗက်တို့ကြား ကုန်းတွင်းပိုင်းတိုက်ပွဲများမကြာခဏဖြစ်ပွားရာ တစ်ချိန်က Dali ဘုရင့်နိုင်ငံဖြစ်ခဲ့တဲ့ ယူနန်ပြည်မြောက်ပိုင်းမြို့ဟောင်း လီကျန်းမြို့ဟာ ယနေ့မှာတော့ ခရီးသွားလာသူများအကြား ခေတ်စားလို့နေပါတယ်။
တရုတ်ရိုးရာ အငွေ့အသက်များနှင့်အတူ ရှုမြင်လှပတဲ့ ပန်းမျိုးပေါင်းစုံရဲ့အလှကိုပါ ထည့်ပေါင်းပေးထားတာမို့ တရုတ်နန်းတွင်းကားထဲ ရောက်သွားတဲ့ ခံစားချက်မျိုးကိုလိုချင်ရင် မဝေးလှတဲ့ လီကျန်းမြို့လေးဆီ အလည်အပတ်သွားရောက်ကြည့်ဖို့ လမ်းညွှန်ပေးပါရစေ။
ဟိုကွေ့ဒီကောက် အဆောက်အအုံများစွာထဲမှာ Qing မင်းဆက်ဘုရားကျောင်းဆောင်များကို ဝိုးတဝါးတွေ့မြင်နိုင်ပြီး သွယ်လျတဲ့တံတား တည်ငြိမ်တဲ့ရေကန်အပေါ်မှာ ဖြာကျနေတဲ့ မိုးမခပင်နဲ့ ပန်းပင်တွေကြောင့် အရှေ့တိုင်းရဲ့ဗင်းနစ်မြို့လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ရှေးရိုးရာအိမ်အိုကြီးတွေရဲ့ လက်ရာအလှတွေကိုခံစားရင်း ဈေးဝယ်ကြမယ့် နိုင်ငံခြားသားဦးစားပေးဈေးဝယ်ရန်နေရာများလည်း ရှိနေသေးပါတယ်။
ရှေးခေတ်က အသုံးပြုခဲ့ကြတဲ့ရေဘီးများ လမ်းသွယ်တိုင်းမှာရှိနေပေမယ့် ရာစုနှစ်ဟောင်းကိုအဆုံးသတ် ရာစုအသစ်စတင်တဲ့အထိမ်းအမှတ် ရေဘီးကြီးကို မြို့ထဲတွင်တွေ့မြင်နိုင်ပါသေးတယ်။
တစ်နှစ်ပတ်လုံး ပန်းပွင့်တဲ့မြို့ငယ်လေးဖြစ်ပြီး တရုတ်ဂန္ဓမာလို့ခေါ်ဝေါ်ကြတဲ့ နုယဉ်လှတဲ့ ပန်းတစ်မျိုးရဲ့ အလှကိုလည်း လည်ပတ်ရင်းခံစားနိုင်ပါသေးတယ်။
ဆောင်းဦးတွင် ဘွန်ဆိုင်းဇီးသီးပင်၊ နွေရာသီတွင် တောင်ဇလပ်ပန်းရောင်စုံ၊ နွေဦးရာသီတွင်တော့ သစ်ခွပန်းမျိုးစုံပွင့်လန်းတတ်တဲ့ လီကျန်းမြို့ငယ်ဟာ သမိုင်းနောက်ခံ ပန်းမြို့ငယ်စစ်စစ် ဖြစ်တယ်ဆိုတာကိုတော့ သွားရောက်လည်ပတ်ဖြစ်ရင်တွေ့ရမှာ အမှန်ပင်ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Upcoming Property Events
Central Shop House
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service