ဒလဘက်ကမ်း အိမ်ခြံမြေ လုပ်ငန်းတိုးတက်ရန် ရေရရှိမှုအရေးကြီးလိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
724 Views
ဒလဘက်ကမ်း အိမ်ခြံမြေ လုပ်ငန်းတိုးတက်ရန် ရေရရှိမှုအရေးကြီးလိုအပ်နေ
[Unicode]
ဒလဘက်ကမ်း အိမ်ခြံမြေ  လုပ်ငန်း တိုးတက်ရန်အတွက် ရေရရှိမှုမှာ အဓိကအရေးကြီးလိုအပ်ချက်ဖြစ်ပြီး တံတားများနှင့် ‌ရေပေးဝေရေး စီမံကိန်းများ ပြီးစီးသွားပါက အောင်မြင်လာနိုင်ကြောင်း အိမ်ရာဆောက်လုပ်‌‌ရေး လုပ်ငန်းရှင်များထံမှ သိရသည်။‌
ရန်ကုန်-ဒလတံတားသစ်နှင့် ဒလ-ဆိပ်ကြီးခနောင်တို တံတားသစ်များတို့တွင် ဒလဘက်ကမ်းသို့ ရေပေးဝေမည့် ပိုက်လိုင်းများ ထည့်သွင်းတည်ဆောက်ထားသည့်အပြင် ဒလဘက်ကမ်း၌ အိမ်သုံးရေ ပေးဝေရေး ရေလှောင်ကန်ကြီးကိုလည်း သက်ဆိုင်ရာမှတည်ဆောက်နေကြောင်း သိရသည်။
“တံတားသစ်ကြီးမှာ ရေပိုက်တွေပါတယ်၊ အဲဒီပိုက်တွေဟာ ဒလဘက်ကမ်းကို ရေပေးဖို့ပါ။ ရေဂါလန် သန်းချီဆန့်တဲ့ ဒလဘက်ကမ်း ရေပေးဝေရေး ရေလှောင်ကန်ကြီးကလည်း ၂၀၂၅ နှစ်လည်လောက်ဆိုရင် စတင်လည်ပတ်မယ်လို့ သိရတယ်။ ဒီရေပေးဝေရေးလုပ်ငန်းတွေ တည်‌ဆောက်ပြီးသွားရင် ဒလဘက်ကမ်း အိမ်ခြံမြေက ဆက်တိုက်ဖွံ့ဖြိုးလာမှာပါ။” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမိုးကျော်သူက‌ iMyanmarHouse သို့ပြောသည်။
ရန်ကုန်ဒလ တံတားသစ်နှင့် ဒလ-ဆိပ်ကြီးခနောင်တို တံတားသစ်များမှာ ၂၀၂၅ မတ်လ ဝန်းကျင်တွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်းထားကြပြီး ဒလဘက်ခြမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်း၏ အစိတ်အပိုင်းအချို့ စတင်တည်ဆောက်နေကြောင်း သိရသည်။
လက်ရှိတွင် ဒလမြို့နယ်အတွင်းရှိ အိမ်ခြံမြေများသည် ဝယ်ယူရန်စုံစမ်းမှုများလည်းရှိနေပြီး၊ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းများ စတင်လုပ်ကိုင်နေကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service