ပိုင်ဆိုင်မှုခိုင်မာပါက မြေကွက်လွတ်များဈေးကောင်းရနေ - Property News in Myanmar from iMyanmarHouse.com
689 Views
ပိုင်ဆိုင်မှုခိုင်မာပါက မြေကွက်လွတ်များဈေးကောင်းရနေ
[Unicode]
မြေကွက်အရောင်းအဝယ် ဈေးကွက်အတွင်း၌ ပိုင်ဆိုင်မှုတိကျသေချာသော မြေကွက်အလွတ်များကို ဝယ်ယူမှုများ မြင့်တက်လာနေကြောင်း ရန်ကုန်မြို့ရှိ အကျိုးဆောင်လုပ်ငန်းများမှသိရသည်။
အိမ်ခြံမြေဈေးကွက်အတွင်း ပါမစ်မြေ၊ ဂရန်မြေများအပြင် Developer ကုမ္ပဏီများက တည်ဆောက်နေသော ဥယာဉ်မြို့တော်စီမံကိန်းများရှိ မြေကွက်အလွတ်များသည်လည်း အရောင်းအဝယ် ကောင်းနေကြောင်းသိရသည်။
“ အိမ်ဆောက်ပြီးနေတဲ့သူတွေထက် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံချင်သူတွေက မြေကွက်အလွတ်တွေလိုက်ဝယ်နေကြတယ်။ ပိုင်ဆိုင်မှု အထောက်အထားခိုင်လုံရင် အရောင်းအဝယ်ဖြစ်တာများတယ် ဥပဒေပိုင်းမှာအရှုပ်အရှင်းကင်းဖို့ဘဲလိုပါတယ်။ လက်တလော အရောင်းအဝယ်များတာကတော့ ဒဂုံမြို့သစ်လေးမြို့နယ် ၊ လှိုင်သာယာရွှေပြည်သာ နဲ့ ဒလမြို့နယ် တွေပါ။”ဟု ရန်ကုန်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက iMyanmarHouse သို့ ပြောသည်။
မြေကွက်အလွတ်ဝယ်ယူသူအများစုမှာ ယခင်ကဈေးသက်သာသော မြေကွက်အလွတ်များကိုသာဝယ်ယူခဲ့သော်လည်း လက်ရှိတွင်ဈေးကွက်ပေါက်ဈေးအတိုင်း မြေကွက်လွတ်များကိုပြောင်းလဲ ဝယ်ယူလာခြင်းဖြစ်သည်။
“ ရွှေဈေးကွက်ရော ကားဈေးရောမငြိမ်တော့ ငွေစုချင်သူတွေအတွက် မြေဝယ်ထားတာက သေချာတယ်လေ။ အိမ်မဆောက်နိုင်သေးရင်တောင်အရှုံးနည်းတော့ မြေကွက်အလွတ်ဈေးတန်းကလည်း တဖြည်းဖြည်း တက်လာတယ်” ဟု တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်မှ အကျိုးဆောင်တစ်ဦးကပြောသည်။
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် မြေကွက်အလွတ်ဈေးတက်နေပြီး ဘဏ်များနှင့်ချိတ်ဆက်ဝယ်ယူနိုင်ပါက ဈေးကွက်ပိုမို ကျယ်ပြန့်လာနိုင်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေဈေးကွက်အတွင်း ပါမစ်မြေ၊ဂရမ်မြေများအပြင် Developer ကုမ္ပဏီများက တည်ဆောက်နေသော ဥယာဉ်မြို့တော်စီမံကိန်းများရှိ မြေကွက်အလွတ်များသည်လည်း အရောင်းအဝယ် ကောင်းနေကြောင်းသိရသည်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service