စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းများပြေးဆွဲနိုင်ဖို့ ရန်ကုန်ဘူတာကြီးရှိ မြို့ပတ်ရထားလမ်း စင်္ကြံပလက်ဖောင်းများကို အဆင့်မြှင့်တင်မည် - Property News in Myanmar from iMyanmarHouse.com
1164 Views

စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းများပြေးဆွဲနိုင်ဖို့ ရန်ကုန်ဘူတာကြီးရှိ မြို့ပတ်ရထားလမ်း စင်္ကြံပလက်ဖောင်းများကို အဆင့်မြှင့်တင်မည်

[Unicode]

 

စပိန်နိုင်ငံမှ ဝယ်ယူထားတဲ့ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းသစ်တွေနဲ့ ပြေးဆွဲဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ခရီးသည်တွေ ရထားပေါ်သို့ အတက်အဆင်းပြုလုပ်ရာမှာ ပိုမိုလွယ်ကူအဆင်ပြေစေဖို့အတွက် ရန်ကုန် ဘူတာကြီးမှာရှိတဲ့ မြို့ပတ်ရထားလမ်း စင်္ကြံတွေရဲ့ ပလက်ဖောင်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ သိရပါတယ်။

စပိန်နိုင်ငံမှ ဝယ်ယူထားတဲ့ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းသစ်တွေအနက် ပထမအသုတ်အဖြစ် အတွဲ ၆ တွဲပါ ရထားတွဲဆိုင်းဟာ အခု ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိထားပြီးဖြစ်သလို အဆိုပါတွဲဆိုင်းတွေအပြင် RBE မြို့ပတ်ရထားတွဲဆိုင်းတွေကို ခရီးသည်တွေအတက်အဆင်းပြုလုပ်ရာမှာ ပိုမိုအဆင်ပြေစေရေးအတွက် ရထားအတက်အဆင်းလှေကားနဲ့ ဘူတာရုံပလက်ဖောင်းတွေ ညီမျှမှုရှိစေဖို့ အဆင့်မြှင့်တင်ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဘူတာကြီးက မြို့ပတ်ရထားဆိုက်ရောက်ရပ်နားတဲ့ စင်္ကြံ (၆) နဲ့ (၇) မှာ ပလက်ဖောင်းတွေ အဆင့်မြှင့်တင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ RBE တွဲဆိုင်းတွေနဲ့ အခု စပိန်နိုင်ငံကရောက်ရှိထားတဲ့ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းတွေက နည်းနည်းမြင့်တော့ ရထားအဆင်းအတက် လှေကားနဲ့ ဘူတာရုံစင်္ကြံအမြင့် ညီမျှမှုရှိအောင် ပလက်ဖောင်းတွေကို ထပ်မြှင့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်” လို့ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ပြည်တွင်းကိုရောက်ရှိလာတဲ့ ရထားတွဲဆိုင်းတွေကို ခုတ်မောင်းရာမှာ ငြိမ် သက်မှုရှိစေဖို့၊ မြန်မာနိုင်ငံကသံလမ်းအကျယ်နဲ့ ကိုက်ညီမှုရှိစေဖို့၊ ရထားတွဲတွေ ကြံ့ခိုင်မှုရှိစေဖို့နဲ့ သံလမ်းပေါ်မှာ ရထားဘီးတွေ အံဝင်ခွင်ကျမှုရှိစေဖို့ စတဲ့ အချက်တွေကို စစ်ဆေးပြီး လိုအပ်တာတွေကို ပြုပြင်မွမ်းမံပြီးမှ အသုံးပြုနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိမှာလည်း စပိန်နိုင်ငံထုတ် DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းသစ်တွေကို ခရီးရှည်ထက် ခရီးတိုပြေးဆွဲဖို့ ပိုမိုသင့်တော်တာကြောင့် မြို့ပတ်ရထားခရီးစဉ်အတွက် ဦးစားပေးအသုံးပြုရခြင်းဖြစ်ကြောင်း သိရပါတယ်။ အခုအခါ ၎င်းရထားတွဲဆိုင်းတွေကို အင်းစိန်မြို့နယ်ရှိ မီးရထားစက်ခေါင်းစက်ရုံကို ပို့ဆောင်ပြီး ပြုပြင်မွမ်းမံမှုတွေ ဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

စပိန္ႏိုင္ငံထုတ္ DEMU ရထားတြဲဆိုင္းမ်ားေျပးဆြဲႏိုင္ဖို႔ ရန္ကုန္ဘူတာႀကီး႐ွိ ၿမိဳ႕ပတ္ရထားလမ္း စႀကႍပလက္ေဖာင္းမ်ားကို အဆင့္ျမႇင့္တင္မည္

 

စပိန္ႏိုင္ငံမွ ဝယ္ယူထားတဲ့ DEMU ဒီဇယ္လွ်ပ္စစ္ရထားတြဲဆိုင္းသစ္ေတြနဲ႔ ေျပးဆြဲဝန္ေဆာင္မႈေပးႏိုင္ဖို႔နဲ႔ ခရီးသည္ေတြ ရထားေပၚသို႔ အတက္အဆင္းျပဳလုပ္ရာမွာ ပိုမိုလြယ္ကူအဆင္ေျပေစဖို႔အတြက္ ရန္ကုန္ ဘူတာႀကီးမွာ႐ွိတဲ့ ၿမိဳ႕ပတ္ရထားလမ္း စႀကႍေတြရဲ႕ ပလက္ေဖာင္းေတြကို အဆင့္ျမႇင့္တင္ေဆာင္႐ြက္ဖို႔ စီစဥ္ေနေၾကာင္း ရန္ကုန္ဘူတာႀကီးမွ သိရပါတယ္။

စပိန္ႏိုင္ငံမွ ဝယ္ယူထားတဲ့ DEMU ဒီဇယ္လွ်ပ္စစ္ရထားတြဲဆိုင္းသစ္ေတြအနက္ ပထမအသုတ္အျဖစ္ အတြဲ ၆ တြဲပါ ရထားတြဲဆိုင္းဟာ အခု ေဖေဖာ္ဝါရီလဆန္းပိုင္းက ရန္ကုန္ၿမိဳ႕ကို ေရာက္႐ွိထားၿပီးျဖစ္သလို အဆိုပါတြဲဆိုင္းေတြအျပင္ RBE ၿမိဳ႕ပတ္ရထားတြဲဆိုင္းေတြကို ခရီးသည္ေတြအတက္အဆင္းျပဳလုပ္ရာမွာ ပိုမိုအဆင္ေျပေစေရးအတြက္ ရထားအတက္အဆင္းေလွကားနဲ႔ ဘူတာ႐ုံပလက္ေဖာင္းေတြ ညီမွ်မႈ႐ွိေစဖို႔ အဆင့္ျမႇင့္တင္ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

“ဘူတာႀကီးက ၿမိဳ႕ပတ္ရထားဆိုက္ေရာက္ရပ္နားတဲ့ စႀကႍ (၆) နဲ႔ (၇) မွာ ပလက္ေဖာင္းေတြ အဆင့္ျမႇင့္တင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနပါတယ္။ RBE တြဲဆိုင္းေတြနဲ႔ အခု စပိန္ႏိုင္ငံကေရာက္႐ွိထားတဲ့ DEMU ဒီဇယ္လွ်ပ္စစ္ရထားတြဲဆိုင္းေတြက နည္းနည္းျမင့္ေတာ့ ရထားအဆင္းအတက္ ေလွကားနဲ႔ ဘူတာ႐ုံစႀကႍအျမင့္ ညီမွ်မႈ႐ွိေအာင္ ပလက္ေဖာင္းေတြကို ထပ္ျမႇင့္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္” လို႔ ရန္ကုန္ဘူတာႀကီးမွ တာဝန္႐ွိသူတစ္ဦးက ေျပာပါတယ္။

ျမန္မာ့မီးရထားအေနနဲ႔ ျပည္တြင္းကိုေရာက္႐ွိလာတဲ့ ရထားတြဲဆိုင္းေတြကို ခုတ္ေမာင္းရာမွာ ၿငိမ္ သက္မႈ႐ွိေစဖို႔၊ ျမန္မာႏိုင္ငံကသံလမ္းအက်ယ္နဲ႔ ကိုက္ညီမႈ႐ွိေစဖို႔၊ ရထားတြဲေတြ ၾကံ့ခိုင္မႈ႐ွိေစဖို႔နဲ႔ သံလမ္းေပၚမွာ ရထားဘီးေတြ အံဝင္ခြင္က်မႈ႐ွိေစဖို႔ စတဲ့ အခ်က္ေတြကို စစ္ေဆးၿပီး လိုအပ္တာေတြကို ျပဳျပင္မြမ္းမံၿပီးမွ အသုံးျပဳေနျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။

လက္႐ွိမွာလည္း စပိန္ႏိုင္ငံထုတ္ DEMU ဒီဇယ္လွ်ပ္စစ္ရထားတြဲဆိုင္းသစ္ေတြကို ခရီး႐ွည္ထက္ ခရီးတိုေျပးဆြဲဖို႔ ပိုမိုသင့္ေတာ္တာေၾကာင့္ ၿမိဳ႕ပတ္ရထားခရီးစဥ္အတြက္ ဦးစားေပးအသုံးျပဳရျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အခုအခါ ၎ရထားတြဲဆိုင္းေတြကို အင္းစိန္ၿမိဳ႕နယ္႐ွိ မီးရထားစက္ေခါင္းစက္႐ုံကို ပို႔ေဆာင္ၿပီး ျပဳျပင္မြမ္းမံမႈေတြ ေဆာင္႐ြက္လ်က္႐ွိၿပီး မၾကာမီ ေျပးဆြဲသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service